သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စကၤာပူက ျမန္မာေတြ ႏုိင္ငံကူးလက္မွတ္သက္တမ္းတိုး အခက္အခဲႀကံဳေန


{{Zawgyi/Unicode}}

စင္ကာပူေရာက္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ႏိုင္ငံကူးလက္မွတ္ (Passport) သက္တမ္းတိုးဖို႔ အြန္လိုင္းက တိုကင္နံပါတ္ယူႏိုင္တဲ့အခ်ိန္ကို ကန႔္သတ္လိုက္တဲ့အတြက္ အခက္အခဲ ျဖစ္ေနၾကပါတယ္။ အြန္လိုင္းကေန တိုကင္နံပါတ္ကို တပတ္မွာ ႏွစ္ရက္ေလာက္သာ ယူလို႔ရၿပီး နာရီဝက္အတြင္း ယူရတာမို႔ ႏိုဝင္ဘာ ပထမပတ္ကုန္တဲ့အထိ နံပါတ္ကုန္ေနၿပီလို႔ ကိုယ္တိုင္တိုကင္နံပါတ္ယူခဲ့သူက ဗြီအိုေအကို ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စင္ကာပူႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွာ ပါ့စ္ပို႔တ္ သက္တမ္းတိုးတာအပါအဝင္ ေကာင္စစ္ေရးရာဝန္ေဆာင္မႈလုပ္ငန္းေတြအတြက္ ျမန္မာသံ႐ုံးဝက္ဘ္ဆိုဒ္ကေန ႀကိဳတင္ၿပီး တိုတင္နံပါတ္ Queue number အရင္ယူရပါတယ္။ သံ႐ုံးသြားႏိုင္ဖို႔ အခ်ိန္၊ ေန႔ရက္ ႀကိဳတင္ခ်ိန္းတဲ့ တိုကင္နံပါတ္ ထုတ္ေပးတာကို အခ်ိန္ကန႔္သတ္လိုက္တဲ့အတြက္ စင္ကာပူေရာက္ ျမန္မာေတြ အခက္ေတြ႔ေနၾကတာပါ။

အခုသီတင္းပတ္ထဲကစလို႔ အြန္လိုင္းကေန ႀကိဳတင္တိုကင္နံပါတ္ကို တပတ္မွာ ႏွစ္ရက္ေလာက္သာ ထုတ္ေပးၿပီး Queue number ယူႏိုင္တဲ့အခ်ိန္ကလည္း နာရီဝက္ေလာက္ပဲမို႔ အေတာ္ေလးခက္ခဲတယ္လို႔ ကိုယ္တိုင္ ပါ့စ္ပို႔တ္ သက္တမ္းတိုးဖို႔ ႀကိဳးစားေနတဲ့ စင္ကာပူေရာက္ ျမန္မာႏိုင္ငံသူတဦးက ေျပာပါတယ္။

“သူတို႔ေတြ Queue နံပါတ္ေပးတဲ့အခါမွာလည္း အမ်ားအားျဖင့္ကေပါ့ေနာ္ ၾကာသပေတး၊ ေသာၾကာ အဲ့ဒီရက္ေတြကိုပဲ ေပးတတ္တယ္။ အဲဒီေတာ့ Time Slot ကို သြားသြားၿပီး ၾကည့္ေနရတယ္။ Time Countdown ေပးထားတဲ့ဟာကိုပဲ သြားသြားၾကည့္ ၾကည့္ၿပီးေတာ့ ခုနကဆိုရင္ ၃ ေယာက္ယူေပးရမွာ တေယာက္ပဲ ယူလို႔ရတယ္။ ေနာက္တေယာက္ယူဖို႔ Submit Form လုပ္တဲ့အခါမွာ Submit Form လည္းၿပီးေကာ Error တက္သြားေကာ။ ေတာ္ေတာ္ႀကီးကို ခက္ခဲေနတယ္။ Queue ယူရတာ ခက္ခဲေနတဲ့ အေနအထားမွာရွိေနတယ္။ အရင္တုန္းက ဒီ Queue ယူတာလည္းေပါ့ေနာ္။ အြန္လိုင္းကေန ယူရတာရွိတယ္။ ဒါေပမယ့္ အရင္တုန္းကက်ေတာ့ ကိုယ္သြားႏိုင္တဲ့ရက္ကို Queue ယူလို႔ရတယ္။ ေန႔တိုင္းလိုလို ကိုယ္လိုခ်င္တဲ့အခ်ိန္မွာ လွမ္းၿပီးယူလို႔ရတယ္။ အခု သူတို႔က Queue ယူတဲ့အခါမွာ ဘယ္လိုမ်ိဳးလည္းဆိုေတာ့ အရင္တုန္းကအတိုင္းပဲ ႏွစ္ပတ္ႀကိဳၿပီး ယူရတဲ့ အေနအထားေပါ့ေနာ္။ အရင္တုန္းကအတိုင္းပဲ။ အခုက်ေတာ့ အဲ့ထက္ပိုၿပီး ခက္ခဲေနတာေပါ့။ အမတို႔က ဒီလကုန္ေလာက္ကို သြားခ်င္တယ္ဆိုရင္ေတာင္ အခု Queue Date က ေအာက္တိုဘာ ၁ လလုံးအတြက္ မရွိေတာ့ဘူး။ ေနာက္ဆုံး ႏိုဝင္ဘာ ၁၀ ရက္ေန႔အထိေတာင္ Q က ျပည့္သြားၿပီ ဒီေန႔ဆို ေနာက္ထပ္ ယူေပးရမယ့္ ညီမေလး ၂ ေယာက္အတြက္ဆိုရင္ မနက္ျဖန္မွ ထပ္ Try ရမယ္။”

ဒီေန႔ ေအာက္တိုဘာ ၂၁ ရက္မွာ ႀကိဳးစားသူေတြကို ႏိုင္ဝင္ဘာ ၁၁ ရက္အတြက္ ရက္ခ်ိန္းေပးထားပါတယ္။ အြန္လိုင္းကေန ႀကိဳတင္တိုကင္နံပါတ္ယူတာကို ဘာေၾကာင့္ ကန႔္သတ္တယ္ဆိုတာ သံ႐ုံးက ေျပာမထားေပမဲ့ စင္ကာပူ က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ COVID-19 ကာကြယ္ေရးဆိုင္ရာ ၫႊန္ၾကားခ်က္ေတြနဲ႔ အညီ သံ႐ုံးက ေဆာင္႐ြက္ေနတယ္လို႔သာ အသိေပးထားပါတယ္။

ဒါေၾကာင့္ သံ႐ုံးကို လူဝင္လူထြက္အေရအတြက္ ကန႔္သတ္ႏိုင္ဖို႔ ခုလိုေဆာင္႐ြက္ပုံရတယ္လို႔ အမ်ားကခန႔္မွန္းေနပါတယ္။ ဒါေပမဲ့လည္း သံ႐ုံးသြားႏိုင္ဖို႔ တိုတင္ယူတဲ့ေနရာမွာ အကန႔္အသတ္ေတြရွိလာတဲ့အတြက္ ပါ့စ္ပို႔တ္သက္တမ္း တိုးရေတာ့မယ့္သူေတြ စိုးရိမ္ေနၾကပါတယ္။ သက္တမ္းတိုးအခက္အခဲေတြ ႀကဳံေနရတာနဲ႔ ပတ္သက္လို႔ စင္ကာပူမွာ ပရဟိတ ေဆာင္႐ြက္ေပးေနသူတဦးက အခုလိုေျပာပါတယ္။

“Queue ယူတဲ့ဟာက ည ၁၂ ေလာက္မွ အြန္လိုင္းဖြင့္တယ္ျဖစ္တယ္။ အရင္ကဆိုရင္ ေန႔ခင္းပိုင္းမွာလည္း Queue က ယူလို႔ရတယ္။ အခုဟာ Q ယူတာကို တေန႔ကို COVID-19 ျဖစ္ေနတဲ့အတြက္ေၾကာင့္ ဒီသံ႐ုံးဝန္းထဲကို ပတ္စ္ပို႔တ္ သက္တမ္းတိုးဖို႔ကို လူ အေယာက္ ၆၀ ကိုပဲ ဝင္ခြင့္ျပဳတယ္။ က်န္တဲ့သူက ဝင္ခြင့္မျပဳဘူးေပါ့ေနာ္။ တခ်ိဳ႕ကေလးေတြက အြန္လိုင္း Queue ယူတဲ့ဟာကို မယူတတ္ၾကဘူး။ မယူတတ္ၾကေတာ့ ပန္နီဆူလာမွာ ဆိုင္ေတြေပါ့ေနာ္။ ပတ္စ္ပို႔တ္သက္တမ္းတိုးရင္ ဆိုင္ေတြက စာ႐ြက္စာတမ္းေတြလိုတယ္။ ဓာတ္ပုံေတြထုတ္ရမယ္။ မိတၱဴဆြဲရမယ္။ အဲ့ဆိုင္ေတြမွာ အခေၾကးေငြေပးၿပီးေတာ့ ထုတ္ေနရတာေပါ့ေနာ္။ အခုဆိုင္ေတြကလည္း သူတို႔က တာဝန္ယူၿပီး ထုတ္မေပးႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ ဘယ္ေန႔ဘယ္အခ်ိန္မွာ ဘယ္ႏွေယာက္ လက္ခံၿပီးေတာ့ သူ႔ကို မနက္ျဖန္ရမယ္ သန္ဘက္ခါရမယ္ အတိအက် မေျပာႏိုင္တဲ့အတြက္ေၾကာင့္ ကေလးေတြမွာ ေတာ္ေတာ္ ေခြၽးျပန္ေနတယ္ေပါ့။”

အရင္ကဆို သံ႐ုံးသြားဖို႔ ႀကိဳတင္ တိုကင္မယူထားသူေတြ သံ႐ုံးသြားတဲ့အခါ စင္ကာပူ ေဒၚလာ ၃၀ ေပးၿပီး ဝင္လို႔ရေပမဲ့ အခုအခါမွာေတာ့သံ႐ုံးတံခါးကို ပိတ္ထားၿပီး Queue number တိုကင္အမွတ္စဥ္ရတဲ့လူေတြကိုသာ အကန႔္အသတ္နဲ႔ ဝင္ခြင့္ျပဳပါေတာ့တယ္။

တိုကင္အမွတ္စဥ္ရသူေတြကို ရက္ခ်ိန္းေပးတဲ့ေန႔ေတြမွာ မနက္ ၈ နာရီခြဲကေန ေန႔လည္ ၁၂ နာရီအထိ အေရအတြက္ ၁၁၀ ကို ႏိုင္ငံကူးလက္မွတ္ဆိုင္ရာကိစၥေတြေဆာင္႐ြက္ေပးေနတယ္လို႔ သံ႐ုံးက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


========

{{Unicode}}

စင်္ကာပူက မြန်မာတွေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အခက်အခဲကြုံနေ

စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးဖို့ အွန်လိုင်းက တိုကင်နံပါတ်ယူနိုင်တဲ့အချိန်ကို ကန့်သတ်လိုက်တဲ့အတွက် အခက်အခဲ ဖြစ်နေကြပါတယ်။ အွန်လိုင်းကနေ တိုကင်နံပါတ်ကို တပတ်မှာ နှစ်ရက်လောက်သာ ယူလို့ရပြီး နာရီဝက်အတွင်း ယူရတာမို့ နိုဝင်ဘာ ပထမပတ်ကုန်တဲ့အထိ နံပါတ်ကုန်နေပြီလို့ ကိုယ်တိုင်တိုကင်နံပါတ်ယူခဲ့သူက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ပါ့စ်ပို့တ် သက်တမ်းတိုးတာအပါအဝင် ကောင်စစ်ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေအတွက် မြန်မာသံရုံးဝက်ဘ်ဆိုဒ်ကနေ ကြိုတင်ပြီး တိုတင်နံပါတ် Queue number အရင်ယူရပါတယ်။ သံရုံးသွားနိုင်ဖို့ အချိန်၊ နေ့ရက် ကြိုတင်ချိန်းတဲ့ တိုကင်နံပါတ် ထုတ်ပေးတာကို အချိန်ကန့်သတ်လိုက်တဲ့အတွက် စင်ကာပူရောက် မြန်မာတွေ အခက်တွေ့နေကြတာပါ။

အခုသီတင်းပတ်ထဲကစလို့ အွန်လိုင်းကနေ ကြိုတင်တိုကင်နံပါတ်ကို တပတ်မှာ နှစ်ရက်လောက်သာ ထုတ်ပေးပြီး Queue number ယူနိုင်တဲ့အချိန်ကလည်း နာရီဝက်လောက်ပဲမို့ အတော်လေးခက်ခဲတယ်လို့ ကိုယ်တိုင် ပါ့စ်ပို့တ် သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသူတဦးက ပြောပါတယ်။

“သူတို့တွေ Queue နံပါတ်ပေးတဲ့အခါမှာလည်း အများအားဖြင့်ကပေါ့နော် ကြာသပတေး၊ သောကြာ အဲ့ဒီရက်တွေကိုပဲ ပေးတတ်တယ်။ အဲဒီတော့ Time Slot ကို သွားသွားပြီး ကြည့်နေရတယ်။ Time Countdown ပေးထားတဲ့ဟာကိုပဲ သွားသွားကြည့် ကြည့်ပြီးတော့ ခုနကဆိုရင် ၃ ယောက်ယူပေးရမှာ တယောက်ပဲ ယူလို့ရတယ်။ နောက်တယောက်ယူဖို့ Submit Form လုပ်တဲ့အခါမှာ Submit Form လည်းပြီးကော Error တက်သွားကော။ တော်တော်ကြီးကို ခက်ခဲနေတယ်။ Queue ယူရတာ ခက်ခဲနေတဲ့ အနေအထားမှာရှိနေတယ်။ အရင်တုန်းက ဒီ Queue ယူတာလည်းပေါ့နော်။ အွန်လိုင်းကနေ ယူရတာရှိတယ်။ ဒါပေမယ့် အရင်တုန်းကကျတော့ ကိုယ်သွားနိုင်တဲ့ရက်ကို Queue ယူလို့ရတယ်။ နေ့တိုင်းလိုလို ကိုယ်လိုချင်တဲ့အချိန်မှာ လှမ်းပြီးယူလို့ရတယ်။ အခု သူတို့က Queue ယူတဲ့အခါမှာ ဘယ်လိုမျိုးလည်းဆိုတော့ အရင်တုန်းကအတိုင်းပဲ နှစ်ပတ်ကြိုပြီး ယူရတဲ့ အနေအထားပေါ့နော်။ အရင်တုန်းကအတိုင်းပဲ။ အခုကျတော့ အဲ့ထက်ပိုပြီး ခက်ခဲနေတာပေါ့။ အမတို့က ဒီလကုန်လောက်ကို သွားချင်တယ်ဆိုရင်တောင် အခု Queue Date က အောက်တိုဘာ ၁ လလုံးအတွက် မရှိတော့ဘူး။ နောက်ဆုံး နိုဝင်ဘာ ၁၀ ရက်နေ့အထိတောင် Q က ပြည့်သွားပြီ ဒီနေ့ဆို နောက်ထပ် ယူပေးရမယ့် ညီမလေး ၂ ယောက်အတွက်ဆိုရင် မနက်ဖြန်မှ ထပ် Try ရမယ်။”

ဒီနေ့ အောက်တိုဘာ ၂၁ ရက်မှာ ကြိုးစားသူတွေကို နိုင်ဝင်ဘာ ၁၁ ရက်အတွက် ရက်ချိန်းပေးထားပါတယ်။ အွန်လိုင်းကနေ ကြိုတင်တိုကင်နံပါတ်ယူတာကို ဘာကြောင့် ကန့်သတ်တယ်ဆိုတာ သံရုံးက ပြောမထားပေမဲ့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ အညီ သံရုံးက ဆောင်ရွက်နေတယ်လို့သာ အသိပေးထားပါတယ်။

ဒါကြောင့် သံရုံးကို လူဝင်လူထွက်အရေအတွက် ကန့်သတ်နိုင်ဖို့ ခုလိုဆောင်ရွက်ပုံရတယ်လို့ အများကခန့်မှန်းနေပါတယ်။ ဒါပေမဲ့လည်း သံရုံးသွားနိုင်ဖို့ တိုတင်ယူတဲ့နေရာမှာ အကန့်အသတ်တွေရှိလာတဲ့အတွက် ပါ့စ်ပို့တ်သက်တမ်း တိုးရတော့မယ့်သူတွေ စိုးရိမ်နေကြပါတယ်။ သက်တမ်းတိုးအခက်အခဲတွေ ကြုံနေရတာနဲ့ ပတ်သက်လို့ စင်ကာပူမှာ ပရဟိတ ဆောင်ရွက်ပေးနေသူတဦးက အခုလိုပြောပါတယ်။

“Queue ယူတဲ့ဟာက ည ၁၂ လောက်မှ အွန်လိုင်းဖွင့်တယ်ဖြစ်တယ်။ အရင်ကဆိုရင် နေ့ခင်းပိုင်းမှာလည်း Queue က ယူလို့ရတယ်။ အခုဟာ Q ယူတာကို တနေ့ကို COVID-19 ဖြစ်နေတဲ့အတွက်ကြောင့် ဒီသံရုံးဝန်းထဲကို ပတ်စ်ပို့တ် သက်တမ်းတိုးဖို့ကို လူ အယောက် ၆၀ ကိုပဲ ဝင်ခွင့်ပြုတယ်။ ကျန်တဲ့သူက ဝင်ခွင့်မပြုဘူးပေါ့နော်။ တချို့ကလေးတွေက အွန်လိုင်း Queue ယူတဲ့ဟာကို မယူတတ်ကြဘူး။ မယူတတ်ကြတော့ ပန်နီဆူလာမှာ ဆိုင်တွေပေါ့နော်။ ပတ်စ်ပို့တ်သက်တမ်းတိုးရင် ဆိုင်တွေက စာရွက်စာတမ်းတွေလိုတယ်။ ဓာတ်ပုံတွေထုတ်ရမယ်။ မိတ္တူဆွဲရမယ်။ အဲ့ဆိုင်တွေမှာ အခကြေးငွေပေးပြီးတော့ ထုတ်နေရတာပေါ့နော်။ အခုဆိုင်တွေကလည်း သူတို့က တာဝန်ယူပြီး ထုတ်မပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နှယောက် လက်ခံပြီးတော့ သူ့ကို မနက်ဖြန်ရမယ် သန်ဘက်ခါရမယ် အတိအကျ မပြောနိုင်တဲ့အတွက်ကြောင့် ကလေးတွေမှာ တော်တော် ချွေးပြန်နေတယ်ပေါ့။”

အရင်ကဆို သံရုံးသွားဖို့ ကြိုတင် တိုကင်မယူထားသူတွေ သံရုံးသွားတဲ့အခါ စင်ကာပူ ဒေါ်လာ ၃၀ ပေးပြီး ဝင်လို့ရပေမဲ့ အခုအခါမှာတော့သံရုံးတံခါးကို ပိတ်ထားပြီး Queue number တိုကင်အမှတ်စဉ်ရတဲ့လူတွေကိုသာ အကန့်အသတ်နဲ့ ဝင်ခွင့်ပြုပါတော့တယ်။

တိုကင်အမှတ်စဉ်ရသူတွေကို ရက်ချိန်းပေးတဲ့နေ့တွေမှာ မနက် ၈ နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ အရေအတွက် ၁၁၀ ကို နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စတွေဆောင်ရွက်ပေးနေတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

#Singapore #MyanmarPassport #voaburmese #မြန်မာပါ့စ်ပို့ #စင်္ကာပူ #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG