သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီဝင် ရာထူး ဆော်ဒီအာရေဗျ လက်မခံ


ကုလ လုံခြုံရေးကောင်စီအစည်းအဝေး။
ကုလ လုံခြုံရေးကောင်စီအစည်းအဝေး။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဆီးရီးယားပြည်တွင်းစစ်နဲ့ ကမ္ဘာတဝန်းက တခြားပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အဖွဲ့ဝင်အဖြစ်တာဝန်ပေးတာကို လက်မခံနိုင်ဘူး လို့ ဆော်ဒီအာရေးဘီးယားနိုင်ငံ က ပြောဆိုလိုက်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းတွေကို ထိခိုက်စေတဲ့ မူ ၂ မျိုး ကွဲ နေပြီး ကမ္ဘာကြီး လုံခြုံမှုနဲ့ အေးချမ်း သာယာဝပြောမှုကို တိတိကျကျ ဖေါ်ဆောင်နိုင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်နိုင်သေး သမျှ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်အဖြစ် ပါဝင်မှာ မဟုတ်ဖူး လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာန က သောကြာနေ့ မှာ ပြောဆိုလိုက်ပါတယ်။

၂ နှစ်ခွဲ ကြာပြီဖြစ်တဲ့ ဆီးရီးယားနိုင်ငံကပြည်တွင်းစစ် အတွင်း သွေးထွက် သံယိုမှုတွေ ဖြစ်ပွားစေခဲ့ရာမှာ သမ္မတဘာရှာအယ်လ်အာဆတ်ရဲ့ လုပ်ရပ်တွေ အပေါ် အရေးယူအပြစ်ပေးတဲ့ ဆုံးဖြတ်ချက် တစုံတရာ မချမှတ်နိုင်ခဲ့ တာကို ဆော်ဒီအာရေးဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက
သောကြာနေ့က ထူးထူး ခြားခြား ပြစ်တင်ဝေဖန်ထားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ်လက်မခံဘူးဆိုတဲ့ ဆော်ဒီအိုးရရဲ့ ငြင်းပယ်ချက်ဟာ တခါမှမကြုံဘူးတဲ့ အဖြစ်ပါဘဲလို့ ကုလသမဂ္ဂပြောခွင့်ရသူ Martin Nesirky ကယူဆတယ်လို့ပြောပါတယ်။ ရုရှားနိုင်ငံကတော့ လုံခြုံရေးကောင်စီက မကြာခင်ကမှ ဆီးရီးယားဓါတုလက်နက်ဖျက်သိမ်းရေးအတွက် ဆုံးဖြတ် ချက်ချခဲ့ကြောင်း၊ ဆော်ဒီကအဖွဲ့ဝင်အဖြစ်လက်မခံဘူးလို့ငြင်းလိုက်တာကို အံ့သြမိတယ်လို့ဆိုပါတယ်။ ကုလလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ဆီးရီးယားအပေါ် ပြစ်တင် အရေးယူဖို့ ဆုံးဖြတ်ချက်ချရေးမှာ ၃ ကြိမ်တိုင် ဗီတိုအာဏာနဲ့ ပယ်ချခဲ့ကြတာပါ။

ဆော်ဒီအာရေးဘီးယား နိုင်ငံဟာ ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေကို ထောက်ခံတဲ့ နိုင်ငံ ဖြစ်ပါတယ်။
XS
SM
MD
LG