သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဂျီးရီးယား လေယာဉ်ပျက်က Black Box တစ်ခု ထပ်တွေ့


အဲယား အယ်လ်ဂျီးရီးယားလေယာဉ်ပျက်နေရာမှာ သတင်းယူနေကြတဲ့ သတင်းထောက်များ။(ဂျူလိုင် ၂၆၊ ၂၀၁၄)
အဲယား အယ်လ်ဂျီးရီးယားလေယာဉ်ပျက်နေရာမှာ သတင်းယူနေကြတဲ့ သတင်းထောက်များ။(ဂျူလိုင် ၂၆၊ ၂၀၁၄)

ကြာသပတေးနေ့က မာလီမှာ ပျက်ကျခဲ့တဲ့ အဲယား အယ်လ်ဂျီးရီးယား လေယာဉ်ရဲ့ ဒုတိယ ပျံသန်းမှုမှတ်တမ်း BLACK BOX ကို စုံစမ်းစစ်ဆေးသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လူပေါင်း ၁၂၀ နီးပါး သေဆုံးခဲ့တဲ့ ဒီလေယာဉ်ပျက်ကျမှု ဘာကြောင့်ဖြစ်ပွါးခဲ့တယ်ဆိုတာကို သူတို့ ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း တိုးလာနေပါတယ်။ လေယာဉ်ပျံသန်းမှုမှတ်တမ်းကို အောင်အောင်မြင်မြင်နဲ့ ရှာတွေခဲ့တဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက စနေနေ့က ကြေညာပါတယ်။

ကြာသပတေးနေ့တုန်းက လေယာဉ်ဟာ Burkina Faso ကနေ အယ်ဂျီးရီးယားကိုသွားစဉ်မှာ လူသူအရောက်အပေါက်နည်းတဲ့ ဒေသအတွင်း ပျက်ကျခဲ့တာပါ။ ပျက်ကျပြီး နာရီပိုင်းအတွင်းမှာတော့ ပထမ ဘလက်ဘောက်က်စ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လေယာဉ်ဘာကြောင့် အခုလို ပျက်ကျခဲ့တယ်ဆိုတာကို အတိအကျ မပြောနိုင်သေးပေမယ့် ရာသီဥတုကြောင့် ဖြစ်နိုင်တယ်ဆိုပြီး စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့အချိန်မှာ အင်အားကောင်းတဲ့ သဲမုန်တိုင်းတခုဟာ မာလီမြောက်ပိုင်းမှာ တိုက်ခတ်နေပြီး ရေဒါပေါ်ကနေ လေယာဉ် မပျောက်ကွယ်ခင်ကလေးမှာ လေယာဉ်မှူးဟာ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG