လာမယ့်ငါးနှစ်သက်တမ်းအတွက် အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းကို ရွေးချယ်ခံသမ္မတ ဦးထင်ကျော်က လွှတ်တော်မှာ တင်သွင်း ထားပြီးပါပြီ။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးအဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအကျဉ်းတွေကို လည်း ထုတ်ပြန်ထားပါတယ်။
ဒီ အစိုးရအဖွဲ့သစ်နဲ့ပတ်သက်တဲ့ သောတရှင်တွေရဲ့ အမြင်တွေကို စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။