သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအိမ်အကူကို နှိပ်စက်သူ စင်္ကာပူအမျိုးသမီး ထောင်ဒဏ် ၁၄ နှစ် အပြစ်ပေးခံရ 


စင်္ကာပူနိုင်ငံ၊ မြို့လယ်မြင်ကွင်းတခု။ 
စင်္ကာပူနိုင်ငံ၊ မြို့လယ်မြင်ကွင်းတခု။ 

[[Zawgyi/Unicode]]

စင်္ကာပူနိုင်ငံမှာ အိမ်အကူမြန်မာမိန်းကလေးကို ဦးနှောက်ထိခိုက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ သမီးဖြစ်သူနဲ့အတူ ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့တဲ့ အိမ်ရှင်အမျိုးသမီးကို တရားရုံးက ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၂၄ နှစ်ရှိ မြန်မာအိမ်အကူ Piang Ngaih Don ကို ကိုယ်ထိလက်ရောက်နှိပ်စက်မှု စွဲချက် ၄၈ ခု အတွက် အပြစ်ရှိကြောင်းဝန်ခံထားတဲ့ အသက် ၆၄ နှစ်အရွယ် Prema S Naraynasamy ကို တနင်္လာနေ့မှာ ထောင်ဒဏ်စီရင်လိုက်ကြောင်း စင်္ကာပူသတင်းဌာန Channel News Asia ကဖော်ပြခဲ့တာပါ။ အိမ်ရှင်သားအမိက ထိုးကြိတ် ကန်ကျောက်တာ၊ ပါးရိုက်တာ ၊ ဆံပင်ဆွဲ ခေါင်းကိုခါရမ်းတာတို့အပြင် တွေ့ရာ ပစ္စည်းတွေနဲ့ပစ်ပေါက်တာ၊ ထုရိုက်တာတွေလို နှိပ်စက်မှုမျိုးစုံကို တနှစ်ကျော် ကြုံခဲ့ရတဲ့ မြန်မာအိမ်အကူ Piang Ngaih Don ဟာ ဦးနှောက်ထိခိုက်ပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အိမ်အကူမြန်မာမိန်းကလေးဟာ အိမ်ရှင်သားအမိက ပြတင်းပေါက်မှာ ကြိုးနဲ့တုပ်ထားပြီး တညလုံး အစာငတ်ထားတာ၊ ရိုက်နှက်တာတွေကြောင့် သေဆုံးချိန်မှာ ကိုယ်အလေးချိန် ပေါင် ၅၀ ကျော်လောက်သာရှိတာကိုလည်း တွေ့ရှိခဲ့ကြတာပါ။

သေဆုံးမှုနဲ့ပတ်သက်လို့ နောက်ပိုင်းမှာ CCTV လုံခြုံရေးကင်မရာတွေက အထောက်အထားတွေနဲ့ စစ်ဆေးမေးမြန်းချက်တွေအရ အပြင်းအထန်နှိပ်စက်မှုတွေ ကျုးလွန်ကြောင်း သိခဲ့ရပြီးနောက် အိမ်ရှင် သားအမိ ၂ ယောက်လုံး ဖမ်းဆီးခံခဲ့ရပါတယ်။ သမီးဖြစ်သူ Gaiyathiri ကိုတော့ ၂ဝ၂၁ ခုနှစ်ထဲမှာပဲ ထောင်ဒဏ်အနှစ် ၃ဝ ချမှတ်ခဲ့တာပါ။ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အယူခံကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG