နေစကြဝဠာရဲ့ ပြင်ပဟာ ရှင်းလင်းချောမွေ့နေခြင်း မရှိဘဲ သံလိုက်ရေမြှုပ်ကြီးတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာကို အာကာသထဲ ပျံသန်းနေတဲ့ Voyager ဂြိုဟ်တု ၂ လုံးက မကြာသေးခင်က ပေးပို့လိုက်တဲ့ အချက် အလက်တွေအရ သိရှိခဲ့ပါတယ်။ နေကဖြာထွက်နေတဲ့ သံလိုက်ဓာတ်တွေနဲ့ တခြား Galaxy ကြယ်စုတွေကနေ လွင့်စင်ထွက်လာနေတဲ့ သံလိုက်ဓာတ်တွေ ပေါင်းစပ်မိရာက ဒီ သံလိုက် ရေမြှုပ်ကြီးတွေ ဖြစ်ပေါ်လာတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ကမ္ဘာ့ဆွဲအားရှိတဲ့ ကမ္ဘာပေါ်မှာ လူတွေ၊ ပစ္စည်းတွေ၊ ဒြပ်ဝတ္ထုတွေအားလုံး တည်ရှိနေကြတာပါ။ နေဟာလည်း ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်တဲ့အတွက် သူ့မှာလည်း ဆွဲအားရှိပါတယ်။ အဲဒီလို နေစကြဝဠာအပြင် ဂြိုဟ်တွေ၊ လတွေ ရှိတဲ့နေရာတွေမှာ တခုနဲ့တခု ရုပ်ဝတ္ထုတွေရဲ့ ဆွဲငင်အားတွေကြောင့် သူ့နေရာနဲ့သူ တည်နေကြတယ် လို့ ဆိုပါတယ်။
စကြာဝဠာရဲ့ တချို့နေရာတွေမှာ ဒြပ်ဝတ္ထုတွေရဲ့ ဆွဲအားကြောင့်မဟုတ်ဘဲ သံလိုက်တွေရဲ့ ဆွဲငင်အား၊ သံလိုက်သတ္တိကြောင့် တနေရာနဲ့ တနေရာမှာ ရုပ်ဝတ္ထုတွေ တည်နေလို့ ရနိုင်တယ်၊ တည်လည်းတည်နေ ကြတယ်ဆိုတာကို အခု သိပ္ပံပညာရှင်တွေက ခန့်မှန်း ပြောဆိုလာနေကြပါပြီ။