သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအစိုးရ ထိပ္တန္းအရာရွိတခ်ိဳ႕ ရာထူးကႏုတ္ထြက္


အစည္းအေဝးတခုအတြင္းေတြ႔တရတဲ့ ယူကရိန္းသမၼတ ဗေလာ္ဒီမီယာဇလန္းစကီး (ဇန္နဝါရီ ၁၁၊ ၂၀၂၃)

ယူကရိန္းအစိုးရအဖြဲ႕အတြင္း ရာထူးနဲ႔ လူအေျပာင္းအလဲေတြ လုပ္ေဆာင္မယ္လို႔ သမၼတဗေလာ္ဒီမီယာဇလန္းစကီးက ဒီကေန႔ ေျပာဆိုအၿပီး မၾကာခင္မွာဘဲ အဆင့္ျမင့္ ယူကရိန္းအရာရွိတခ်ိဳ႕ ရာထူးက ႏႈတ္ထြက္သြားၾကပါတယ္။

ယူကရိန္းတပ္ဖြဲ႕ေတြအတြက္ ေထာက္ပံ့ေပးေရး တာဝန္ယူထားတဲ့ ဒုတိယကာကြယ္ေရးႀကီး Viacheslav Shapovalov ရာထူးက ႏႈတ္ထြက္သြားပါတယ္။ စားေသာက္ကုန္ ဝယ္ယူရာမွာ အဂတိလိုက္စားမႈေတြ ရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈေတြထြက္ေပၚေနေပမယ့္ သူကေတာ့ အဲဒီကိစၥကို ျငင္းဆိုထားပါတယ္။

သမၼတ႐ုံး ဒုတိယ ၫႊန္ၾကားေရးမႉး Kyrylo Tymoshenko နဲ႔ လက္ေထာက္ အစိုးရစြဲခ် ေရွ႕ေနခ်ဳပ္ Oleksiy Symonenko တို႔ ၂ ဦးလည္း ရာထူးက အသီးသီး ႏႈတ္ထြက္သြားၾကေပမယ့္ ဘာေၾကာင့္ အခုလို ႏႈတ္ထြက္တယ္ဆိုတာေတာ့ ထုတ္ေဖာ္ ေျပာဆိုၾကျခင္း မရွိပါဘူး။

အစိုးရဝန္ႀကီးဌာနအသီးသီးမွာ တာဝန္ထမ္းေဆာင္ၾကတဲ့သူေတြ၊ အဲဒီဌာနေတြရဲ႕ ဖြဲ႕စည္း အုပ္ခ်ဳပ္ပုံေတြနဲ႔သက္ဆိုင္တဲ့ ဆုံးျဖတ္ခ်က္ေတြကို ဒီကေန႔မွာေရာ အနာဂတ္မွာပါ က်ေနာ္တို႔ ခ်ၾကရမွာပါလို႔ သမၼတဇလန္းစကီးက တိုင္းျပည္ကို ေန႔စဥ္ ေျပာၾကားတဲ့ မိန႔္ခြန္းအတြင္း တနလၤာေန႔က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ယူကရိန်းအစိုးရ ထိပ်တန်းအရာရှိတချို့ ရာထူးကနှုတ်ထွက်
ယူကရိန်းအစိုးရအဖွဲ့အတွင်း ရာထူးနဲ့ လူအပြောင်းအလဲတွေ လုပ်ဆောင်မယ်လို့ သမ္မတဗလော်ဒီမီယာဇလန်းစကီးက ဒီကနေ့ ပြောဆိုအပြီး မကြာခင်မှာဘဲ အဆင့်မြင့် ယူကရိန်းအရာရှိတချို့ ရာထူးက နှုတ်ထွက်သွားကြပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေအတွက် ထောက်ပံ့ပေးရေး တာဝန်ယူထားတဲ့ ဒုတိယကာကွယ်ရေးကြီး Viacheslav Shapovalov ရာထူးက နှုတ်ထွက်သွားပါတယ်။ စားသောက်ကုန် ဝယ်ယူရာမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေထွက်ပေါ်နေပေမယ့် သူကတော့ အဲဒီကိစ္စကို ငြင်းဆိုထားပါတယ်။

သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူး Kyrylo Tymoshenko နဲ့ လက်ထောက် အစိုးရစွဲချ ရှေ့နေချုပ် Oleksiy Symonenko တို့ ၂ ဦးလည်း ရာထူးက အသီးသီး နှုတ်ထွက်သွားကြပေမယ့် ဘာကြောင့် အခုလို နှုတ်ထွက်တယ်ဆိုတာတော့ ထုတ်ဖော် ပြောဆိုကြခြင်း မရှိပါဘူး။

အစိုးရဝန်ကြီးဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်ကြတဲ့သူတွေ၊ အဲဒီဌာနတွေရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ဒီကနေ့မှာရော အနာဂတ်မှာပါ ကျနော်တို့ ချကြရမှာပါလို့ သမ္မတဇလန်းစကီးက တိုင်းပြည်ကို နေ့စဉ် ပြောကြားတဲ့ မိန့်ခွန်းအတွင်း တနင်္လာနေ့က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG