သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းသားႀကီး Sean Connery ကြယ္လြန္


James Bond မင္းသားႀကီး Sean Connery.

(Zawgyi / Unicode)

James Bond ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့သူ နာမည္ေက်ာ္မင္းသားႀကီး Sean Connery ဟာ အသက္ ၉၀ အရြယ္မွာ ဒီကေန႔ ကြယ္လြန္သြားၿပီလို႔ မိသားစုကို ကိုးကားၿပီး ၿဗိတိန္သတင္းမီဒီယာေတြက ေဖာ္ျပၾကပါတယ္။

Sean Connery ဟာ Bahamas ကၽြန္းႏုိင္ငံမွာ ေရာက္ေနခဲ့ခ်ိန္ နာမက်န္းျဖစ္ေနတာ အေတာ္ၾကာၿပီးတဲ့ေနာက္ အိပ္ေပ်ာ္ေနရင္း ေအးေအးခ်မ္းခ်မ္း ကြယ္လြန္သြားခဲ့တယ္လို႔ သူ႔ရဲ႕သားျဖစ္သူ Jason Connery ေျပာတာကို ကိုးကားၿပီး BBC သတင္းတပုဒ္မွာ ေရးထားပါတယ္။

မင္းသားႀကီး Sean Connery ဟာ ၁၉၆၂ ခုႏွစ္က James Bond ဇာတ္ကား Dr. No ကေနစၿပီး James Bond ဇာတ္ကား ၇ ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူပါ။ James Bond မင္းသားအျဖစ္ သ႐ုပ္ေဆာင္ခဲ့သူေတြထဲမွာ သူ႔ကို အေကာင္းဆံုး James Bond မင္းသားအျဖစ္ လူအမ်ားအျပားက သတ္မွတ္ထားပါတယ္။

သူဟာ စေကာ့တလန္ႏုိင္ငံ၊ Edinburgh ၿမိဳ႕ ဆင္ေျဖဖံုးမွာ ဆင္းရဲသား မိသားစုကေန ေမြးဖြားခဲ့သူျဖစ္ၿပီး အေခါင္းေတြကို အေရာင္တင္ေပးရသူ၊ ႏြားႏို႔ေရာင္းသမား၊ သက္ကယ္ေရကူးသမား စသည္ျဖင့္ အလုပ္အကိုင္မ်ဳိးစံု လုပ္ကိုင္ခဲ့ဖူးသူ ျဖစ္ပါတယ္။

ေနာက္ဆံုးမွာေတာ့ ကာယဗလေလ့က်င့္တဲ့ သူ႔ရဲ႕ဝါသနာအက်ဳိးေၾကာင့္ ႐ုပ္ရွင္ေလာကထဲကို ေရာက္လာခဲ့ၿပီး ကမာၻမွာ ေအာင္ျမင္မႈအရဆံုး ႐ုပ္ရွင္သ႐ုပ္ေဆာင္တဦး ျဖစ္ခဲ့တာပါ။

Sean Connery ကြယ္လြန္သြားတဲ့အေပၚ အထူးပဲ ဝမ္းနည္းေၾကကြဲရပါတယ္လုိ႔ စေကာ့တလန္ အစိုးရအဖြဲ႔ေခါင္းေဆာင္ Nicola Sturgeon က ေျပာပါတယ္။

"က်မတို႔ႏုိင္ငံဟာ တိုင္းျပည္ရဲ႕ ခ်စ္ခင္ရဆံုး သားေကာင္းတဦးကို ဆံုး႐ံႈးလိုက္ရတဲ့အတြက္ ဒီကေန႔ ဝမ္းနည္းေၾကကြဲရပါတယ္" လို႔ Nicola Sturgeon က ေျပာပါတယ္။

မင္းသားႀကီး Sean Connery ကြယ္လြန္
please wait

No media source currently available

0:00 0:01:27 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မင်းသားကြီး Sean Connery ကွယ်လွန်

James Bond ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သူ နာမည်ကျော်မင်းသားကြီး Sean Connery ဟာ အသက် ၉၀ အရွယ်မှာ ဒီကနေ့ ကွယ်လွန်သွားပြီလို့ မိသားစုကို ကိုးကားပြီး ဗြိတိန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

Sean Connery ဟာ Bahamas ကျွန်းနိုင်ငံမှာ ရောက်နေခဲ့ချိန် နာမကျန်းဖြစ်နေတာ အတော်ကြာပြီးတဲ့နောက် အိပ်ပျော်နေရင်း အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့သားဖြစ်သူ Jason Connery ပြောတာကို ကိုးကားပြီး BBC သတင်းတပုဒ်မှာ ရေးထားပါတယ်။

မင်းသားကြီး Sean Connery ဟာ ၁၉၆၂ ခုနှစ်က James Bond ဇာတ်ကား Dr. No ကနေစပြီး James Bond ဇာတ်ကား ၇ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ James Bond မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သူတွေထဲမှာ သူ့ကို အကောင်းဆုံး James Bond မင်းသားအဖြစ် လူအများအပြားက သတ်မှတ်ထားပါတယ်။

သူဟာ စကော့တလန်နိုင်ငံ၊ Edinburgh မြို့ ဆင်ဖြေဖုံးမှာ ဆင်းရဲသား မိသားစုကနေ မွေးဖွားခဲ့သူဖြစ်ပြီး အခေါင်းတွေကို အရောင်တင်ပေးရသူ၊ နွားနို့ရောင်းသမား၊ သက်ကယ်ရေကူးသမား စသည်ဖြင့် အလုပ်အကိုင်မျိုးစုံ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကာယဗလလေ့ကျင့်တဲ့ သူ့ရဲ့ဝါသနာအကျိုးကြောင့် ရုပ်ရှင်လောကထဲကို ရောက်လာခဲ့ပြီး ကမ္ဘာမှာ အောင်မြင်မှုအရဆုံး ရုပ်ရှင်သရုပ်ဆောင်တဦး ဖြစ်ခဲ့တာပါ။

Sean Connery ကွယ်လွန်သွားတဲ့အပေါ် အထူးပဲ ဝမ်းနည်းကြေကွဲရပါတယ်လို့ စကော့တလန် အစိုးရအဖွဲ့ခေါင်းဆောင် Nicola Sturgeon က ပြောပါတယ်။

"ကျမတို့နိုင်ငံဟာ တိုင်းပြည်ရဲ့ ချစ်ခင်ရဆုံး သားကောင်းတဦးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဒီကနေ့ ဝမ်းနည်းကြေကွဲရပါတယ်" လို့ Nicola Sturgeon က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG