နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံခရီးစဉ်ကနေ ထိုင်းနိုင်ငံမှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်နေတဲ့ သိန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေကိစ္စ အဓိကထား ဆွေးနွေးခဲ့ပါတယ်။
ဒီခရီးစဉ်ကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်လိုရလဒ်တွေ ထွက်လာနိုင်ဖွယ်ရှိသလဲဆိုတာ ပင်တိုင်ဆွေးနွေးသူတွေဖြစ်ကြတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးထူးချစ်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဦးကျော်သောင်းတို့နဲ့အတူ ပရိသတ်တွေက တိုက်ရိုက် ပါဝင်ဆွေးနွေးထားပါတယ်။