သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ပေါင်း သန်း ၁၀၀ က ထူးဆန်းပိုးကောင် မြန်မာ့ ပယင်းမှာတွေ့

Burma Insect
1/4 Burma Insect
မြန်မာပြည်မှာ နှစ်ပေါင်း သန်း ၁၀၀ ကျော်က တည်ရှိခဲ့သည့် ထူးဆန်း ပိုးကောင်များ ပယင်းထဲတွင် တွေ့ရှိ။
အသေးစိတ် ဖတ်ရှုရန် Show less
Burma Insect
2/4 Burma Insect
မြန်မာပြည်မှာ နှစ်ပေါင်း သန်း ၁၀၀ ကျော်က တည်ရှိခဲ့သည့် ထူးဆန်း ပိုးကောင်များ ပယင်းထဲတွင် တွေ့ရှိ။
အသေးစိတ် ဖတ်ရှုရန် Show less
Burma Insect
3/4 Burma Insect
မြန်မာပြည်မှာ နှစ်ပေါင်း သန်း ၁၀၀ ကျော်က တည်ရှိခဲ့သည့် ထူးဆန်း ပိုးကောင်များ ပယင်းထဲတွင် တွေ့ရှိ။
အသေးစိတ် ဖတ်ရှုရန် Show less
Burma Insect
4/4 Burma Insect
မြန်မာပြည်မှာ နှစ်ပေါင်း သန်း ၁၀၀ ကျော်က တည်ရှိခဲ့သည့် ထူးဆန်း ပိုးကောင်များ ပယင်းထဲတွင် တွေ့ရှိ။
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

အခု မြန်မာနိုင်ငံ တည်ရှိတဲ့ နေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၀၀ လောက်က အသက်ရှင် နေထိုင်ခဲ့တဲ့ ထူးခြား ဆန်းပြားတဲ့ ပိုးကောင် တမျိုးကို မြန်မာနိုင်ငံမှာတွေ့တဲ့ ပယင်းထဲမှာ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီ ပိုးကောင်းရဲ့ ဦးခေါင်းဟာ ထူးခြား ဆန်းပြားပြီး သစ်ပင်တွေပေါ်မှာ တွားသွားတဲ့သဘော သက်ရောက်စေတဲ့ ပိန်ရှည်ရှည် ခြေထောက်တွေ ရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီထူးဆန်းတဲ့ ပိုးကောင်ဟာ တခြား ဘယ်ပိုးကောင်တွေနဲ့မှ မတူတာကြောင့် သိပ္ပံဆိုင်ရာ မျိုးရင်းတခုအဖြစ် သီးခြား သတ်မှတ်ဖို့ လိုလိမ့်မယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ ဒိုင်နိုဆောတွေခေတ်က တည်ရှိခဲ့တဲ့ ဒီပိုးကောင်ဟာ အရမ်း သေးလွန်းပြီး အတောင်ပံတွေလည်း မပါဘူးလို့ ဆိုပါတယ်။ အဲဒီ ပိုးကောင်မျိုး ၂ ကောင်သာ တွေ့ရှိခဲ့ပြီး သူတို့ဟာ မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ ပယင်းထဲမှာ ပုံစံမပျက် တည်ရှိနေတာလို့ ဆိုပါတယ်။

လည်ပင်းက ရှည်ပြီး မျက်လုံးအကြီးကြီးတွေ ပါရှိတဲ့အတွက် ရုတ်တရက် ကြည့်လိုက်ရင် အီးတီ (E.T.) နဲ့ တူကြောင်း Oregon ပြည်နယ်တက္ကသိုလ်က ပိုးမွှားဗေဒဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခ George Poinar က ပြောပါတယ်။ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေအရ ဆိုရင်တော့ အဲဒီ ပိုးကောင်ဟာ ပုရွက်ဆိတ်နဲ့ ပုံစံ ခပ်ဆင်ဆင် တူနေတာကို တွေ့ရပါတယ်။

မျိုးတုန်းသွားပြီဖြစ်တဲ့ ဒီပိုးကောင်ဟာ အခုချိန်မှာ မျိုးတုန်းသွားပြီဖြစ်တဲ့ ရှားပါးတိရိစ္ဆာန်ပေါင်း သန်းပေါင်းများစွာထဲက တခုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပုံစံကြောင့် မျိုးရင်းသစ်တခုအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း Oregon တက္ကသိုလ်က ပြောပါတယ်။ ဒီပိုးကောင်ဟာ အသားစား မျိုးနွယ်ထဲမှာပါဝင်ပြီး ခြ၊ ကမြင်းနီ စတဲ့ ပိုးကောင်အသေးလေးတွေ၊ သစ်ပင်နဲ့ ဟင်းသီး ဟင်းရွက်တွေမှာ ကပ်နေတဲ့ မှိုတွေကို စားခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဒီပိုးကောင်ရဲ့ အထူးခြားဆုံး အရာကတော့ တြိဂံပုံရှိတဲ့ ဦးခေါင်း ဖွဲ့စည်းပုံနဲ့ ဂြိုလ်သားတွေလို မျက်လုံး အဝိုင်း လုံးလုံးကြီးတွေ တဖက် တချက်စီမှာ ပါရှိခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း သန်း ၁၀၀ က ထူးဆန်းပိုးကောင် မြန်မာ့ ပယင်းမှာတွေ့
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG