သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ရာသီတုပ္ေကြးကူးစက္မႈျပင္းထန္


Yangon General Hospital

{{Zawgyi/Unicode}}

ကိုဗစ္တတိယလႈိင္း ျပင္းျပင္းထန္ထန္ႀကဳံထားတဲ့ ျမန္မာႏိုင္ငံမွာ အခု ရာသီတုပ္ေကြးျဖစ္သူေတြ မ်ားေနပါတယ္။ အရင္ရာသီတုပ္ေကြးေတြထက္ ပိုၿပီး ကိုက္ခဲနာက်င္မႈကိုခံစားၾကရတဲ့လူနာေတြ ေတြ႔ရတယ္ လို႔ ဆရာဝန္ေတြက ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါျဖစ္ဖူးသူေတြဆိုလည္း ေတာ္ေတာ္ေလး ေရာဂါဒဏ္ ခံရတယ္လို႔ေျပာပါတယ္။ ဒီအေျခအေနမွာ ရာသီတုပ္ေကြးမကူးေအာင္ ဘယ္လို သတိထားေနထိုင္သင့္ပါသလဲ၊ ရန္ကုန္ကလာတဲ့သတင္းကိုမအိသန႔္စင္က တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ မိုးအကုန္ ေဆာင္းအကူးကာလဆိုရင္ ရာသီတုပ္ေကြးျဖစ္ၾကပါတယ္။ အခု ရာသီတုပ္ေကြးျဖစ္ေနၾကသူ ေတာ္ေတာ္မ်ားမ်ားဟာ အရင္တုပ္ေကြးေတြထက္ ေရာဂါကို ပိုခံစားေနၾကရတယ္လို႔ ေဒါက္တာမိုးေနမင္းက ဗီအိုေအကို ေျပာပါတယ္။

"သုံးပတ္ေလာက္ေတာ့ ရွိၿပီေပါ့ေနာ္၊ သတိထားမိတာ။ ဖ်ားနာတယ္၊ ကိုက္ခဲတဲ့လူနာေတြကို ကိုဗစ္စစ္ၾကည့္တယ္။ Negative ေတြေပါ့ေနာ္။ ရန္ကုန္မွာ။ သို႔ေပမယ့္ ရာသီတုပ္ေကြးက အဆစ္အျမစ္ေတြနာတယ္၊ အရမ္းႏုန္းတယ္ေပါ့၊ အခု ၃ ပတ္ ၄ ပတ္အတြင္း ေတြ႔ရတဲ့ ရာသီတုက္ေကြးေတြကေလ။ က်ေနာ္တို႔ မွတ္မွတ္ရရဆိုရင္ ကိုဗစ္မတိုင္ခင္တုန္းက ဆင္တုပ္ေကြးတို႔... ၿပီးေတာ့ တျခားတုပ္ေကြးေလးေတြ ျဖစ္လိုက္ေသးတယ္။ ေတာ္ေတာ္ခံရတယ္ေလ။ က်ေနာ္ထင္တာေတာ့ အဲလိုမ်ိဳး ဒီတုပ္ေကြးပိုးက နည္းနည္းျပင္းတယ္ေပါ့ေနာ္။”

ကိုဗစ္တတိယလႈိင္းမွာ ကပ္ေရာဂါကူးစက္ခဲ့သူတခ်ဳိ႕ ရာသီတုပ္ေကြးျဖစ္တဲ့အခါ ပိုၿပီး ျပင္းျပင္းထန္ထန္ခံစားရသးေတြလည္း႐ွိပါတယ္။ အခုရာသီတုပ္ေကြဒဏ္ကိုေတာ္ေတာ္ေလး ခံေနရသူေတြလည္း ရန္ကုန္မွာေနထိုင္တဲ့ မနီလာကသူ႔အေတ႔ြအႀကံဳကို ခုလိုေျပာပါတယ္။

"စျဖစ္ျဖစ္ခ်င္းတုန္းက ညဘက္ကေန စဖ်ားတယ္။ ၂ ရက္ေလာက္ပဲ ညဘက္ေတြ အရမ္းဖ်ားတယ္။ က်န္တဲ့ရက္ေတြကက်ေတာ့ ပုံမွန္ပဲ။ အဖ်ားျပတ္သြားလိုက္။ ၿပီးရင္ ျပန္ဖ်ားလာလိုက္။ အဲလိုမ်ိဳးေတြကေတာ့ ဆက္တိုက္ျဖစ္တယ္။ ႏွာေစးတယ္၊ ေခ်ာင္းဆိုးတယ္။ ေဆးေသာက္ၿပီးသြားရင္ လူက ေခြၽးေတြ အရမ္းထြက္လာၿပီး အရမ္းႏုန္းၿပီးေတာ့ ခ်က္ခ်င္းမူးၿပီးေတာ့ ေျခမကိုင္မိ လက္မကိုင္မိ အဲလိုျဖစ္တယ္။"

ရာသီတုပ္ေကြး မကူးေအာင္ ဘယ္လိုေနထုိင္သင့္တယ္ဆုိတာ ေဒါက္တာမိုးေနမင္းက ခုလို အႀကံျပဳပါတယ္။

“ရာသီအကူးအေျပာင္း ျဖစ္တဲ့အတြက္ ေရခ်ိဳးၿပီးရင္ အေအးမပတ္ဖို႔ေပါ့။ ညဘက္ေတြဆို တခ်ိဳ႕ေနရာေတြ နည္းနည္းေအးတယ္။ ၿပီးေတာ့ မိုးအရမ္း႐ြာတဲ့အခ်ိန္မွာ ေအးေတာ့ ညဘက္အိပ္တဲ့အခါမွာ ရင္ဘတ္အလယ္တည့္တည့္ေပါ့ အေအးမပတ္ဖို႔လိုတယ္။ အေအးပတ္တာဆိုရင္ သူကအၿမဲတမ္း အသက္ရႉလမ္းေၾကာင္း ရင္ဘတ္ကေန အေအးပတ္ၾကတာေပါ့ေနာ္။ ဒါက်ေနာ္တို႔ အေတြ႔အႀကဳံေပါ့။”

ရာသီတုပ္ေကြးအျပင္ ေရာဂါမကူးေအာင္၊ အစားအေသာက္ကိုလည္း အား႐ွိေအာင္ စားသင့္တယ္လို႔လည္း သူကေျပာပါတယ္။

“ၿပီးေတာ့ ေနာက္တခုက ထုံးစံအတိုင္း ခုခံအားေကာင္းေအာင္ က်ေနာ့္ရဲ႕ မိတ္ေဆြေတြ၊ လူနာေတြမွာ အလြယ္ေျပာရရင္ ၾကက္ဥ၊ ဒိန္ခ်ဥ္ေပါ့။ ၿပီးေတာ့ ေနေရာင္ျခည္ရေအာင္လည္း ခံခံေပး။ ရန္ကုန္လိုမ်ိဳးေနရာမွာ တခ်ိဳ႕လူေတြက အျပင္မထြက္ေတာ့တဲ့ အခ်ိန္ဆိုရင္ ေနေရာင္ျခည္မထိႏိုင္ဘူးေလ။ ေနေရာင္ျခည္ေလးထိႏိုင္တဲ့ နည္းေလးနဲ႔လုပ္ေပး၊ ၾကက္ဥ၊ ဒိန္ခ်ဥ္ အဲဒါေလးေတြပါ အနည္းဆုံး တပတ္မွာ အစာအာဟာရ မွ်တေအာင္စားရင္ ခုခံအားရတယ္ေပါ့။ ၿပီးရင္ က်န္တဲ့အစားအစာေတြကေတာ့ အသီးအ႐ြက္ေတြ၊ ဟင္းသီးဟင္း႐ြက္ေတြ စားလည္းရပါတယ္။ တို႔စရာစားလည္း ရတာေပါ့ ခုခံအားအတြက္ အလြယ္ေလးေပါ့။"

ကိုဗစ္တတိယလႈိင္း အဆုံးသတ္မယ့္အလားအလာ ရွိေနတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူကေျပာထားပါတယ္။ ဒါေပမယ့္လည္း ေနမေကာင္းဖ်ားနာသူေတြ ျပန္မ်ားလာတာေၾကာင့္ ရာသီတုတ္ေကြးကို သတိထားဂ႐ုျပဳသင့္သလို ကိုဗစ္ေရာဂါျဖစ္ခဲ့ၿပီး သူေတြဟာလည္း ပိုၿပီးေတာ့ဂ႐ုစိုက္သင့္တယ္လို႔ ေဒါက္တာမိုးေနမင္းက အႀကံျပဳထားပါတယ္။

"ကိုဗစ္ျဖစ္ၿပီးတဲ့သူေတြမွာ ၅၀ ရာခိုင္ႏႈန္းေက်ာ္ေလာက္က အဆုတ္မွာ အမာ႐ြတ္ေလးေတြ အနာေလးေတြေပါ့ အလြယ္ေျပာရင္ အမာ႐ြတ္လိုမ်ိဳး က်န္ခဲ့တယ္။ အဲအတြက္ကို အဆုတ္ေလ့က်င့္ခန္း အသက္ရႉေလ့က်င့္ခန္း လုပ္ရတယ္။ အဲေတာ့ အသက္ရႉေလ့က်င့္ခန္းေတြလည္း အင္တာနက္ေပၚမွာ ရွိပါတယ္။ MyanmarDrug.com မွာလည္း က်ေနာ္ေရးထားတဲ့ ေဆာင္းပါးေတြ စုစည္းေပးထားတာ အမ်ားႀကီးရွိတယ္။ ေနာက္တခုကေတာ့ ကိုဗစ္ျဖစ္ၿပီးသားလူေတြက ေသြးေတြျပန္ခဲႏိုင္တယ္၊ ပိတ္ႏိုင္တဲ့အတြက္ ေျခေထာက္ေလ့က်င့္ခန္းေလးေတြ လုပ္ေပးသင့္တယ္ေပါ့။ ေနာက္တခု အေရးႀကီးဆုံးက အခုဆိုရင္ေတာ့ လူတိုင္းသေဘာေပါက္လာၿပီ။ ကာကြယ္ေဆးေတြ ထိုးၾကတယ္ေပါ့ေနာ္။ ကိုဗစ္ျဖစ္ၿပီးတဲ့သူဆိုလည္း ၃ ပတ္၊ ၄ ပတ္ အေျခအေနၾကည့္ၿပီး သက္ဆိုင္ရာ ဆရာဝန္ေတြနဲ႔တိုင္ပင္ၿပီး ကာကြယ္ေဆးထိုးလို႔ ရတယ္ေပါ့ေနာ္။ ကိုဗစ္ကေတာ့ လက္ေဆး၊ Mask တပ္ေပါ့ ဒါကေတာ့ အၿမဲလုပ္ရမွာ။ က်ေနာ္တို႔ အခု ၃ ပတ္၊ ၄ ပတ္အတြင္းမွာ အျပင္သြားရင္ သတိထားမိတာ လူေတြ Mask ေတြမတပ္ဘဲနဲ႔ သြားေနတာေတြ ျပန္ေတြ႔ရတယ္။"

ကပ္ေရာဂါျဖစ္ပြား ကူးစက္မႈနဲ႔ ေရာဂါေဝဒနာ အျပင္းအထန္ခံစားရတာေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးဖို႔ကိုလည္း က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းေနပါတယ္။ ဒါ့အျပင္ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ၾကဥ္တာ၊ လက္ေဆးတာ၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္းတပ္တာေတြကိုလည္း ဆက္ၿပီးလိုက္နာၾကဖို႔ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

မြန်မာနိုင်ငံတွင်း ရာသီတုပ်ကွေးကူးစက်မှုပြင်းထန်

ကိုဗစ်တတိယလှိုင်း ပြင်းပြင်းထန်ထန်ကြုံထားတဲ့ မြန်မာနိုင်ငံမှာ အခု ရာသီတုပ်ကွေးဖြစ်သူတွေ များနေပါတယ်။ အရင်ရာသီတုပ်ကွေးတွေထက် ပိုပြီး ကိုက်ခဲနာကျင်မှုကိုခံစားကြရတဲ့လူနာတွေ တွေ့ရတယ် လို့ ဆရာဝန်တွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ဖူးသူတွေဆိုလည်း တော်တော်လေး ရောဂါဒဏ် ခံရတယ်လို့ပြောပါတယ်။ ဒီအခြေအနေမှာ ရာသီတုပ်ကွေးမကူးအောင် ဘယ်လို သတိထားနေထိုင်သင့်ပါသလဲ၊ ရန်ကုန်ကလာတဲ့သတင်းကိုမအိသန့်စင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မိုးအကုန် ဆောင်းအကူးကာလဆိုရင် ရာသီတုပ်ကွေးဖြစ်ကြပါတယ်။ အခု ရာသီတုပ်ကွေးဖြစ်နေကြသူ တော်တော်များများဟာ အရင်တုပ်ကွေးတွေထက် ရောဂါကို ပိုခံစားနေကြရတယ်လို့ ဒေါက်တာမိုးနေမင်းက ဗီအိုအေကို ပြောပါတယ်။

"သုံးပတ်လောက်တော့ ရှိပြီပေါ့နော်၊ သတိထားမိတာ။ ဖျားနာတယ်၊ ကိုက်ခဲတဲ့လူနာတွေကို ကိုဗစ်စစ်ကြည့်တယ်။ Negative တွေပေါ့နော်။ ရန်ကုန်မှာ။ သို့ပေမယ့် ရာသီတုပ်ကွေးက အဆစ်အမြစ်တွေနာတယ်၊ အရမ်းနုန်းတယ်ပေါ့၊ အခု ၃ ပတ် ၄ပတ်အတွင်း တွေ့ရတဲ့ ရာသီတုက်ကွေးတွေကလေ။ ကျနော်တို့ မှတ်မှတ်ရရဆိုရင် ကိုဗစ်မတိုင်ခင်တုန်းက ဆင်တုပ်ကွေးတို့... ပြီးတော့ တခြားတုပ်ကွေးလေးတွေ ဖြစ်လိုက်သေးတယ်။ တော်တော်ခံရတယ်လေ။ ကျနော်ထင်တာတော့ အဲလိုမျိုး ဒီတုပ်ကွေးပိုးက နည်းနည်းပြင်းတယ်ပေါ့နော်။”

ကိုဗစ်တတိယလှိုင်းမှာ ကပ်ရောဂါကူးစက်ခဲ့သူတချို့ ရာသီတုပ်ကွေးဖြစ်တဲ့အခါ ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရသးတွေလည်းရှိပါတယ်။ အခုရာသီတုပ်ကွေဒဏ်ကိုတော်တော်လေး ခံနေရသူတွေလည်း ရန်ကုန်မှာနေထိုင်တဲ့ မနီလာကသူ့အတေ့ွအကြုံကို ခုလိုပြောပါတယ်။

"စဖြစ်ဖြစ်ချင်းတုန်းက ညဘက်ကနေ စဖျားတယ်။ ၂ ရက်လောက်ပဲ ညဘက်တွေ အရမ်းဖျားတယ်။ ကျန်တဲ့ရက်တွေကကျတော့ ပုံမှန်ပဲ။ အဖျားပြတ်သွားလိုက်။ ပြီးရင် ပြန်ဖျားလာလိုက်။ အဲလိုမျိုးတွေကတော့ ဆက်တိုက်ဖြစ်တယ်။ နှာစေးတယ်၊ ချောင်းဆိုးတယ်။ ဆေးသောက်ပြီးသွားရင် လူက ချွေးတွေ အရမ်းထွက်လာပြီး အရမ်းနုန်းပြီးတော့ ချက်ချင်းမူးပြီးတော့ ခြေမကိုင်မိ လက်မကိုင်မိ အဲလိုဖြစ်တယ်။"

ရာသီတုပ်ကွေး မကူးအောင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ ဒေါက်တာမိုးနေမင်းက ခုလို အကြံပြုပါတယ်။

“ရာသီအကူးအပြောင်း ဖြစ်တဲ့အတွက် ရေချိုးပြီးရင် အအေးမပတ်ဖို့ပေါ့။ ညဘက်တွေဆို တချို့နေရာတွေ နည်းနည်းအေးတယ်။ ပြီးတော့ မိုးအရမ်းရွာတဲ့အချိန်မှာ အေးတော့ ညဘက်အိပ်တဲ့အခါမှာ ရင်ဘတ်အလယ်တည့်တည့်ပေါ့ အအေးမပတ်ဖို့လိုတယ်။ အအေးပတ်တာဆိုရင် သူကအမြဲတမ်း အသက်ရှူလမ်းကြောင်း ရင်ဘတ်ကနေ အအေးပတ်ကြတာပေါ့နော်။ ဒါကျနော်တို့ အတွေ့အကြုံပေါ့။”

ရာသီတုပ်ကွေးအပြင် ရောဂါမကူးအောင်၊ အစားအသောက်ကိုလည်း အားရှိအောင် စားသင့်တယ်လို့လည်း သူကပြောပါတယ်။

“ပြီးတော့ နောက်တခုက ထုံးစံအတိုင်း ခုခံအားကောင်းအောင် ကျနော့်ရဲ့ မိတ်ဆွေတွေ၊ လူနာတွေမှာ အလွယ်ပြောရရင် ကြက်ဥ၊ ဒိန်ချဉ်ပေါ့။ ပြီးတော့ နေရောင်ခြည်ရအောင်လည်း ခံခံပေး။ ရန်ကုန်လိုမျိုးနေရာမှာ တချို့လူတွေက အပြင်မထွက်တော့တဲ့ အချိန်ဆိုရင် နေရောင်ခြည်မထိနိုင်ဘူးလေ။ နေရောင်ခြည်လေးထိနိုင်တဲ့ နည်းလေးနဲ့လုပ်ပေး၊ ကြက်ဥ၊ ဒိန်ချဉ် အဲဒါလေးတွေပါ အနည်းဆုံး တပတ်မှာ အစာအာဟာရ မျှတအောင်စားရင် ခုခံအားရတယ်ပေါ့။ ပြီးရင် ကျန်တဲ့အစားအစာတွေကတော့ အသီးအရွက်တွေ၊ ဟင်းသီးဟင်းရွက်တွေ စားလည်းရပါတယ်။ တို့စရာစားလည်း ရတာပေါ့ ခုခံအားအတွက် အလွယ်လေးပေါ့။"

ကိုဗစ်တတိယလှိုင်း အဆုံးသတ်မယ့်အလားအလာ ရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောထားပါတယ်။ ဒါပေမယ့်လည်း နေမကောင်းဖျားနာသူတွေ ပြန်များလာတာကြောင့် ရာသီတုတ်ကွေးကို သတိထားဂရုပြုသင့်သလို ကိုဗစ်ရောဂါဖြစ်ခဲ့ပြီး သူတွေဟာလည်း ပိုပြီးတော့ဂရုစိုက်သင့်တယ်လို့ ဒေါက်တာမိုးနေမင်းက အကြံပြုထားပါတယ်။

"ကိုဗစ်ဖြစ်ပြီးတဲ့သူတွေမှာ ၅၀ ရာခိုင်နှုန်းကျော်လောက်က အဆုတ်မှာ အမာရွတ်လေးတွေ အနာလေးတွေပေါ့ အလွယ်ပြောရင် အမာရွတ်လိုမျိုး ကျန်ခဲ့တယ်။ အဲအတွက်ကို အဆုတ်လေ့ကျင့်ခန်း အသက်ရှူလေ့ကျင့်ခန်း လုပ်ရတယ်။ အဲတော့ အသက်ရှူလေ့ကျင့်ခန်းတွေလည်း အင်တာနက်ပေါ်မှာ ရှိပါတယ်။ MyanmarDrug.com မှာလည်း ကျနော်ရေးထားတဲ့ ဆောင်းပါးတွေ စုစည်းပေးထားတာ အများကြီးရှိတယ်။ နောက်တခုကတော့ ကိုဗစ်ဖြစ်ပြီးသားလူတွေက သွေးတွေပြန်ခဲနိုင်တယ်၊ ပိတ်နိုင်တဲ့အတွက် ခြေထောက်လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်တယ်ပေါ့။ နောက်တခု အရေးကြီးဆုံးက အခုဆိုရင်တော့ လူတိုင်းသဘောပေါက်လာပြီ။ ကာကွယ်ဆေးတွေ ထိုးကြတယ်ပေါ့နော်။ ကိုဗစ်ဖြစ်ပြီးတဲ့သူဆိုလည်း ၃ ပတ်၊ ၄ ပတ် အခြေအနေကြည့်ပြီး သက်ဆိုင်ရာ ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကာကွယ်ဆေးထိုးလို့ ရတယ်ပေါ့နော်။ ကိုဗစ်ကတော့ လက်ဆေး၊ Mask တပ်ပေါ့ ဒါကတော့ အမြဲလုပ်ရမှာ။ ကျနော်တို့ အခု ၃ ပတ်၊ ၄ ပတ်အတွင်းမှာ အပြင်သွားရင် သတိထားမိတာ လူတွေ Mask တွေမတပ်ဘဲနဲ့ သွားနေတာတွေ ပြန်တွေ့ရတယ်။"

ကပ်ရောဂါဖြစ်ပွား ကူးစက်မှုနဲ့ ရောဂါဝေဒနာ အပြင်းအထန်ခံစားရတာတွေကို လျှော့ချနိုင်ဖို့အတွက် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးဖို့ကိုလည်း ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ဒါ့အပြင် လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်တာ၊ လက်ဆေးတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာတွေကိုလည်း ဆက်ပြီးလိုက်နာကြဖို့ သတိပေးထားပါတယ်။

#MyanmarHealth #Flu #VOABurmese#ရာသီတုပ်ကွေး#မိုးနေမင်း#ကိုဗစ်

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG