သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sinabung မီးတောင်ပေါက်


အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်မှာရှိတဲ့ ဆူမားတြားကျွန်းမြောက်ပိုင်းက မီးတောင်တခု စနေနေ့က ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး မီးခိုးတွေနဲ့ ချော်ရည်ပူတွေ ဆက်တိုက်ထွက်လာခဲ့ပါတယ်။

အကြိမ် ၃၀ ထက်မနည်း ပေါက်ကွဲခဲ့တဲ့အတွက် အဲဒီနေရာတဝိုက်က ဒေသခံတွေအနေနဲ့ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာပြီး ယာယီစခန်းတွေမှာ ခိုလှုံခဲ့ကြရပါတယ်။ ဒါဟာ ဆင်နာဘန်မီးတောင် လွန်ခဲ့တဲ့ ၃ လက စတင် အသက်ဝင်လှုပ်ရှားလာပြီးချိန်ကစပြီး အပြင်းထန်ဆုံးနဲ့ အကြိမ်အများဆုံး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

မီးတောင်အတွင်းပိုင်းကနေ အင်အားပြင်ထန်စွာ ပေါက်ကွဲခဲ့တဲ့အတွက် ချော်ရည်ပူတွေဟာ မီးတောင်ဝကနေ စီးကျလာခဲ့ပါတယ်။ မီးတောင်ချော်ရည်တွေဟာ မဖြစ်မနေဘေးလွတ်ရာကို ပြောင်းရွှေ့ရမယ်လို့ သတ်မှတ်ထားတဲ့နေရာတွေကနေ ဖြတ်ပြီးတော့ ၅ ကီလိုမီတာလောက်အထိ စီးဆင်းခဲ့ပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့သူအရေအတွက်ဟာ အခုအခါမှာ ၂ သောင်းကျော် သွားပြီဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

၂၀၁၀ မှာ မီးတောင်ရှင်အဖြစ် ပြန်မဖြစ်လာခင် ဆင်နာဘန်မီးတောင်ဟာ နှစ်ပေါင်း ရာနီချီပြီး မီးတောင်သေအဖြစ်နဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ Pacific Ring of Fire လို့ခေါ်တဲ့ ငလျင်ကြောတွေ နဲ့ မီးတောင်ရှင်တွေရှိနေတဲ့ နေရာမှာတည်ရှိတာဖြစ်ပြီး မီးတောင်ရှင် ၁၃၀ နီးပါရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
XS
SM
MD
LG