၄ နိုင်ငံပါဝင်ပြီး ၃ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့တဲ့ မြန်မာနဲ့ တရုတ် သဘာဝပိုက်လိုင်းဟာ မြန်မာဘက်ခြမ်းက ပြီးစီးသွားလို့ ဇူလိုင်လ ၂၈ ရက်နေ့ တနင်္ဂနွေနေ့က မြန်မာ-တရုတ် အစိုးရတာဝန်ရှိသူတွေ ဦးဆောင်ပြီး ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ပြီးစီးခြင်း အခမ်းအနား ကျင်းပကာ တရုတ်နိုင်ငံဘက်ကို မြန်မာနိုင်ငံကနေ သဘာဝ ဓာတ်ငွေ့တွေ စတင် ပို့လွှတ်ပြီ ဖြစ်ပါတယ်။
ဒီရွှေသဘာဝ စီမံကိန်းအပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဒေသခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေချိန်မှာပဲ အခုလို စတင်လိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။
မနေ့တုန်းက ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပတဲ့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ပြီးစီးမှု အခမ်းအနားနဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း သဘာဝဓာတ်ငွေ့ စတင် ပို့လွှတ်ခြင်း အခမ်းအနားကို မြန်မာဒုသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား စွမ်းအင်ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး မစ္စတာ ဇောင် ယန်ကင်း (Zhang Yunqing) နဲ့ ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ ဂျင် ယွန် ဟန်း (Jin Hyun Han) တို့ တက်ရောက်ပြီး သဘာဝဓာတ်ငွေ့ စီမံကိန်းကို လုပ်ဆောင်နေတဲ့ CNPC (China National Petroleum Corporation) အပါအဝင် ကုမ္ပဏီတွေက စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို အကျိုးတူ ပူးပေါင်း ပါဝင်တဲ့ ကုမ္ပဏီတွေကတော့ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း ဆီးရော့၊ အရှေ့တောင်အာရှ ဂတ်စ်ပိုက်လိုင်း ဆီးဂတ်စ်နဲ့အတူ CNPC၊ တောင်ကိုရီးယားက ဒေဝူးကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ အိန္ဒိယက Gail ကုမ္ပဏီ အပါအဝင် မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ ပါဝင်ခဲ့ပါတယ်။
တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ တောင်ကိုရီးယား နိုင်ငံ ၄ နိုင်ငံက ကုမ္ပဏီ ခြောက်ခု အကျိုးတူ ပူးပေါင်းပါဝင်တဲ့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၂၀၀ ပို့လွှတ်နိုင်မှာဖြစ်ပြီး ဖိအားပေါင် ၁၄၅၀ အထိ ခံနိုင်ရည် ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုလို ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်ကနေ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်ကနေ တရုတ်ပြည်နယ် ယူနန်ခရိုင်အထိ တည်ဆောက်ထားတဲ့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ထုတ်လွှင့်နေချိန်မှာပဲ ဒီသဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ၊ ဆုံးရှုံးနစ်နာရမှုတွေအတွက် ဒေသတွင်းက သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ထိန်းသိမ်းရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ လူထုအခြေပြု လှုပ်ရှားသူတွေက ဆန့်ကျင်ကန့်ကွက်နေကြသလို ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
၃ နှစ်ကြာ တည်ဆောက်ခဲ့ရတဲ့ ဒီတရုတ်-မြန်မာ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းဟာ ဘယ်လောက်အထိ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ပြည့်မှီပါသလဲ။ နောက် ဒေသခံလူထုတွေအတွက် ဘယ်လောက်အထိ အကျိုးပြုမှု ရှိပါသလဲဆိုတာနဲ့ ဆုံးရှုံးနစ်နာခဲ့ရမှုတွေအပေါ် ဘယ်လိုတာဝန်ယူမှုတွေ လုပ်ပေးမယ်ဆိုတဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုဝင်းအောင်က ဝေဖန်ထောက်ပြပါတယ်။
“စီမံကိန်းပြီးသွားပေမဲ့ လုပ်တဲ့ကိုင်တဲ့နေရာတွေမှာ ဘယ်လောက်အထိ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ကိုင်ညီပါသလဲ။ ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာ ကျနော်တို့ အင်မတန်ကို စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ဒီသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုပ်တဲ့နေရာတွေမှာ ရခိုင်ကနေပေါ့နော် ကျနော်တို့ ရှမ်းပြည်နယ်အထိ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတာတွေ အများကြီး ရှိပါတယ်။ ဒါ့အပြင် ကျနော်တို့ ဒီလယ်ယာမြေသိမ်းပိုက်တဲ့နေရာတွေမှာလည်း လျော်ကြေး လုံး၀ မရတဲ့သူတွေ ရှိသလို၊ ဒေသခံတွေ ခံစားနေရတဲ့ ဒုက္ခတွေလည်း အများကြီး ရှိသေးတယ်ပေါ့နော်။"
"ဘယ်လောက်အထိ ကျနော်တို့နိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသားတွေ အကျိုးခံစားပိုင်ခွင့်တွေရှိတယ်။ ဒီကရတဲ့ အကျိုးအမြတ်တွေက ဘယ်လောက်အထိ သွားမလဲ။ အသေးစိတ် ဘာတွေပါတယ်ဆိုတာကို ကျနော်တို့ ဒီလွှတ်တော်တွေအပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေက ဘာမှ သိတာမျိုးတွေ မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ ဒီစီမံကိန်း ပြီးသွားပေမဲ့ ဒီစီမံကိန်းက ဘယ်လောက်အထိ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ကိုက်ညီသလဲ။ ကျနော်တို့နိုင်ငံမှာ တကယ့် တကယ် လိုအပ်နေတဲ့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို ဘယ်လောက်အထိ ဖြည့်စွက်နိုင်သလဲဆိုတာ ကျနော်တို့ ဆက်လက်ပြီးတော့ ဒီဟာတွေကို တွန်းအားပေးပြီးတော့ ဒီစီမံကိန်းမှာ တကယ့်တကယ် ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီအောင် တွန်းအားပေးပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။”
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတည်ဆောက်ရာ စီမံကိန်းရဲ့ တစိတ်တဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်းမှာ လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရမှု၊ ဒေသခံတွေရဲ့ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းကွက်တွေ ပျက်ဆီးခဲ့ရမှုတွေနဲ့ ပတ်သက်ပြီး ဆုံးရှုံးနစ်နာရမှုတွေအတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့လည်း အခုလို စီမံကိန်း စတင်လိုက်ပြီဖြစ်ပေမဲ့ တာဝန်ရှိသူတွေဘက်က တာဝန်ယူ ဖြေရှင်းမှု တစုံတရာ မရှိသေးတဲ့အတွက် ဒေသခံတွေ အခက်အခဲတွေ တွေ့နေကြတုန်းပဲလို့ ဆန္ဒပြခေါင်းဆောင် ဦးထွန်းကြည် ကလည်း ပြောပါတယ်။
“ကျနော်တို့ဒေသမှာ အမှန်တကယ် နစ်နာနေတဲ့ ဒီအချက်တွေကို ၉ ချက်ထုတ်ပြီးတော့ တောင်းဆိုထားတာရှိတယ်။ အဲ့ဒီဟာနဲ့ပတ်သက်ပြီး သူတို့က ၂ ချက်လောက်ပဲ အကောင်အထည်ဖော်ပြီး လုပ်ပေးတာရှိပါတယ်။ ကျနော်တို့ အရေးကြီးတဲ့ လယ်ယာမြေကိစ္စ၊ မြေလွတ်မြေရိုင်းကို သိမ်းထားတဲ့ကိစ္စတို့ အဲ့ဒါတွေကို ကျနော်တို့ ဖြေရှင်းပေးဖို့ တောင်းဆိုထားတာ ဒီနေ့အထိ ဘာမှ မလုပ်ပေးဘူး။ နောက်ပိုင်း ဘာမှလည်း မစုံစမ်းဘူး။ မလေ့လာဘူး အဲ့ဒီအတိုင်း ပြစ်ထားတယ်။”
စတင်ပို့လွှတ်နေပြီဖြစ်တဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနဲ့ပတ်သက်ပြီး ပိုက်လိုင်းတည်ရှိရာ ရှမ်းပြည်နယ်တွင်းက လူထုတွေရဲ့ လုံခြုံရေးနဲ့ ဆုံးရှုံးနစ်နာခဲ့ရမှုတွေ အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေကို အလေးအနက်ထား ဆောင်ရွက်ပေးဖို့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်လို့လည်း ရှမ်းလူထုအခြေပြုအဖွဲ့က မယိင်းဟန်ဖ က ပြောပါတယ်။
“မြန်မာအစိုးရကိုရော တရုတ်ကုမ္ပဏီတွေကိုပါ တောင်းဆိုချင်တာကတော့ သိမ်းထားတဲ့ လယ်မြေတွေအားလုံးကိုပေါ့ ကျမတို့ ပြည်သူလူထုကို ပြန်ပေးစေချင်တယ်။ အဲ့ဒီဂတ်စ်ပိုက်လိုင်းဆိုရင်လည်း အခုဆိုရင် စမ်းသပ်ပြီးတော့ လွှတ်တယ်ဆိုပေမဲ့လည်း ကျမတို့က ဖြစ်နိုင်ရင်တော့ ရပ်စေချင်တယ်ပေါ့။ မလွှတ်စေချင်ဘူး။ ဒါပေမဲ့ တကယ် လွှတ်မယ်ဆိုရင်လည်း သေသေချာချာ ပြုလုပ်ပြီးမှ အဲ့ဒီ လုံခြုံဖို့ ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို လုံခြုံဖို့အတွက်နဲ့ နောက် ဒီအန္တရာယ်မရှိအောင် ဆိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ကျမတို့ မြင်တယ်လေ။”
ပိုက်လိုင်းတည်ဆောက်ရာ ဒေသတလျှောက်က ပိုက်လိုင်းစီမံကိန်းအတွက် သိမ်းဆည်းမြေများ လျော်ကြေးပေးရေး၊ ဒေသခံများ အလုပ်အကိုင် ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးရေး၊ ကျေးရွာတွေမှာ လျှပ်စစ်မီး ရရှိရေး၊ ရပ်ရွာလုံခြုံရေး၊ ဒေသတွင်း လွတ်လပ်စွာ လယ်လုပ်ခွင့်၊ ငါးဖမ်းခွင့် ရရှိရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မပြုလုပ်ရေး၊ ပိုက်လိုင်းက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူလူထု ခံစားခွင့် ရရှိရေး စတာတွေကို သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆန့်ကျင်ကန့်ကွက် လှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ ဒီကနေ့က စတင်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင်းကို တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၀၀ နှုန်းနဲ့ စတင်ဖြည့်သွင်းနေပြီ ဖြစ်ပါတယ်။ ပိုက်လိုင်းတခုလုံး သဘာဝဓာတ်ငွေ့ ဖြည့်ပြီးပြီဆိုရင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ပို့လွှတ်မှာ ဖြစ်ပါတယ်။ ကုဗပေသန်း ၄၀၀ ကို တရုတ်နိုင်ငံကို ပို့လွှတ်ပြီး ကုဗပေသန်း ၁၀၀ ကို ပြည်တွင်းသုံးအဖြစ် ပို့လွှတ်မှာဖြစ်ကြောင်းနဲ့ ပြည်တွင်း ဓာတ်ငွေ့ ဖြန့်ဖြူးရေးအနေနဲ့ ကျောက်ဖြူ၊ ရေနံချောင်းနဲ့ တောင်သာ ကို ဖြန့်ဝေသုံးစွဲဖို့ စီမံချက် ချထားတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။