သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ ရေကြီးရေလျှံမှု ဘယ်လိုကာကွယ်ကြမလဲ


ရန်ကုန်မြို့ ရေလျှံနေစဉ်။ သတင်းဓာတ်ပုံ (MOI)
ရန်ကုန်မြို့ ရေလျှံနေစဉ်။ သတင်းဓာတ်ပုံ (MOI)

အခု ရာသီတွင်း မုတ်သုန်မိုးနဲ့အတူ ရန်ကုန်မြို့ပြ ရေကြီးမှုတွေကြောင့် ရန်ကုန်မြို့ခံတွေမှာ သွားရေးလာရေးတင်မကပဲ စားဝတ်နေရေး ထိခိုက်မှုတွေပါ ကြုံတွေ့နေရပါတယ်။ ရန်ကုန်မြို့ပြဖွံဖြိုးရေးနဲ့အတူ နှစ်စဉ်လိုလို အဓိကလမ်းမကြီးတွေ မြို့တွင်း ရပ်ကွက်တွေမှာ ရေလွှမ်းမိုးခံရတဲ့ ဘေးဆိုးကို ဘယ်လိုအဖြေထုတ်ကာကွယ်ပြင်ဆင်နိုင်မလဲဆိုတာကို စနေညပိုင်းတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ မအေးသန္တာကျော်နဲ့အတူ ပင်တိုင်ဆွေးနွေးသူတွေအဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန ဒုတိယ ဌာနမှူး ဒေါက်တာအောင်မြင့်မော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း လည်းဖြစ် ရန်ကုန်အစိုးရစောင့်ကြည့်ရေးနဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စည်ပင်သာယာရေး ရွေးကောက်ပွဲတွေ ဖြစ်ပေါ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေကို အကြံပြုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Yangon Watch အဖွဲ့ရဲ့ အကြံပေးဖြစ်တဲ့ ဦးတင်မောင်ဦး၊နောက် မြို့ပြစီမံကိန်းပညာရှင်ဒေါက်တာကျော်လတ်ရဲ့ ဗွီအိုအေကို ဖြေကြားထားတဲ့ အကြံပြုချက်တွေနဲ့အတူ ဗွီအိုအေသောတရှင်တွေနဲ့ ဆွေးနွေးထားပါတယ်။ အသံဖိုင်မှာ အပြည့်အစုံ နားဆင်ပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG