သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ေက်ာင္းမတက္ႏိုင္တဲ့ကေလး ႏွစ္ႏွစ္အတြင္း ႏွစ္ဆေက်ာ္ တိုးလာ


ရန္ကုန္၊ ေျမာက္ဒဂံုၿမိဳ႕နယ္တြင္းက မူလတန္းေက်ာင္းတေကာ်င္း။ (ယခင္မွတ္တမ္းဓာတ္ပံု)  

[[Zawgyi/Unicode]]

ကပ္ေရာဂါနဲ႔ လုံၿခဳံမႈမရွိေတာ့တဲ့အေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ ေက်ာင္းမတက္ႏိုင္တဲ့ ကေလးအေရအတြက္က ၂ ႏွစ္အတြင္းမွာ ႏွစ္ဆေက်ာ္ ေလာက္ တိုးလာတယ္လို႔ Save the Children က ထုတ္ျပန္ပါတယ္။ စစ္ေကာင္စီက ကေလးေတြကို ေက်ာင္းပို႔ဖို႔ တိုက္တြန္းႏႈိးေဆာ္ေနေပမယ့္ စီးပြားေရးနဲ႔ မတည္ၿငိမ္မႈေတြေၾကာင့္ မိဘေတြဘက္က ပညာေရးကို ဦးစားမေပးႏိုင္ေၾကာင္း ကေလးသူငယ္အခြင့္အေရး လုပ္ေဆာင္ေနသူေတြနဲ႔ မိဘေတြက ေျပာပါတယ္။ ရန္ကုန္ ကေပးပို႔တဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

Save the Children အဖြဲ႕ရဲ႕ ဇြန္လ ၁ ရက္ေန႔ထုတ္ျပန္ခ်က္ထဲမွာ ျမန္မာႏိုင္ငံရဲ႕ တခ်ိဳ႕ေဒသေတြမွာ ေက်ာင္းအပ္ႏွံတဲ့ ကေလးအေရအတြက္က ၂ ႏွစ္အတြင္းမွာ ၈၀ ရာခိုင္ႏႈန္းေလာက္ က်သြားတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ေက်ာင္းမတက္တဲ့ ကေလးအေရအတြက္က အနည္းဆုံး ၇.၈ သန္းေလာက္ ရွိတယ္လို႔ ဆိုပါတယ္။

ကမာၻ႔ကပ္ေရာဂါစခဲ့တဲ့ ၂၀၂၀ ခုႏွစ္ အေစာပိုင္းကတည္းက တကမာၻလုံးက ေက်ာင္းေတြပိတ္ခဲ့ရၿပီး ျမန္မာႏိုင္ငံမွာလည္း ၁၅ လေလာက္ ေက်ာင္းေတြ ပိတ္ထားရပါတယ္။ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္မွာလည္း စာသင္ေက်ာင္း အမ်ားအျပားကို ဆက္ ပိတ္ထားရပါတယ္။ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ စာသင္ ၾကားတဲ့အ႐ြယ္ေတြကို ေက်ာင္းပို႔ရမွာျဖစ္ေပမယ့္ မတည္ၿငိမ္တဲ့ ေဒသေတြမွာေတာ့ ကေလးရဲ႕အသက္အႏၲရာယ္နဲ႔ ပညာေရး ဒီႏွစ္ခုကိုေ႐ြးခ်ယ္ရခက္ခဲေၾကာင္း တနသၤာရီတိုင္းက မိဘတဦးက ဗြီအိုေအကို ေျပာပါတယ္။

"အသက္အႏၲရာယ္နဲ႔ ယွဥ္လာတဲ့အခါက်ေတာ့ တခါျပန္သုံးသပ္ရျပန္ေရာ။ အသက္ေတာ့ အေသမခံႏိုင္ဘူး၊ စာမတတ္တာပဲ ခံပါ့မယ္ပုံစံမ်ိဳး။ ဘယ္လိုပဲေျပာေျပာ ေက်ာင္းပို႔ဖို႔ကေတာ့ ခက္သြားျပန္ေရာ။ အဲဒီေတာ့ ျမန္မာျပည္မွာ ျဖစ္ေနတာက ၿမိဳ႕နယ္ေပါင္း ၃၃၀ ရွိတဲ့အထဲမွာ တိုင္းနဲ႔ျပည္နယ္အလိုက္ ခြဲေျပာရင္ေတာ့ ေက်ာင္းတက္လို႔ရေနတဲ့ ေနရာေတြရွိသလို ေက်ာင္းတက္လို႔ အဆင္မေျပတဲ့ ေနရာေတြကလည္း ရွိေနတယ္။ အဲဒီအေပၚမွာမူတည္ၿပီး ဆုံးျဖတ္ရမွာေပါ့။ တနသၤာရီတိုင္းအေနနဲ႔ ဆိုရင္ေတာ့ အေျခအေနက ေတာ္ေတာ္ေလးဆိုးတယ္။ ေက်ာင္းထားဖို႔ ေက်ာင္းပို႔ဖို႔က ေတာ္ေတာ္ခက္ခဲတဲ့ အေနအထားနဲ႔ ရင္ဆိုင္ေနရတယ္။"

ဒီအစီရင္ခံစာနဲ႔ပတ္သက္လို႔ ျပည္တြင္း Save the Children ႐ုံးဘက္ကေတာ့ ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ ျမန္မာျပည္ရဲ႕လတ္တေလာ အေျခအေနေတြေၾကာင့္ မေျဖၾကားႏိုင္ဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈၿပီးတဲ့ေနာက္ ဆႏၵျပမႈေတြနဲ႔ CDM အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြမွာ ပညာေရးဝန္ထမ္းေတြ၊ ဆရာဆရာမေတြ၊ ေက်ာင္းသူေက်ာင္းသားေတြ အေတာ္ပါဝင္ခဲ့တာပါ။ အခုထိလည္း စစ္ေကာင္စီဖြင့္တဲ့ေက်ာင္းေတြ မလုပ္ၾကဖို႔ ေက်ာင္းမတက္ ၾကဖို႔ လႈံ႕ေဆာ္မႈေတြကရွိေနပါတယ္။

ဧရာဝတီတိုင္းမွာေတာ့ ဒီရက္ပိုင္းအတြင္း ေကာက္ယူထားတဲ့ စာရင္းအရဆိုရင္ မႏွစ္ကထက္ အခု ၂၀၂၂ မွာ ေက်ာင္းအပ္ႏႈန္းက ပိုမ်ားလာတယ္လို႔ ဧရာဝတီတိုင္း ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီက ဦးေအာင္ေဇာ္ဦးက ဗြီအိုေအကို ေျပာပါတယ္။

"ေနာက္ဆက္တြဲ ၾကားထဲကကေလးေတြတင္ နစ္နာ႐ုံတင္မဟုတ္ဘူး... ဒီကေလးေတြက အခ်ိန္တန္ လုပ္ငန္းခြင္ကိုဝင္ရတဲ့အခါက် သူတို႔ရဲ႕ အသက္ေတြက over ျဖစ္ႏိုင္ေျခ ရွိသြားတာေပါ့။ နစ္နာခ်က္ေတြ ရွိသြားတာေပါ့။ အပ္ၾကပါတယ္။ ဒါေပမယ့္ စိုးရိမ္ပူပန္မႈ ၾကားထဲကပဲ ကေလးေတြရဲ႕အခြင့္အေရး မဆုံးရႈံးရေအာင္လို႔ ေက်ာင္းအပ္ေနၾကတာ ေတြ႕ရတယ္။"

စစ္ေကာင္စီကေတာ့ ၂၀၂၂- ၂၀၂၃ ပညာသင္ႏွစ္မွာ ေက်ာင္းအပ္ႏွံသူဦးေရ ၅၂ သိန္းေက်ာ္ရွိၿပီလို႔ အေျခခံပညာဦးစီးဌာနက လာတဲ့စာရင္းကို ကိုးကားၿပီး ေမလ ၃၁ ရက္က ထုတ္ျပန္ပါတယ္။ ေက်ာင္းလာအပ္တဲ့ ေက်ာင္းသားနဲ႔ မိဘေတြအတြက္ လုံၿခဳံေရးကိုလည္း ေဆာင္႐ြက္ေပးထားတယ္လို႔ ေျပာပါတယ္။

ျမန္မာ့လူဦးေရ ၅၃.၈၉ သန္းရဲ႕ ၂၅ ရာခိုင္ႏႈန္းက အသက္ ၁၄ ႏွစ္ေအာက္ ကေလးေတြျဖစ္လို႔ သူတို႔က တႏိုင္ငံလုံးလူဦးေရရဲ႕ ၁၃.၅ သန္းရွိေနပါတယ္။ ကေလးထက္ဝက္ေလာက္က ေက်ာင္းမတက္ႏိုင္ဘူးဆိုရင္ ဒါဟာ ကေလး ၇.၈ သန္းေလာက္ရွိတယ္လို႔ Save the Children ကေျပာပါတယ္။ ၁၄ ႏွစ္အထက္ေတြလည္း ေက်ာင္းမွာရွိခ်င္မွ ရွိလိမ့္မယ္လို႔ Save the Children က ခန႔္မွန္းထားတာပါ။

၂၀၂၁ ခုႏွစ္ကေန အခုႏွစ္ ဧၿပီလအထိ ေက်ာင္းေပါင္းအနည္းဆုံး ၂၆၀ ေလာက္ တိုက္ခိုက္ခံရၿပီး တကယ့္အေရအတြက္က ဒီထက္ပိုမ်ားႏိုင္တယ္လို႔ Save the Children ကေျပာပါတယ္။ စစ္ေကာင္စီကို ဆန႔္က်င္တဲ့ PDF အဖြဲ႕က စာသင္ေက်ာင္းေတြကို တိုက္ခိုက္ေနတယ္လို႔ စစ္ေကာင္စီက စြပ္စြဲေျပာဆိုထားပါတယ္။

ျမန္မာႏိုင္ငံက ကေလးေတြရဲ႕ အနာဂတ္အတြက္ အေရးတႀကီး လုပ္ေဆာင္ ေပးဖို႔ လိုေနၿပီလို႔ Save the Children က ကုလလုံၿခဳံေရးေကာင္စီနဲ႔ အာဆီယံအဖြဲ႕ကိုလည္း ေမတၱာရပ္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မြန်မာနိုင်ငံတွင်း ကျောင်းမတတ်နိုင်တဲ့ကလေး နှစ်နှစ်အတွင်း နှစ်ဆကျော် တိုးလာ


ကပ်ရောဂါနဲ့ လုံခြုံမှုမရှိတော့တဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက်က ၂ နှစ်အတွင်းမှာ နှစ်ဆကျော် လောက် တိုးလာတယ်လို့ Save the Children က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ကလေးတွေကို ကျောင်းပို့ဖို့ တိုက်တွန်းနှိုးဆော်နေပေမယ့် စီးပွားရေးနဲ့ မတည်ငြိမ်မှုတွေကြောင့် မိဘတွေဘက်က ပညာရေးကို ဦးစားမပေးနိုင်ကြောင်း ကလေးသူငယ်အခွင့်အရေး လုပ်ဆောင်နေသူတွေနဲ့ မိဘတွေက ပြောပါတယ်။ ရန်ကုန် ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Save the Children အဖွဲ့ရဲ့ ဇွန်လ ၁ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ကျောင်းအပ်နှံတဲ့ ကလေးအရေအတွက်က ၂ နှစ်အတွင်းမှာ ၈၀ ရာခိုင်နှုန်းလောက် ကျသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ကျောင်းမတက်တဲ့ ကလေးအရေအတွက်က အနည်းဆုံး ၇.၈ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကပ်ရောဂါစခဲ့တဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက တကမ္ဘာလုံးက ကျောင်းတွေပိတ်ခဲ့ရပြီး မြန်မာနိုင်ငံမှာလည်း ၁၅ လလောက် ကျောင်းတွေ ပိတ်ထားရပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်း စာသင်ကျောင်း အများအပြားကို ဆက် ပိတ်ထားရပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စာသင် ကြားတဲ့အရွယ်တွေကို ကျောင်းပို့ရမှာဖြစ်ပေမယ့် မတည်ငြိမ်တဲ့ ဒေသတွေမှာတော့ ကလေးရဲ့အသက်အန္တရာယ်နဲ့ ပညာရေး ဒီနှစ်ခုကိုရွေးချယ်ရခက်ခဲကြောင်း တနင်္သာရီတိုင်းက မိဘတဦးက ဗွီအိုအေကို ပြောပါတယ်။

"အသက်အန္တရာယ်နဲ့ ယှဉ်လာတဲ့အခါကျတော့ တခါပြန်သုံးသပ်ရပြန်ရော။ အသက်တော့ အသေမခံနိုင်ဘူး၊ စာမတတ်တာပဲ ခံပါ့မယ်ပုံစံမျိုး။ ဘယ်လိုပဲပြောပြော ကျောင်းပို့ဖို့ကတော့ ခက်သွားပြန်ရော။ အဲဒီတော့ မြန်မာပြည်မှာ ဖြစ်နေတာက မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ တိုင်းနဲ့ပြည်နယ်အလိုက် ခွဲပြောရင်တော့ ကျောင်းတက်လို့ရနေတဲ့ နေရာတွေရှိသလို ကျောင်းတက်လို့ အဆင်မပြေတဲ့ နေရာတွေကလည်း ရှိနေတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ဆုံးဖြတ်ရမှာပေါ့။ တနင်္သာရီတိုင်းအနေနဲ့ ဆိုရင်တော့ အခြေအနေက တော်တော်လေးဆိုးတယ်။ ကျောင်းထားဖို့ ကျောင်းပို့ဖို့က တော်တော်ခက်ခဲတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်။"

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ပြည်တွင်း Save the Children ရုံးဘက်ကတော့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် မြန်မာပြည်ရဲ့လတ်တလော အခြေအနေတွေကြောင့် မဖြေကြားနိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုပြီးတဲ့နောက် ဆန္ဒပြမှုတွေနဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ပညာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ အတော်ပါဝင်ခဲ့တာပါ။ အခုထိလည်း စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေ မလုပ်ကြဖို့ ကျောင်းမတက် ကြဖို့ လှုံ့ဆော်မှုတွေကရှိနေပါတယ်။

ဧရာဝတီတိုင်းမှာတော့ ဒီရက်ပိုင်းအတွင်း ကောက်ယူထားတဲ့ စာရင်းအရဆိုရင် မနှစ်ကထက် အခု ၂၀၂၂ မှာ ကျောင်းအပ်နှုန်းက ပိုများလာတယ်လို့ ဧရာဝတီတိုင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီက ဦးအောင်ဇော်ဦးက ဗွီအိုအေကို ပြောပါတယ်။

"နောက်ဆက်တွဲ ကြားထဲကကလေးတွေတင် နစ်နာရုံတင်မဟုတ်ဘူး... ဒီကလေးတွေက အချိန်တန် လုပ်ငန်းခွင်ကိုဝင်ရတဲ့အခါကျ သူတို့ရဲ့ အသက်တွေက over ဖြစ်နိုင်ခြေ ရှိသွားတာပေါ့။ နစ်နာချက်တွေ ရှိသွားတာပေါ့။ အပ်ကြပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှု ကြားထဲကပဲ ကလေးတွေရဲ့အခွင့်အရေး မဆုံးရှုံးရအောင်လို့ ကျောင်းအပ်နေကြတာ တွေ့ရတယ်။"

စစ်ကောင်စီကတော့ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူဦးရေ ၅၂ သိန်းကျော်ရှိပြီလို့ အခြေခံပညာဦးစီးဌာနက လာတဲ့စာရင်းကို ကိုးကားပြီး မေလ ၃၁ ရက်က ထုတ်ပြန်ပါတယ်။ ကျောင်းလာအပ်တဲ့ ကျောင်းသားနဲ့ မိဘတွေအတွက် လုံခြုံရေးကိုလည်း ဆောင်ရွက်ပေးထားတယ်လို့ ပြောပါတယ်။

မြန်မာ့လူဦးရေ ၅၃.၈၉ သန်းရဲ့ ၂၅ ရာခိုင်နှုန်းက အသက် ၁၄ နှစ်အောက် ကလေးတွေဖြစ်လို့ သူတို့က တနိုင်ငံလုံးလူဦးရေရဲ့ ၁၃.၅ သန်းရှိနေပါတယ်။ ကလေးထက်ဝက်လောက်က ကျောင်းမတက်နိုင်ဘူးဆိုရင် ဒါဟာ ကလေး ၇.၈ သန်းလောက်ရှိတယ်လို့ Save the Children ကပြောပါတယ်။ ၁၄ နှစ်အထက်တွေလည်း ကျောင်းမှာရှိချင်မှ ရှိလိမ့်မယ်လို့ Save the Children က ခန့်မှန်းထားတာပါ။

၂၀၂၁ ခုနှစ်ကနေ အခုနှစ် ဧပြီလအထိ ကျောင်းပေါင်းအနည်းဆုံး ၂၆၀ လောက် တိုက်ခိုက်ခံရပြီး တကယ့်အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ Save the Children ကပြောပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ PDF အဖွဲ့က စာသင်ကျောင်းတွေကို တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက ကလေးတွေရဲ့ အနာဂတ်အတွက် အရေးတကြီး လုပ်ဆောင် ပေးဖို့ လိုနေပြီလို့ Save the Children က ကုလလုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

==========

XS
SM
MD
LG