သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ရွန္ဟိုင္းၿမိဳ႕မွာ ကိုဗစ္စစ္ေဆးေရး သတ္မွတ္ခ်က္တခ်ဳိ႕ေလွ်ာ့ခ် 


People walk on a street in the Jing'an district in Shanghai on Dec. 3, 2022.

တရုတ္ႏိုင္ငံ ရဲ႕ စီးပြားေရး အခ်က္အျခာျဖစ္တဲ့ ရွန္ဟိုင္းၿမိဳ႕မွာ ကိုဗစ္ေရာဂါ ပိုးရွိမရွိ စမ္းသပ္ဖို႔ သတ္မွတ္ခ်က္တခ်ဳိ႕ကို တနလၤာေန႔ ကစၿပီး ေလွ်ာ့ေပါ့ေပးလိုက္ပါတယ္။

ရွန္ဟိုင္းၿမိဳ႕မွာ ကိုဗစ္စစ္ေဆးေရး သတ္မွတ္ခ်က္တခ်ဳိ႕ေလွ်ာ့ခ်

{{Zawgyi/Unicode}}
တရုတ္ႏိုင္ငံ ရဲ႕ စီးပြားေရး အခ်က္အျခာျဖစ္တဲ့ ရွန္ဟိုင္းၿမိဳ႕မွာ ကိုဗစ္ေရာဂါ ပိုးရွိမရွိ စမ္းသပ္ဖို႔ သတ္မွတ္ခ်က္တခ်ဳိ႕ကို တနလၤာေန႔ ကစၿပီး ေလွ်ာ့ေပါ့ေပးလိုက္ပါတယ္။ ကိုဗစ္ေရာဂါ လုံး၀ ပေပ်ာက္ေရး Zero Covid ေပၚလစီ ေၾကာင့္ ကန္႔သတ္မႈေတြ အေပၚ ႏိုင္ငံတဝွမ္း ဆန္႔က်င္ဆႏၵျပခဲ့ၿပီးေနာက္ အာဏာပိုင္ေတြ ေျဖေလွ်ာ့မႈေတြကို လုပ္ေဆာင္ၾကတဲ့ အထဲမွာ ဒါဟာေနာက္ဆုံး ျဖစ္စဥ္ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ရက္ေတြက တရုတ္ႏိုင္ငံ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ရုတ္တရက္ ဆႏၵျပပြဲေတြ ေပၚေပါက္လာၿပီးေနာက္ အစိုးရကေန ေနရာအႏွံ ၿမိဳ႕ေတြမွာ ကိုဗစ္ကပ္ေရာဂါ ဆိုင္ရာ ကန္႔သတ္ တားျမစ္မႈေတြကို ေလွ်ာ့ေပါ့ရုပ္သိမ္းေပးလိုက္ပါတယ္။ ရွန္ဟိုင္းၿမိဳ႕ေန လူထုအေနနဲ႔ ၿပီးခဲ့တဲ့ ၂ရက္က ကိုဗစ္ကပ္ေရာဂါပိုး မရွိေၾကာင္း ေဆးစစ္ၿပီးတဲ့ အေထာက္အထား ျပစရာမလိုေတာ့ပဲ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြကို စီနင္းခြင့္ ၊ အမ်ားျပည္သူ အပန္းေျဖႏိုင္တဲ့ ပန္းၿခံေတြ နဲ႔ ႏိုင္ငံျခား ခရီးသြားေတြ စိတ္ဝင္စားတဲ့ေနရာေတြကို သြားေရာက္ခြင့္ရွိေၾကာင္း အစိုးရကေန WeChat လူမႈကြန္ယက္ကေန တနဂၤေႏြေန႔က ထုတ္ျပန္လုိက္ပါတယ္။

ရွန္ဟိုင္းၿမိဳ႕ေန လူဦးေရ ၂၃ သန္းေက်ာ္ဟာ ကိုဗစ္ကပ္ေရာဂါ ကန္႔သတ္ခ်က္ေတြေၾကာင့္ ဒီႏွစ္အတြင္း လအေတာ္ၾကာ အသြားအလာ တားျမစ္တာခံခဲ့ရတဲ့အတြက္ေၾကာင့္ ျပည္တြင္း စီးပြားေရးအေပၚ အႀကိးအက်ယ္ ထိခိုက္ သက္ေရာက္မႈေတြ ရွိခဲ့ပါတယ္။

ေပက်င္း၊ တီယန္ဂ်င္း။ ရွန္ဇန္း၊ ခ်ိန္ဒူး စတဲ့ ၿမိဳ႕ႀကီးေတြမွာ ၿပီးခဲ့တဲ့ စေနေန႔ကစၿပီး အမ်ားျပည္သူနဲ႔ ဆိုင္တဲ့လုပ္ငန္း၊ေနရာေတြမွာ ကိုဗစ္ကပ္ေရာဂါ ကင္းရွင္းေၾကာင္းအေထာက္အထားျပစရာမလိုအပ္ေတာ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

ရှန်ဟိုင်းမြို့မှာ ကိုဗစ်စစ်ဆေးရေး သတ်မှတ်ချက်တချို့လျှော့ချ

{{Zawgyi/Unicode}}
တရုတ်နိုင်ငံ ရဲ့ စီးပွားရေး အချက်အခြာဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ကိုဗစ်ရောဂါ ပိုးရှိမရှိ စမ်းသပ်ဖို့ သတ်မှတ်ချက်တချို့ကို တနင်္လာနေ့ ကစပြီး လျှော့ပေါ့ပေးလိုက်ပါတယ်။ ကိုဗစ်ရောဂါ လုံး၀ ပပျောက်ရေး Zero Covid ပေါ်လစီ ကြောင့် ကန့်သတ်မှုတွေ အပေါ် နိုင်ငံတဝှမ်း ဆန့်ကျင်ဆန္ဒပြခဲ့ပြီးနောက် အာဏာပိုင်တွေ ဖြေလျှော့မှုတွေကို လုပ်ဆောင်ကြတဲ့ အထဲမှာ ဒါဟာနောက်ဆုံး ဖြစ်စဉ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေက တရုတ်နိုင်ငံ မြို့အတော်များများမှာ ရုတ်တရက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီးနောက် အစိုးရကနေ နေရာအနှံ မြို့တွေမှာ ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ ကန့်သတ် တားမြစ်မှုတွေကို လျှော့ပေါ့ရုပ်သိမ်းပေးလိုက်ပါတယ်။ ရှန်ဟိုင်းမြို့နေ လူထုအနေနဲ့ ပြီးခဲ့တဲ့ ၂ရက်က ကိုဗစ်ကပ်ရောဂါပိုး မရှိကြောင်း ဆေးစစ်ပြီးတဲ့ အထောက်အထား ပြစရာမလိုတော့ပဲ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို စီနင်းခွင့် ၊ အများပြည်သူ အပန်းဖြေနိုင်တဲ့ ပန်းခြံတွေ နဲ့ နိုင်ငံခြား ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေကို သွားရောက်ခွင့်ရှိကြောင်း အစိုးရကနေ WeChat လူမှုကွန်ယက်ကနေ တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်ပါတယ်။

ရှန်ဟိုင်းမြို့နေ လူဦးရေ ၂၃ သန်းကျော်ဟာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေကြောင့် ဒီနှစ်အတွင်း လအတော်ကြာ အသွားအလာ တားမြစ်တာခံခဲ့ရတဲ့အတွက်ကြောင့် ပြည်တွင်း စီးပွားရေးအပေါ် အကြိးအကျယ် ထိခိုက် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ပေကျင်း၊ တီယန်ဂျင်း။ ရှန်ဇန်း၊ ချိန်ဒူး စတဲ့ မြို့ကြီးတွေမှာ ပြီးခဲ့တဲ့ စနေနေ့ကစပြီး အများပြည်သူနဲ့ ဆိုင်တဲ့လုပ်ငန်း၊နေရာတွေမှာ ကိုဗစ်ကပ်ရောဂါ ကင်းရှင်းကြောင်းအထောက်အထားပြစရာမလိုအပ်တော့ပါဘူး။

XS
SM
MD
LG