သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လယ်ယာလုပ်သား ရှားပါး

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသက လယ်ယာစိုက်ခင်းများ

ပြီးခဲ့တဲ့နှစ် အကြမ်းဖက်တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့တဲ့ ရခိုင်မောင် တောမြို့နယ်မှာ စိုက်ပျိုးရေးစက်မှုဇုံတခုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းပိုင်းမှာ လုပ်ကိုင်နိုင်မယ့်လုပ်အားရှားပါးမှုတွေရှိနေသလို စိုက်ပျိုးရေးပိုင်းဘက်မှာလည်း နည်းပညာပံ့ပိုးမှုအားနည်းနေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီသတင်းကိုမေခ ပေးပို့ထားတာပါ။

မောင်တောမြို့နယ်မှာနွေ စပါးစိုက်ပျိုးတာကို မြောက်ပိုင်း ကျေးရွာတွေဘက်မှာ အများဆုံးစိုက်ပျိုးတာတွေလုပ်ပါတယ်။ တဖက် ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို ကုန်သွယ်တာမှုာလည်း လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုက အများဆုံးဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ထုတ်ပြန်ထားတဲ့စာရင်းတွေက ဖော်ပြနေပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အစိုးရဘက်က စီးပွားရေးတိုးတက်ဖို့ရည်ရွယ်ကာ စီးပွားရေးဇုံတွေဖော်ထုတ်လာတာဖြစ်ပြီး ဒီတခါမှာတော့ စိုက်ပျိုးရေးဇုံတခုလုပ်ဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။ လက်ရှိစိုက်ပျိုးရေးဇုံလုပ်ဖို့ ပြင်ဆင်နေတာမှာ လုပ်ငန်းပိုင်းမှာ လုပ်ကိုင် နိုင်မယ့် လုပ်အားရှားပါးမှု ပြဿနာတွေကြုံလာရတာ ဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးဇုံကို ကိုရီးယားနိုင်ငံဘက်က ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင်နေတယ်လို့ ကနဦး သိရပါတယ်။ လက်တလောမှာတော့ စိုက်ပျိုးဇုံမှာ လုပ်ကိုင်ဖို့ အလုပ်သမားရှားပါးမှု ပြဿနာတခုဖြစ်နေတယ်လို့ ဆိုလာသူကတော့ စိုက်ပျိုးရေးဇုံလုပ်ဖို့ ပြင်ဆင်နေတဲ့ လုပ်ငန်းရှင် ဦးလှကျော်ဝင်းပါ။

“စီးပွားရေးလုပ်ငန်း အခက်အခဲဆိုတာကတော့ ရခိုင်မှာ အလုပ်သမားပြဿနာအခက်အခဲ အများကြီးဖြစ်ကြတယ်။ ရခိုင်ဒေသ ဖွံဖြိုးတိုးတက်ဖို့အတွက် ကိုးရီးယားက မူရှန်းဆိုတဲ့ ကုမ္ပဏီတခုနဲ့ မြေဧက ၃၅,၀၀၀ စိုက်ပျိုးရေးဇုံတခုလုပ်ဖို့ စီစဉ်နေပါတယ်။ အလုပ်သမားရှားပါးတယ်ဆိုတာ အရင်တုန်းက ရခိုင်မှာ ပြဿနာဖြစ်ခဲ့တာဆိုတော့ အလုပ်သမားရှားတာပေါ့။ စက်ရုံ၊ အလုပ်ရုံတွေကလည်း မရှိဘူး။ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ ရခိုင်က လူတွေကလည်း မလေးရှားတို့ နိုင်ငံရပ်ခြားမှာ သွားလုပ်ကြတယ်။ တကယ့်ကို ဝမ်းနည်းစရာကောင်းပါတယ်။”

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်းမှာ လယ်ယာစိုက်ပျိုးထုတ်လုပ်သူတွေဘက်မှာ သူရင်းဌားလို့ခေါ်တဲ့ စပါးစိုက်ပျိုးရိတ်သိမ်း ပေါင်းတင်ပေးနိုင်တဲ့ နေ့စားလုပ်သား ရှားပါးမှုပြဿနာဟာလည်း တော်တော်လေးအခြေအနေ ဆိုးရွားစွာကြုံနေရသလို စိုက်ပျိုးရေး ပိုင်းဘက်မှာလည်း နည်းပညာပံ့ပိုးမှုအားနည်းနေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ရခိုင်တောင်သူလယ်သမားသမဂ္ဂ အကြံပေး ဦး ဖေသိန်းကဆိုပါတယ်။

“အဓိကက ကုန်ထုတ်စွမ်းအားက မွတ်စလင်တွေဗျ။ အရင်တုန်းက သူတို့က အများစုအနေနဲ့ ၉၀% နေထိုင် စားသောက်ကြတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြတယ်။ အဲဒီလူတွေက မရှိကြတော့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကနေ ဟင်သီးဟင်ရွက် စိုက်ပျိုးတာ အကုန်လုံး နီးပါးရပ်ဆိုင်းတဲ့ သဘောဖြစ်နေတယ်။”

လက်ရှိ မောင်တောနယ်စပ်ဒေသ မှာလယ်ယာလုပ်ကိုင်တဲ့ လုပ်သားရှားပါးနေပြီး တစ်ရက်အလုပ်သမားတစ်ဦးစရိတ် ဟာ ကျပ် ၁၀,၀၀၀ ဝန်းကျင် အထိရှိနေပြီး အရင်ပေးရတဲ့ ဈေးထက် ထက်ဝက်ခန့်ဈေးတက်သွားတယ်လို့တောင်သူတွေကဆိုပါတယ်။

ဒီလို အခက်အခဲတွေကြုံနေရပေမယ့် နယ်စပ်ကုန်သွယ်စီးဆင်းမှု တင်ပို့မှုတွေကတော့ ပုံမှန်အတိုင်းကောင်းနေတယ်လို့ ကုန်သွယ်ဦးစီးဌာန က ဦးစီးမှုးက ဆိုပါတယ်။ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို ကုန်သွယ်တာမှုာစာရင်းတွေ အရ လယ်ယာ ပစ္စည်းတင်ပို့မှုပြီးရင် ရေထွက်ကုန်တင် ပို့မှု ကဒုတိယ အများဆုံးပါ။ လက်ရှိ ကုန်သွယ်မှုပိုင်းနဲ့ပတ်သတ်ပြီး ကုန်သွယ်ရေးဦးစီးဌာန က ဦးစီးမှုးဦးချိုထွေးက ခုလို ဗွီအိုအေ ကိုပြောပါတယ်။

“ကုန်သွယ်မှု အခြေအနေက ထိခိုက်မှုမရှိဘူး။ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းမှာက လတ်တလောအခြေအနေက ကောင်းနေတယ်။ အရေးအခင်းကြီးဖြစ်ခဲ့လိုသာ၊ နယ်မြေမတည်ငြိမ်တဲ့ အခြေအနေအရ ကာလလေးတခုမှာပဲ ရပ်သွားတာပေါ့။ အရောင်းအဝယ်စာချုပ်ချုပ်ပြီးတော့ ထပ်လုပ်တဲ့ လုပ်ငန်းတွေအရ ယနေ့အချိန်ထိက မျှော်မှန်းထားတဲ့ ပမာဏထက်ကို ပိုမိုပြီးတော့ ကုန်သွယ်ဆောင်ရွက်နိုင်လျှက်ရှိပါတယ်။”

မောင်တောဒေသအပါအဝင် ရခိုင်ဒေသဖွံဖြိုးရေးလုပ်ဆောင်နိုင်ဖို့ အစိုးရဘက်က ပံပိုးမှုတွေလုပ်နေပေမယ့် အကြမ်းဖက်မှု နောက်ပိုင်း လုပ်သားရှားပါးမှု ဆိုးရွားစွာကြုံ တွေ့နေရတာကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ဖို့နှောင့်နှေးနေရတယ်လို့ ဒေသခံတွေကဆိုကြတယ်။

ပြီးခဲ့တဲ့နှစ် အကြမ်းဖက်တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့တဲ့ ရခိုင်မောင် တောမြို့နယ်မှာ စိုက်ပျိုးရေးစက်မှုဇုံတခုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းပိုင်းမှာ လုပ်ကိုင်နိုင်မယ့်လုပ်အားရှားပါးမှုတွေရှိနေသလို စိုက်ပျိုးရေးပိုင်းဘက်မှာလည်း နည်းပညာပံ့ပိုးမှုအားနည်းနေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီသတင်းကိုမေခ ပေးပို့ထားတာပါ။

မောင်တောမြို့နယ်မှာနွေ စပါးစိုက်ပျိုးတာကို မြောက်ပိုင်း ကျေးရွာတွေဘက်မှာ အများဆုံးစိုက်ပျိုးတာတွေလုပ်ပါတယ်။ တဖက် ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို ကုန်သွယ်တာမှုာလည်း လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုက အများဆုံးဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ထုတ်ပြန်ထားတဲ့စာရင်းတွေက ဖော်ပြနေပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အစိုးရဘက်က စီးပွားရေးတိုးတက်ဖို့ရည်ရွယ်ကာ စီးပွားရေးဇုံတွေဖော်ထုတ်လာတာဖြစ်ပြီး ဒီတခါမှာတော့ စိုက်ပျိုးရေးဇုံတခုလုပ်ဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။ လက်ရှိစိုက်ပျိုးရေးဇုံလုပ်ဖို့ ပြင်ဆင်နေတာမှာ လုပ်ငန်းပိုင်းမှာ လုပ်ကိုင် နိုင်မယ့် လုပ်အားရှားပါးမှု ပြဿနာတွေကြုံလာရတာ ဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးဇုံကို ကိုရီးယားနိုင်ငံဘက်က ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင်နေတယ်လို့ ကနဦး သိရပါတယ်။ လက်တလောမှာတော့ စိုက်ပျိုးဇုံမှာလုပ်ကိုင်ဖို့အလုပ်သမားရှားပါးမှု ပြဿနာတခုဖြစ်နေတယ်လို့ ဆိုလာသူကတော့ စိုက်ပျိုးရေးဇုံလုပ်ဖို့ ပြင်ဆင်နေတဲ့ လုပ်ငန်းရှင် ဦးလှကျော်ဝင်းပါ။

“စီးပွားရေးလုပ်ငန်း အခက်အခဲဆိုတာကတော့ ရခိုင်မှာ အလုပ်သမားပြဿနာအခက်အခဲ အများကြီးဖြစ်ကြတယ်။ ရခိုင်ဒေသ ဖွံဖြိုးတိုးတက်ဖို့အတွက် ကိုးရီးယားက မူရှန်းဆိုတဲ့ ကုမ္ပဏီတခုနဲ့ မြေဧက ၃၅,၀၀၀ စိုက်ပျိုးရေးဇုံတခုလုပ်ဖို့ စီစဉ်နေပါတယ်။ အလုပ်သမားရှားပါးတယ်ဆိုတာ အရင်တုန်းက ရခိုင်မှာ ပြဿနာဖြစ်ခဲ့တာဆိုတော့ အလုပ်သမားရှားတာပေါ့။ စက်ရုံ၊ အလုပ်ရုံတွေကလည်း မရှိဘူး။ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ ရခိုင်က လူတွေကလည်း မလေးရှားတို့ နိုင်ငံရပ်ခြားမှာ သွားလုပ်ကြတယ်။ တကယ့်ကို ဝမ်းနည်းစရာကောင်းပါတယ်။”

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်းမှာ လယ်ယာစိုက်ပျိုးထုတ်လုပ်သူတွေဘက်မှာ သူရင်းဌားလို့ခေါ်တဲ့ စပါးစိုက်ပျိုးရိတ်သိမ်း ပေါင်းတင်ပေးနိုင်တဲ့ နေ့စားလုပ်သား ရှားပါးမှုပြဿနာဟာလည်း တော်တော်လေးအခြေအနေ ဆိုးရွားစွာကြုံနေရသလို စိုက်ပျိုးရေး ပိုင်းဘက်မှာလည်း နည်းပညာပံ့ပိုးမှုအားနည်းနေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ရခိုင်တောင်သူလယ်သမားသမဂ္ဂ အကြံပေး ဦး ဖေသိန်းကဆိုပါတယ်။

“အဓိကက ကုန်ထုတ်စွမ်းအားက မွတ်စလင်တွေဗျ။ အရင်တုန်းက သူတို့က အများစုအနေနဲ့ ၉၀% နေထိုင် စားသောက်ကြတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြတယ်။ အဲဒီလူတွေက မရှိကြတော့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကနေ ဟင်သီးဟင်ရွက် စိုက်ပျိုးတာ အကုန်လုံး နီးပါးရပ်ဆိုင်းတဲ့ သဘောဖြစ်နေတယ်။”

လက်ရှိ မောင်တောနယ်စပ်ဒေသ မှာလယ်ယာလုပ်ကိုင်တဲ့ လုပ်သားရှားပါးနေပြီး တစ်ရက်အလုပ်သမားတစ်ဦးစရိတ် ဟာ ကျပ် ၁၀,၀၀၀ ဝန်းကျင် အထိရှိနေပြီး အရင်ပေးရတဲ့ ဈေးထက် ထက်ဝက်ခန့်ဈေးတက်သွားတယ်လို့တောင်သူတွေကဆိုပါတယ်။

ဒီလို အခက်အခဲတွေကြုံနေရပေမယ့် နယ်စပ်ကုန်သွယ်စီးဆင်းမှု တင်ပို့မှုတွေကတော့ ပုံမှန်အတိုင်းကောင်းနေတယ်လို့ ကုန်သွယ်ဦးစီးဌာန က ဦးစီးမှုးက ဆိုပါတယ်။ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို ကုန်သွယ်တာမှုာစာရင်းတွေ အရ လယ်ယာ ပစ္စည်းတင်ပို့မှုပြီးရင် ရေထွက်ကုန်တင် ပို့မှု ကဒုတိယ အများဆုံးပါ။ လက်ရှိ ကုန်သွယ်မှုပိုင်းနဲ့ပတ်သတ်ပြီး ကုန်သွယ်ရေးဦးစီးဌာန က ဦးစီးမှုးဦးချိုထွေးက ခုလို ဗွီအိုအေ ကိုပြောပါတယ်။

“ကုန်သွယ်မှု အခြေအနေက ထိခိုက်မှုမရှိဘူး။ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းမှာက လတ်တလောအခြေအနေက ကောင်းနေတယ်။ အရေးအခင်းကြီးဖြစ်ခဲ့လိုသာ၊ နယ်မြေမတည်ငြိမ်တဲ့ အခြေအနေအရ ကာလလေးတခုမှာပဲ ရပ်သွားတာပေါ့။ အရောင်းအဝယ်စာချုပ်ချုပ်ပြီးတော့ ထပ်လုပ်တဲ့ လုပ်ငန်းတွေအရ ယနေ့အချိန်ထိက မျှော်မှန်းထားတဲ့ ပမာဏထက်ကို ပိုမိုပြီးတော့ ကုန်သွယ်ဆောင်ရွက်နိုင်လျှက်ရှိပါတယ်။”

မောင်တောဒေသအပါအဝင် ရခိုင်ဒေသဖွံဖြိုးရေးလုပ်ဆောင်နိုင်ဖို့ အစိုးရဘက်က ပံပိုးမှုတွေလုပ်နေပေမယ့်အကြမ်းဖက်မှု နောက်ပိုင်း လုပ်သားရှားပါးမှု ဆိုးရွားစွာကြုံ တွေ့နေရတာကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ဖို့နှောင့်နှေးနေရတယ်လို့ဒေသခံတွေကဆိုကြတယ်။

ရခိုင်ပြည်နယ် လယ်ယာလုပ်သားရှားပါး
please wait

No media source currently available

0:00 0:04:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG