သုံးရလွယ်ကူစေသည့် Link များ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ VOA သီးသန့်တွေ့ဆုံ မေးမြန်းချက်

  • ဗွီအိုအေ (မြန်မာဌာန)

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချက်

ဗွီအိုအေမြန်မာဌာနရဲ့ ညပိုင်း ၁၀ နာရီခွဲ ထုတ်လွှင့်ချိန်မှာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ်ရဲ့ ဖိတ်ကြားချက်နဲ့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချက် အပိုင်း (၁) နဲ့ (၂) တို့ကို ထုတ်လွှင့်ပေးဖို့ရှိသလို စာသားနဲ့တကွ ဖတ်ရှုနိုင်အောင်လည်း စီစဉ်ထားပါတယ်။

တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁) မှာ - သူရဦးရွှေမန်းရဲ့ အမေရိကန် လွှတ်တော်နဲ့ ရွေးကောက်ပွဲတွေ အပေါ် အမြင်သဘောထားတွေ၊ မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ခြေရှိမရှိ ဆိုတာတွေကို မေးမြန်းထားပါတယ်။

အပိုင်း (၂) မှာတော့ - မြန်မာ့လွှတ်တော်တွင်း အနေအထားတွေနဲ့အတူ၊ သူရဦးရွှေမန်းရဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲဆိုင်ရာသဘောထားနဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ချေရှိမရှိ ဆိုတာတွေကို မေးမြန်းထားပါတယ်။

XS
SM
MD
LG