လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံသား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ စင်္ကာပူနိုင်ငံကိုသွားတဲ့အခါ ဗီဇာယူစရာမလိုဘဲ ရက် ၃၀ ထိ နေထိုင်ခွင့်ရတော့မှာပါ။
ဒီလိုအခြေအနေက မြန်မာနဲ့ စင်္ကာပူ ဘယ်သူ့အတွက် ပိုအကျိုးရှိပါသလဲ၊ မြန်မာနိုင်ငံ သားတွေအနေနဲ့ ဒီအပေါ်ကနေ ဘယ်လို အကျိုးကျေးဇူး အခွင့်အလန်းတွေ ရလာပြီး ဘာတွေကို သတိထားဖို့လိုပါသလဲ စတာတွေကို ပင်တိုင်ဆွေးနွေးသူတွေဖြစ်ကြတဲ့ စင်္ကာပူနိုင်ငံမှာ နှစ်ရှည်လများနေထိုင်လာသူ ဦးတင်မောင်ဝင်းနဲ့ ကိုအောင်ဝင်းထွဋ်တို့ နဲ့အတူ သောတရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။