ကမ္ဘာ့ ဥတုရာသီပြောင်းလဲမှုကြောင့် အပူချိန်မြင့်မားမှုနဲ့ မိုးရွာတဲ့ ပုံသဏ္ဍာန်တွေ ပြောင်းလဲ ဖြစ်ပေါ်လာနေတာက စားနပ်ရိက္ခာ ထုတ်လုပ်မှုကို ခြိမ်းခြောက်လာနေတဲ့အကြောင်း သိပ္ပံပညာရှင်တွေ သုတေသနလုပ်ခဲ့ကြပါတယ်။ လတ်တလော အပူပိုင်းဒေသတွေနဲ့ စားနပ်ရိက္ခာ ရှားပါးမှုဒဏ်တွေ ခံနေကြရတဲ့ ဒေသတွေ အနာဂတ်မှာ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်မလဲဆိုတာ သိပ္ပံပညာရှင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြတာပါ။