သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီရောက် မြန်မာနိုင်ငံသား တစ်သိန်းကျော်ကို ဒုက္ခသည်တွေအဖြစ် လက်ခံ

Map of Saudi Arabia
Map of Saudi Arabia

လက်ရှိဆော်ဒီအာရေးဗီးယားနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၂၅၀,၀၀၀ ကျော်ထဲက တဝက်ဖြစ်တဲ့ ၁၂၅,၀၀၀ ကျော်ကို ဆော်ဒီအစိုးရက ဒုက္ခသည်တွေအဖြစ် ၄ နှစ်ကြာ နေထိုင်ခွင့်ပြုမယ့် ခွင့်ပြုချက်ထုတ်ပေးလိုက်ပြီဖြစ်တဲ့အတွက် အဲဒီလူတွေရဲ့ နေထိုင်ခွင့်အခြေအနေကို အတိအကျ သတ်မှတ်ပေးလိုက်ရာ ရောက်ပါတယ်။

အဲဒီ နေထိုင်ခွင့်ပါမစ်တွေကို Makkah မြို့ နိုင်ငံကူးလက်မှတ်ဌာနက ထုတ်ပေးလိုက်တာဖြစ်ပြီး ကျန်ဒုက္ခသည်တွေရဲ့ကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် တရားဝင်နေထိုင်ခွင့်ကိစ္စကို ဆော်ဒီအစိုးရက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင် ဆောင်ရွက်လာတာဖြစ်ပြီး အဲဒီလို လုပ်ဆောင်တာ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ကုလသမဂ္ဂက ဆော်ဒီအစိုးရရဲ့ ဆောင်ရွက်မှုကို ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လူသားချင်းနာထောက်ထားတဲ့အနေနဲ့ လူမျိုး၊ ဘာသာနဲ့ ပြောဆိုတဲ့ ဘာသာစကားမရွေး အခမဲ့နေထိုင်ခွင့်ပါမစ်တွေ ထုတ်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆော်ဒီအစိုးရက ပြောပါတယ်။

နေထိုင်ခွင့်ပါမစ်ရရှိသူတွေအနေနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အခမဲ့ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်တွေပါ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေ နေထိုင်ခွင့်ပါမစ်ထုတ်ပေးရေး ဆော်ဒီအစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုသိရှိခွင့်ရအောင် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကိုယ်စားလှယ်တွေ မကြာသေးခင်က ဆော်ဒီအာရေးဗီးယားနိုင်ငံကို သွားရောက်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG