သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်စက်ပြင်ဆရာ လေယာဉ်ကြီးကို ခိုးမောင်း


Stolen Plane
Stolen Plane

ဝါရှင်တန်ပြည်နယ် Seattle မြို့မှာ လေယာဉ်စက်ပြင်တဦးဟာ လေယာဉ်တစီးကို ခိုးယူပြီး လေယာဉ်ကို စတန့်ထွင် မောင်းနှင်ခဲ့ပြီးနောက် တောင် Puget Sound ဒေသတွင်းက လူနေကြဲပါးတဲ့ Ketron ကျွန်းပေါ် ပျက်ကျခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် လေယာဉ်ထိန်းသိမ်းပြင်ဆင်ရေးဌာန ဝန်ထမ်းတဦးဟာ Horizon လေကြောင်းလိုင်းက Q400 ပန်ကာ ၂ လုံးတပ် လေယာဉ်ကို Seattle Tacoma နိုင်ငံ တကာ လေဆိပ်ကနေ ခိုးယူမောင်းနှင်ခဲ့တာလို့ Pierce ခရိုင် ရဲဌာနက တွိတာမှာ ရေးသားပါတယ်။ လေယာဉ်ထိန်းသိမ်းရေးမျှော်စင်နဲ့ ပြောကြားတဲ့ အသံဖိုင် ထဲမှာတော့ လေယာဉ်မောင်းသူကို Rich ဆိုပြီး ခေါ်ဆိုတာကို ကြားခဲ့ရပါတယ်။ အဲဒီနောက် လေယာဉ်မောင်း သူက သူဟာ အခက်အခဲတွေရင်ဆိုင်နေရသူတဦးဖြစ်ပြီး ခပ်ကြောင်ကြောင်ဖြစ်နေတယ်လို့ ပြောကြား တာကို လည်း ကြားကြရပါတယ်။

Horizon လေကြောင်းလိုင်း တာဝန်ခံတဦးဖြစ်သူ Constance vo Muehlen က လေယာဉ် ပျက်ကျရာမှာ သေဆုံးခဲ့သူရဲ့ မိသားစုနဲ့အတူ ထပ်တူကြေကွဲမိပါတယ်လို့ ပြောပါတယ်။ အခုလို လေယာဉ်ပျက်ကျရာမှာ သေဆုံးသူရဲ့နာမည်ကိုတော့ လေကြောင်းလိုင်းက ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိသေးပါဘူး။

လေယာဉ်ကို ခိုးယူမောင်းနှင်ခဲ့ပြီးနောက်မှာ ဂျက်တိုက်လေယာဉ် ၂ စီးကိုလည်း အနီး ကနေ လိုက်ပါ ကြည့်ရှု စေခဲ့ပါတယ်။ ဒါပေမယ့်လည်း လေယာဉ်ပျက်ကျ တာမှာတော့ ဂျက်တိုက်လေယာဉ်တွေနဲ့ ပတ်သက်ခြင်း မရှိဘူးလို့ ရဲဌာနကပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ အနေအထား မျိုးလည်း မတွေ့ရကြောင်းနဲ့ လေယာဉ်ကို စိတ်ထင်တိုင်းမောင်းရာကနေ ပျက်ကျခဲ့တာလို့ Pierce ခရိုင် ရဲအရာရှိ Paul Pastor က ပြောပါတယ်။ လေယာဉ်ပျက်ကျချိန်မှာ လေယာဉ်ပေါ်မှာ တခြားဘယ်သူမှ ရှိမနေခဲ့ပါဘူး။

လေယာဉ်စက်ပြင်ဆရာ လေယာဉ်ကြီးကို ခိုးမောင်း
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG