ကန္ဝန္ႀကီး Blinken ကိုဗစ္ကူးစက္ခံရ
{{Zawgyi/Unicode}}
အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken ဗုဒၶဟူးေန႔က ကုိဗစ္ ၁၉ စစ္ေဆးခဲ့ရာ ကုိဗစ္ပုိးကူးဆက္ခံထားရေၾကာင္းေတြ႔ရွိခဲ့ရတဲ့အတြက္ သူ႔ရဲ့လုပ္ငန္းေဆာင္တာေတြကုိ အြန္လုိင္းကေနတဆင့္ ေဆာင္ရြက္ဖုိ႔ ေျပာင္းလဲစီစဥ္ထားေၾကာင္း အေမရိကန္ႏုိင္ ငံျခားေရး၀န္ႀကီးဌာနကေျပာဆုိပါတယ္။
“၀န္ႀကီး Blinken ဟာ ကုိဗစ္ပုိး ကူးဆက္ခံရပါတယ္။ သတင္းေကာင္းကေတာ့ သူဟာ ကာကြယ္ေဆးအျပည့္ထုိးထားပါတယ္။ အားျဖည့္ကာကြယ္ေဆးေတြလည္းထုိးထားပါတယ္။ သူကူးဆက္ခံရတဲ့ ကုိဗစ္ေရာဂါလကၡဏာဟာ အားေပ်ာ့တဲ့အမ်ိဳးအစား ျဖစ္ပါတယ္။ အခုအခါ အိမ္မွာဘဲသီးျခားခဲြေနၿပီး၊ ျပန္ေကာင္းတာနဲ႔ ရုံးျပန္တက္ဖုိ႔ သူ့အေနနဲ့ေမွ်ာ္လင့္ ထားပါတယ္” လုိ့ ႏုိင္ငံျခားေရး၀န္ႀကီးဌာနေျပာေရးဆုိခြင့္ရွိသူ Ned Price ကေျပာဆုိ သြားတာပါ။
၀န္ႀကီး Blinken ဟာ လြန္ခဲ့တဲ့ရက္ေတြအတြင္း သမတ ဂ်ိဳးဘုိင္ဒင္နဲ႔ ေတြ႔ဆုံခဲ့ျခင္းမရွိတဲ့အတြက္၊ သူနဲ့အနီးကပ္ေတြ႔ဆုံခဲ့သူေတြထဲမွာ သမၼတ ဘုိင္ဒင္ ပါ၀င္တယ္လုိ႔ မယူဆပါဘူး။
ႏုိင္ငံျခားေရး၀န္ႀကီး Blinken က တရုတ္ႏုိင္ငံျခားေရး မူ၀ါဒနဲ့ပတ္သက္ၿပီး ၾကာသပေတးေန႔မွာ ေျပာဆုိဖုိ့ စီစဥ္ထားတာကုိလည္း ဖ်က္လုိက္ရတယ္လု႔ိ ေျပာေရးဆုိခြင့္ရွိသူ Ned Price ကေျပာဆုိပါတယ္။
၀န္ႀကီးBlinken ဟာ ၿပီးခဲ့တဲ့ စေနေန႔ညေနတုန္းက Washington ေဟာ္တယ္မွာျပဳလုပ္ခဲ့ၿပီး၊ လူအမ်ားတက္ေရာက္ခဲ့တဲ့ အိမ္ျဖဴေတာ္ သတင္းေထာက္မ်ားအသင္း ညစာစားပဲြ ကုိတက္ေရာက္ခဲ့ပါေသးတယ္။
...................................................
ကန်ဝန်ကြီး Blinken ကိုဗစ်ကူးစက်ခံရ
{{Zawgyi/Unicode}}
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က ကိုဗစ် ၁၉ စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးကူးဆက်ခံထားရကြောင်းတွေ့ရှိခဲ့ရတဲ့အတွက် သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို အွန်လိုင်းကနေတဆင့် ဆောင်ရွက်ဖို့ ပြောင်းလဲစီစဉ်ထားကြောင်း အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနကပြောဆိုပါတယ်။
“ဝန်ကြီး Blinken ဟာ ကိုဗစ်ပိုး ကူးဆက်ခံရပါတယ်။ သတင်းကောင်းကတော့ သူဟာ ကာကွယ်ဆေးအပြည့်ထိုးထားပါတယ်။ အားဖြည့်ကာကွယ်ဆေးတွေလည်းထိုးထားပါတယ်။ သူကူးဆက်ခံရတဲ့ ကိုဗစ်ရောဂါလက္ခဏာဟာ အားပျော့တဲ့အမျိုးအစား ဖြစ်ပါတယ်။ အခုအခါ အိမ်မှာဘဲသီးခြားခွဲနေပြီး၊ ပြန်ကောင်းတာနဲ့ ရုံးပြန်တက်ဖို့ သူ့အနေနဲ့မျှော်လင့် ထားပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price ကပြောဆို သွားတာပါ။
ဝန်ကြီး Blinken ဟာ လွန်ခဲ့တဲ့ရက်တွေအတွင်း သမတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိတဲ့အတွက်၊ သူနဲ့အနီးကပ်တွေ့ဆုံခဲ့သူတွေထဲမှာ သမ္မတ ဘိုင်ဒင် ပါဝင်တယ်လို့ မယူဆပါဘူး။
နိုင်ငံခြားရေးဝန်ကြီး Blinken က တရုတ်နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ ပြောဆိုဖို့ စီစဉ်ထားတာကိုလည်း ဖျက်လိုက်ရတယ်လု့ိ ပြောရေးဆိုခွင့်ရှိသူ Ned Price ကပြောဆိုပါတယ်။
ဝန်ကြီးBlinken ဟာ ပြီးခဲ့တဲ့ စနေနေ့ညနေတုန်းက Washington ဟော်တယ်မှာပြုလုပ်ခဲ့ပြီး၊ လူအများတက်ရောက်ခဲ့တဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ ကိုတက်ရောက်ခဲ့ပါသေးတယ်။