သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားစွမ်းအင်ကို ဘယ်လိုသုံးမလဲ


Nuclear Reactor

မြန်မာနိုင်ငံမှာ နျူကလီယားစွမ်းအင်ကို သိပ္ပံနဲ့ နည်းပညာ၊ ပညာရေးနဲ့ ကျန်းမာရေးတွေမှာ သုံးဖို့ထုတ်မှာလား၊ လက်နက်အဆင့်ထိ ထုတ်မှာလားလို့ နိုင်ငံတကာကပါ စိတ်ဝင်တစားရှိလာကြပါတယ်။

နျူကလီယားစွမ်းအင်ဟာ သဘာဝစွမ်းအင်မဟုတ်တဲ့ တခြားလောင်စာစွမ်းအင်တွေနဲ့ ယှဉ်ရင် ပတ်ဝန်းကျင်ညစ်ညမ်းမှု အနဲပါးဆုံး စွမ်းအင်တမျိုးဖြစ်ပေမဲ့ ဘာကြောင့် နျူကလီယားစွမ်းအင်ထုတ်ဖို့ ကျိုးစားမှုတွေကို ကြောက်လန့်တကြား ကန့်သတ်နေကြတာပါလဲ။ ရှင်းပါတယ်၊ နျူကလီယားစွမ်းအင်ထုတ်ယူတာ၊ သုံးစွဲတာအပြင် နျူကလီယား စွန့်ပစ်ပစ္စည်းတွေ သိမ်းဆည်းဖို့ကအစ အန္တရာယ်ကြီးလို့ပါ။ ဒါ့ထက်ဆိုးတာက နျူကလီယားစွမ်းအင်နဲ့ လူသားအကျိုးပြုဖို့ နောက် လျှပ်စစ်ဓါတ်ထုတ်ယူဖို့ လို့ပြောပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်အဆင့်ထိ ထုတ်ယူနိုင်တာကြောင့်ပါ။

ဒါ့ကြောင့် နျူကလီယားစွမ်းအင်နဲ့ပတ်သက်ပြီး သဘောကိုနားလည်နိုင်အောင် နျူကလီယားစွမ်းအင်ကို ထုတ်ဖို့အတွက် လိုအပ်တဲ့ အနုမြူဓါတ်ပေါင်းဖိုဟာ အမျိုးအစား ဘယ်နှစ်မျိုးရှိတယ်၊ အနုမြူယမ်းလို့ခေါ်တဲ့ ယူရေနီယမ် ရေဒီယို သတ္တိကြွပစ္စည်းကို ဘယ်လိုသန့်စင်ရတယ်၊ နျူကလီယားစွမ်းအင်ကနေ လျှပ်စစ်ဓါတ်ကို ဘယ်လိုထုတ်ယူရတယ် ဆိုတာတွေကို အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့က သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ကို မေးမြန်းတင်ပြထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ နျူကလီယားလက်နက် ထုတ်ဖို့အထိ ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ ယုံကြည်ကြောင်း IAEA နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ရဲ့ စစ်ဆေးရေးမှုးဟောင်းက ပြောကြားလိုက်တဲ့နောက်မှာ တိုင်းပြည်တပြည်မှာ စစ်လက်နက်ထုတ်လုပ်ဖို့ အဆင့်အထိ ကျိုးစားနေမနေ ဘယ်လိုစစ်ဆေးနိုင်တယ် ဆိုတာတွေကိုလည်း တင်ပြပေးထားပါတယ်။

XS
SM
MD
LG