သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက်ဝါဒီတွေ ကူညီမှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦး၊ စင်္ကာပူမှာ ထောင်ချခံရ


စင်္ကာပူထောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လေးဦးကို သူတို့နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို ငွေကြေး ကူညီထောက်ပံ့ဖို့အတွက် စင်ကာပူနိုင်ငံမှာ ရန်ပုံငွေ စုစောင်းတာတွေ လုပ်ခဲ့ကြတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်ကာပူအစိုးရက ထောင်ဒဏ်ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

သူတို့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် စင်ကာပူတရားရုံးတခုက ဒီကနေ့ ထောင်ဒဏ် ချမှတ်လိုက်တာပါ။ သူတို့ထဲက အဓိက ခေါင်းဆောင် အသက် ၃၁ နှစ်အရွယ် Rahman Mi-za-nur ကို ထောင်ဒဏ် ၅ နှစ်၊ တခြား ၂ ယောက်ကို ထောင်ဒဏ် ၂ နှစ်ခွဲစီနဲ့ ကျန်တယောက်ကိုတော့ ထောင်ဒဏ် ၂ နှစ် အသီးသီး ချမှတ်လိုက်တာတာပါ။ ဒီနှစ် မတ်လ နှောင်းပိုင်းနဲ့ ဧပြီလ အစောပိုင်းကာလအတွင်း လူ ၆ ယောက်ဖမ်းဆီးခဲ့တာမှာ သူတို့လေးဦး ပါဝင်ခဲ့တာပါ။

IS အကြမ်းဖက်အဖွဲ့အမည်ခံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နိုင်ဖို့ အတွက် ရန်ပုံငွေကြေး စုဆောင်းမှုတွေမှာ သူတို့ ၆ ယောက်က ဒေါ်လာ တစ်ထောင် ထည့်ဝင်ခဲ့တဲ့အကြောင်း တရားရုံးအထောက်အထားတွေက ဖော်ပြပါတယ်။ ဒီခြောက်ယောက်ထဲက ၂ ယောက်ကတော့ အပြစ်မရှိကြောင်း ထွက်ဆိုထားပြီး အမှုရင်ဆိုင်ဖို့ ရှိနေပါတယ်။

XS
SM
MD
LG