သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ Sean Turnell ေထာင္ဒဏ္ ၃ ႏွစ္စီခ်ခံရ 


ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အတူေတြ႔ရသည့္ NLD အစိုးရလက္ထက္ စီးပြါးေရးအႀကံေပး ပါေမာကၡ Sean Turnell (ဇန္နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ္ပံု - Sean Turnell Facebook)

[[Zawgyi/Unicode]]

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell အေပၚ ႏိုင္ငံေတာ္ လွ်ဳိ႕ဝွက္ခ်က္အက္ဥပေဒ ခ်ိဳးေဖာက္မႈနဲ႔စြဲဆိုထားတဲ့ အမႈအတြက္ ေထာင္ဒဏ္ ၃ ႏွစ္စီက်ခံဖို႔ ေနျပည္ေတာ္အထူးတရား႐ုံးက အမိန႔္ခ်မွတ္လိုက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ Sean Turnell အျပင္ အမူတြဲထဲမွာပါတဲ့ NLD အစိုးရလက္ထက္က ဘ႑ာေရးဝန္ႀကီးေတြျဖစ္တဲ့ ဦးစိုးဝင္း၊ ဦးေက်ာ္ဝင္းနဲ႔ ဦးဆက္ေအာင္တို႔ကိုလည္း အလုပ္မပါ ေထာင္ဒဏ္ ၃ ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္လိုက္တာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က တင္ျပပါတယ္။

NLD အစိုးရရဲ႕စီးပြားေရးအႀကံေပး Australia ႏိုင္ငံသား၊ ပါေမာကၡ Sean Turnell ရဲ႕လက္မွာ ေတြ႔ရွိခဲ့တဲ့မွတ္တမ္း အခ်က္အလက္ေတြအရ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ အက္ဥေပဒကိုခ်ဳိးေဖါက္မႈနဲ႔ အမႈတြဲ တရားစြဲခံရတဲ့ Sean Turnell ၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဘ႑ာေရးဝန္ႀကီး ၃ ေယာက္ကို ေနျပည္ေတာ္ အထူးတရားရံုးက ဒီေန႔ စက္တင္ဘာ ၂၉ ရက္ေန႔မွာ ေထာင္ဒဏ္ ၃ ႏွစ္စီ ခ်မွတ္လိုက္ပါတယ္။ Sean Turnell အေပၚ ေနာက္ထပ္ စြဲဆိုထားတဲ့ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒခ်ဳိးေဖါက္မႈအတြက္လည္း ဒီေန႔ ေထာင္ဒဏ္ ၃ ႏွစ္ခ်ပါတယ္။ ျပစ္ဒဏ္ခ်ခံရတဲ့ အမႈ ၂ ခုလံုးအတြက္ တေပါင္းတည္း ၃ ႏွစ္ က်ခံရမယ္လို႔ သတ္မွတ္ပါတယ္။ သက္ဆိုင္ရာေရွ႕ေနေတြဘက္ကေတာ့ အမႈအတြက္ အထက္တရား႐ုံးေတြဆီ အယူခံတက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

အမႈစစ္ေဆးတဲ့အခ်ိန္ေတြမွာေရာ၊ ဒီေန႔ ျပစ္ဒဏ္ခ်မွတ္တဲ့အခ်ိန္မွာပါ ေနျပည္ေတာ္ အထူးတရား႐ုံးကို သက္ဆိုင္ရာေရွ႕ေနေတြကလြဲၿပီး လာေရာက္ နားေထာင္ခြင့္မေပးသလို အမႈနဲ႔ပတ္သက္ၿပီး ျပင္ပနဲ႔ ေျပာဆိုခြင့္၊ သတင္းမီဒီယာေတြနဲ႔ ေျပာဆိုခြင့္ ေရွ႕ေနေတြကို အာဏာပိုင္ေတြက ပိတ္ပင္ထားပါတယ္။ သတင္းမီဒီယာေတြလည္း ၾကားနာပြဲေတြမွာ တက္ေရာက္ခြင့္မရွိပါဘူး။ ႏိုင္ေတာ္ေတာ္လွ်ဳိ႕ဝွက္ ခ်က္ ခ်ဳိးေဖာက္မႈကို တရားရံုးမွာ ၾကားနာစဥ္ Mr. Turnell ရဲ႕ Laptop computer ထဲမွာ ေတြ႕ရွိတဲ့ အခ်က္အလက္ေတြ၊ မွတ္တမ္းေတြဟာ ႏိုင္ငံ့အက်ိဳးရွိေအာင္ ေဆာင္႐ြက္တဲ့ကိစၥေတြျဖစ္လို႔ လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒနဲ႔ ၿငိစြန္းတဲ့ စာ႐ြက္စာတမ္းေတြမဟုတ္ဘူးလို႔ တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္က ထြက္ဆိုခဲ့တဲ့အေၾကာင္း အမည္မေဖၚလိုတဲ့ တရားေရးသတင္းရပ္ကြက္က ေျပာပါတယ္။ Mr. Turnell ဆီက စီးပြားေရးဆိုင္ရာ မွတ္တမ္းေတြဟာ တရားဝင္ အႀကံေပးခ်က္ေတြသာျဖစ္တယ္လို႔လည္း ျပန္လည္ ေခ်ပေလွ်ာက္လဲခဲ့ေၾကာင္း အမည္မေဖၚလိုတဲ့ ေရွ႕ေနအသိုင္းအဝိုင္းက ေျပာျပပါတယ္။

ဝါရင့္ေရွ႕ေနႀကီးတဦးျဖစ္တဲ့ ဦးႀကီးျမင့္ကေတာ့ သူတို႔ကိုတရားစြဲခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ ပုဒ္မ ၃ (၁) (ဂ) ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း တရာနီးပါး လြတ္လပ္ေရးမရခင္ ၁၉၂၃ ခုႏွစ္ကတည္းက ျပ႒ာန္းခဲ့တဲ့ ဥပေဒျဖစ္ၿပီး မူရင္းဥပေဒပါအခ်က္နဲ႔လည္း မကိုက္ညီဘဲ ‌ဒီ ဥပေဒနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို တရားစြဲဆိုထားတာျဖစ္တယ္လို႔ သူက သုံးသပ္ပါတယ္။

“ဒီကေန႔ခ်တဲ့ လွ်ဳိ႕ဝွက္အက္ဥပေဒဆိုတာ ဥပေဒမေျမာက္ဘူး။ ႏိုင္ငံေတာ္အႀကီးအကဲေတြဟာ ႏိုင္ငံေတာ္အတြက္လုပ္တာ။ တျခားႏိုင္ငံေတြကိုတင္ပို႔တာမဟုတ္ဘူး။ တျခားႏိုင္ငံေတြကို သတင္းျဖန႔္ခ်ီတာ မဟုတ္ဘူး။ ကိုယ့္ႏိုင္ငံစီမံကိန္းေတြအတြက္ ေရွ႕ plan ခ်ဖို႔အတြက္ တရားဝင္ငွားထားတဲ့ ကြၽမ္းက်င္သူေတြလုပ္တာ။ ႏိုင္ငံေတာ္ဘတ္ဂ်က္နဲ႔ ေတြ႔ရာလူေခၚတိတ္တဆိတ္လုပ္တာ မဟုတ္ဘူး။ ဒါက ဘယ္လိုလုပ္ လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒနဲ႔ ၿငိမွာလဲ။ ဒါက အဂၤလိပ္မွာျပဌာန္းၿပီး ကြၽန္ျဖစ္တဲ့အိႏၵိယကိုယူလာတာ။ အခုက သခင္ျဖစ္တဲ့ အဂၤလိပ္မွာလည္း မရွိ၊ ကြၽန္ျဖစ္တဲ့ အိႏၵိယမွာလည္းမရွိ၊ သေဘာက္ျဖစ္တဲ့ ျမန္မာျပည္မွာမွ ရွိေနတာေသးတာကလည္း မလိုအပ္ဘဲ ဒီဥပေဒကိုထားေနတယ္ဆိုတာ ဒုတိယအခ်က္အေနနဲ႔ေျပာခ်င္တာ။ ဒါဟာ ဥပေဒနဲ႔မညီဘူးဆိုတာေျပာခ်င္တယ္။”

Australia ႏိုင္ငံသား ပါေမာကၡ Turnell ကို ျပစ္ဒဏ္ခ်မွတ္လိုက္တာနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ေရွ႕ေနေတြကို VOA က ဆက္သြယ္ေမးခဲ့ေပမယ့္ ေျဖဆိုဖို႔ ျငင္းဆန္ၾကပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်သံ႐ုံးကလည္း မွတ္ခ်က္တစုံတရာ ေျပာဆိုျခင္းမရွိပါဘူး။ အမႈ စစ္ေဆးၾကားနာခ်ိန္ တေလွ်ာက္မွာလည္း Australia သံ႐ုံးတာဝန္ရွိသူ တရားရံုးကို သြားေရာက္ ၾကားနာခြင့္ မရခဲ့ပါဘူး။

Australia ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong ကေတာ့ ပါေမာကၡ Sean Turnell အေပၚ ေထာင္ဒဏ္ျပစ္ဒဏ္ခ်မွတ္တာကို လက္မခံတဲ့အေၾကာင္းနဲ႔ ခ်က္ျခင္းျပန္လႊတ္ေပးဖို႔ ျမန္မာစစ္ေကာင္စီကို ေတာင္းဆိုပါတယ္။

Mr. Turnell ဟာ NLD အစိုးရလက္ထက္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရး အႀကံေပးအျဖစ္ ၂၀၁၇ ခုႏွစ္ကတည္းက စတင္လုပ္ကိုင္ခဲ့ၿပီး စစ္တပ္က အာဏာသိမ္း ၿပီးတဲ့ေနာက္ ပထမဆုံးထိန္းသိမ္းခံရတဲ့ NLD အစိုးရနဲ႔ နီးစပ္တဲ့ ႏိုင္ငံျခားသားတဦးျဖစ္ေၾကာင္းနဲ႔ သူ႔လြတ္ေျမာက္ေရးအတြက္ ဆက္ၿပီး လုပ္ေဆာင္သြားမယ္လို႔ ၾသစေၾတးလ် ႏိ္ုင္ငံျခားေရးဝန္ႀကီးက ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
အမႈေပါင္း ၂၀ နီးပါးနဲ႔တရားစြဲခံရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အခုဆိုရင္ အမႈေပါင္း ၁၃ မႈနဲ႔ စုစုေပါင္း ေထာင္ဒဏ္ခ်ခံရတာ ၂၃ ႏွစ္ ရွိၿပီျဖစ္ပါတယ္။
လက္ရွိမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ အမႈ ၇ မႈကို ဆက္လက္ရင္ဆိုင္ေနရပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္ထံက အေမရိကန္ေဒၚလာ ငါးသိန္းခြဲကို ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ လက္ခံရယူမႈ နဲ႔ပတ္သက္တဲ့ အဂတိမႈ ၂ မႈ၊ ရဟတ္ယာဥ္ ငွားရမ္းဝယ္ယူမႈနဲ႔ဆိုင္တဲ့ အဂတိမႈ ငါးမႈ ျဖစ္ပါတယ္။ အရင္က ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေဆးခဲ့တဲ့အမႈေတြမွာ ၂ ဘက္ ေရွ႕ေနေတြ အၿပီးသတ္ေလွ်ာက္လဲခ်က္ေပးၿပီးရင္ ႐ုံးခ်ိန္း တပတ္နားၿပီး၊ ၂ ပတ္အၾကာမွာ အၿပီးသတ္ အမိန္႔ခ်မွတ္ေလ့ရွိပါတယ္။ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္အမႈမွာေတာ့ အၿပီးသတ္ေလွ်ာက္လဲခ်က္ေပးၿပီး တပတ္အၾကာမွာပဲ ျမန္ျမန္ဆန္ဆန္ အမိန္႔ခ်မွတ္လိုက္တာလို႔လည္း ေရွ႕ေနအသိုင္းအဝိုင္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ထောင်ဒဏ် ၃ နှစ်စီချခံရ

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell အပေါ် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့စွဲဆိုထားတဲ့ အမှုအတွက် ထောင်ဒဏ် ၃ နှစ်စီကျခံဖို့ နေပြည်တော်အထူးတရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell အပြင် အမူတွဲထဲမှာပါတဲ့ NLD အစိုးရလက်ထက်က ဘဏ္ဍာရေးဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ကိုလည်း အလုပ်မပါ ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပါတယ်။

NLD အစိုးရရဲ့စီးပွားရေးအကြံပေး Australia နိုင်ငံသား၊ ပါမောက္ခ Sean Turnell ရဲ့လက်မှာ တွေ့ရှိခဲ့တဲ့မှတ်တမ်း အချက်အလက်တွေအရ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပေဒကိုချိုးဖေါက်မှုနဲ့ အမှုတွဲ တရားစွဲခံရတဲ့ Sean Turnell ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဏ္ဍာရေးဝန်ကြီး ၃ ယောက်ကို နေပြည်တော် အထူးတရားရုံးက ဒီနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။ Sean Turnell အပေါ် နောက်ထပ် စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖေါက်မှုအတွက်လည်း ဒီနေ့ ထောင်ဒဏ် ၃ နှစ်ချပါတယ်။ ပြစ်ဒဏ်ချခံရတဲ့ အမှု ၂ ခုလုံးအတွက် တပေါင်းတည်း ၃ နှစ် ကျခံရမယ်လို့ သတ်မှတ်ပါတယ်။ သက်ဆိုင်ရာရှေ့နေတွေဘက်ကတော့ အမှုအတွက် အထက်တရားရုံးတွေဆီ အယူခံတက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

အမှုစစ်ဆေးတဲ့အချိန်တွေမှာရော၊ ဒီနေ့ ပြစ်ဒဏ်ချမှတ်တဲ့အချိန်မှာပါ နေပြည်တော် အထူးတရားရုံးကို သက်ဆိုင်ရာရှေ့နေတွေကလွဲပြီး လာရောက် နားထောင်ခွင့်မပေးသလို အမှုနဲ့ပတ်သက်ပြီး ပြင်ပနဲ့ ပြောဆိုခွင့်၊ သတင်းမီဒီယာတွေနဲ့ ပြောဆိုခွင့် ရှေ့နေတွေကို အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။ သတင်းမီဒီယာတွေလည်း ကြားနာပွဲတွေမှာ တက်ရောက်ခွင့်မရှိပါဘူး။ နိုင်တော်တော်လျှို့ဝှက် ချက် ချိုးဖောက်မှုကို တရားရုံးမှာ ကြားနာစဉ် Mr. Turnell ရဲ့ Laptop computer ထဲမှာ တွေ့ရှိတဲ့ အချက်အလက်တွေ၊ မှတ်တမ်းတွေဟာ နိုင်ငံ့အကျိုးရှိအောင် ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်လို့ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ငြိစွန်းတဲ့ စာရွက်စာတမ်းတွေမဟုတ်ဘူးလို့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့တဲ့အကြောင်း အမည်မဖေါ်လိုတဲ့ တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။ Mr. Turnell ဆီက စီးပွားရေးဆိုင်ရာ မှတ်တမ်းတွေဟာ တရားဝင် အကြံပေးချက်တွေသာဖြစ်တယ်လို့လည်း ပြန်လည် ချေပလျှောက်လဲခဲ့ကြောင်း အမည်မဖေါ်လိုတဲ့ ရှေ့နေအသိုင်းအဝိုင်းက ပြောပြပါတယ်။

ဝါရင့်ရှေ့နေကြီးတဦးဖြစ်တဲ့ ဦးကြီးမြင့်ကတော့ သူတို့ကိုတရားစွဲခဲ့တဲ့ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာနီးပါး လွတ်လပ်ရေးမရခင် ၁၉၂၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး မူရင်းဥပဒေပါအချက်နဲ့လည်း မကိုက်ညီဘဲ ‌ဒီ ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

“ဒီကနေ့ချတဲ့ လျှို့ဝှက်အက်ဥပဒေဆိုတာ ဥပဒေမမြောက်ဘူး။ နိုင်ငံတော်အကြီးအကဲတွေဟာ နိုင်ငံတော်အတွက်လုပ်တာ။ တခြားနိုင်ငံတွေကိုတင်ပို့တာမဟုတ်ဘူး။ တခြားနိုင်ငံတွေကို သတင်းဖြန့်ချီတာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံစီမံကိန်းတွေအတွက် ရှေ့ plan ချဖို့အတွက် တရားဝင်ငှားထားတဲ့ ကျွမ်းကျင်သူတွေလုပ်တာ။ နိုင်ငံတော်ဘတ်ဂျက်နဲ့ တွေ့ရာလူခေါ်တိတ်တဆိတ်လုပ်တာ မဟုတ်ဘူး။ ဒါက ဘယ်လိုလုပ် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ငြိမှာလဲ။ ဒါက အင်္ဂလိပ်မှာပြဌာန်းပြီး ကျွန်ဖြစ်တဲ့အိန္ဒိယကိုယူလာတာ။ အခုက သခင်ဖြစ်တဲ့ အင်္ဂလိပ်မှာလည်း မရှိ၊ ကျွန်ဖြစ်တဲ့ အိန္ဒိယမှာလည်းမရှိ၊ သဘောက်ဖြစ်တဲ့ မြန်မာပြည်မှာမှ ရှိနေတာသေးတာကလည်း မလိုအပ်ဘဲ ဒီဥပဒေကိုထားနေတယ်ဆိုတာ ဒုတိယအချက်အနေနဲ့ပြောချင်တာ။ ဒါဟာ ဥပဒေနဲ့မညီဘူးဆိုတာပြောချင်တယ်။”

Australia နိုင်ငံသား ပါမောက္ခ Turnell ကို ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရှေ့နေတွေကို VOA က ဆက်သွယ်မေးခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးကလည်း မှတ်ချက်တစုံတရာ ပြောဆိုခြင်းမရှိပါဘူး။ အမှု စစ်ဆေးကြားနာချိန် တလျှောက်မှာလည်း Australia သံရုံးတာဝန်ရှိသူ တရားရုံးကို သွားရောက် ကြားနာခွင့် မရခဲ့ပါဘူး။

Australia နိုင်ငံခြားရေးဝန်ကြီး Penny Wong ကတော့ ပါမောက္ခ Sean Turnell အပေါ် ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်တာကို လက်မခံတဲ့အကြောင်းနဲ့ ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုပါတယ်။

Mr. Turnell ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတဦးဖြစ်ကြောင်းနဲ့ သူ့လွတ်မြောက်ရေးအတွက် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမှုပေါင်း ၂၀ နီးပါးနဲ့တရားစွဲခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုဆိုရင် အမှုပေါင်း ၁၃ မှုနဲ့ စုစုပေါင်း ထောင်ဒဏ်ချခံရတာ ၂၃ နှစ် ရှိပြီဖြစ်ပါတယ်။
လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည် အမှု ၇ မှုကို ဆက်လက်ရင်ဆိုင်နေရပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လက်ခံရယူမှု နဲ့ပတ်သက်တဲ့ အဂတိမှု ၂ မှု၊ ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ဆိုင်တဲ့ အဂတိမှု ငါးမှု ဖြစ်ပါတယ်။ အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ဆေးခဲ့တဲ့အမှုတွေမှာ ၂ ဘက် ရှေ့နေတွေ အပြီးသတ်လျှောက်လဲချက်ပေးပြီးရင် ရုံးချိန်း တပတ်နားပြီး၊ ၂ ပတ်အကြာမှာ အပြီးသတ် အမိန့်ချမှတ်လေ့ရှိပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်အမှုမှာတော့ အပြီးသတ်လျှောက်လဲချက်ပေးပြီး တပတ်အကြာမှာပဲ မြန်မြန်ဆန်ဆန် အမိန့်ချမှတ်လိုက်တာလို့လည်း ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

XS
SM
MD
LG