သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Abe အတြက္ ႏိုင္ငံေတာ္စ်ာပနက်င္းပဖို႔ အတည္ျပဳ 


အိမ္လုပ္ေသနတ္နဲ႔လုပ္ႀကံခံရသူ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe

[Zawgyi/Unicode]

ဂ်ပန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ဇူလိုင္လက လုပ္ၾကံသတ္ျဖတ္ခံခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးအတြက္ ႏိုင္ငံေတာ္စ်ာပနအခမ္းအနားကို ေဒၚလာ ၁.၈ သန္း အကုန္အက်ခံက်င္းဖို႔ အတည္ျပဳလိုက္ၿပီလို႔ ဂ်ပန္အစိုးရကတ္ဘိနက္အတြင္းဝန္ခ်ဳပ္ Hirokazu Matsuno က ဒီကေန႔ ေျပာပါတယ္။

"စ်ာပနအခမ္းအနားတက္ေရာက္မယ့္သူ ၆,၀၀၀ ေလာက္အထိ ရွိမယ္လို႔ ေမွ်ာ္လင့္ထားတာေၾကာင့္ တက္မယ့္သူအေရအတြက္ေပၚမူတည္ၿပီး သြားလာေရးနဲ႔ ေနရာခ်ထားေရးအတြက္ လိုအပ္တာေတြ စီစဥ္ရမွာျဖစ္တဲ့ေၾကာင္း” အတြင္းဝန္ခ်ဳပ္ Hirokazu Matsuno က ေျပာသြားတာပါ။

အခုအတည္ျပဳလိုက္တဲ့ စ်ာပနအတြက္ကုန္က်စရိတ္ကို ၂၀၂၂ ဘ႑ာႏွစ္အတြက္ လ်ာထားတဲ့ အေထြေထြအေရးေပၚ ရန္ပံုေငြထဲကေန ထုတ္သံုးသြားမွာျဖစ္တယ္လို႔လည္း မစၥတာ Matsuno က ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘး ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၈ ရက္ေန႔က ႏိုင္ငံအေနာက္ပိုင္း Nara ၿမိဳ႕မွာ ေရြးေကာက္ ပြဲ မဲဆြယ္စည္း႐ံုးေနတဲ့အခ်ိန္ ေသနတ္သမားတဦးက အိမ္လုပ္ေသနတ္နဲ႔ ပစ္ခတ္ သတ္ျဖတ္ခဲ့တာ ခံခဲ့ရတာပါ။

အဲ့ဒီအခ်ိန္က ဝန္ႀကီးခ်ဳပ္ေဟာင္း အာေဘးအတြက္ လံုျခံဳေရး အကာအကြယ္ေပးဖို႔ ဂ်ပန္ရဲတပ္ဖြဲ႔အေနနဲ႔ တာဝန္မေက်ခဲ့ဘူးလို႔ဆိုၿပီး ဒီအတြက္ သူရာထူးက ႏုတ္ထြက္မယ့္အေၾကာင္း ဂ်ပန္ရဲခ်ဳပ္က မေန႔ကပဲ ေျပာဆိုထားပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္းကို ေသနတ္သမားကိုေတာ့ ပစ္ခတ္တဲ့ေနရာမွာပဲ ဖမ္းဆီးခဲ့ၿပီး စိတ္က်န္းမာေရး အေျခအေန သံုးသပ္ စစ္ေဆးတာေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[Unicode]


ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe အတွက် နိုင်ငံတော်ဈာပနကျင်းပဖို့ အတည်ပြု

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပနအခမ်းအနားကို ဒေါ်လာ ၁.၈ သန်း အကုန်အကျခံကျင်းဖို့ အတည်ပြုလိုက်ပြီလို့ ဂျပန်အစိုးရကတ်ဘိနက်အတွင်းဝန်ချုပ် Hirokazu Matsuno က ဒီကနေ့ ပြောပါတယ်။

"ဈာပနအခမ်းအနားတက်ရောက်မယ့်သူ ၆,၀၀၀ လောက်အထိ ရှိမယ်လို့ မျှော်လင့်ထားတာကြောင့် တက်မယ့်သူအရေအတွက်ပေါ်မူတည်ပြီး သွားလာရေးနဲ့ နေရာချထားရေးအတွက် လိုအပ်တာတွေ စီစဉ်ရမှာဖြစ်တဲ့ကြောင်း” အတွင်းဝန်ချုပ် Hirokazu Matsuno က ပြောသွားတာပါ။

အခုအတည်ပြုလိုက်တဲ့ ဈာပနအတွက်ကုန်ကျစရိတ်ကို ၂၀၂၂ ဘဏ္ဍာနှစ်အတွက် လျာထားတဲ့ အထွေထွေအရေးပေါ် ရန်ပုံငွေထဲကနေ ထုတ်သုံးသွားမှာဖြစ်တယ်လို့လည်း မစ္စတာ Matsuno က ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က နိုင်ငံအနောက်ပိုင်း Nara မြို့မှာ ရွေးကောက် ပွဲ မဲဆွယ်စည်းရုံးနေတဲ့အချိန် သေနတ်သမားတဦးက အိမ်လုပ်သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာ ခံခဲ့ရတာပါ။

အဲ့ဒီအချိန်က ဝန်ကြီးချုပ်ဟောင်း အာဘေးအတွက် လုံခြုံရေး အကာအကွယ်ပေးဖို့ ဂျပန်ရဲတပ်ဖွဲ့အနေနဲ့ တာဝန်မကျေခဲ့ဘူးလို့ဆိုပြီး ဒီအတွက် သူရာထူးက နုတ်ထွက်မယ့်အကြောင်း ဂျပန်ရဲချုပ်က မနေ့ကပဲ ပြောဆိုထားပါတယ်။ ဝန်ကြီးချုပ်ဟောင်းကို သေနတ်သမားကိုတော့ ပစ်ခတ်တဲ့နေရာမှာပဲ ဖမ်းဆီးခဲ့ပြီး စိတ်ကျန်းမာရေး အခြေအနေ သုံးသပ် စစ်ဆေးတာနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG