သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာကပ္ေဘး အစိုးရရဲ႕ သတင္းထုတ္ျပန္မႈ လုံေလာက္ပါရဲ႕လား


Virus Outbreak Myanmar
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ဧၿပီလ ၁၆ ရက္ေန႔ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူေတြလို႔ သံသယ ရွိၿပီး စစ္ေဆးခဲ့သူ ၃၂၃၆ ေယာက္ ရွိတဲ့အနက္ လူေပါင္း ၈၅ ေယာက္မွာ ဗိုင္းရပ္စ္ ကူးစက္ခံထားတာ ေတြ႕ရပါတယ္။ အဲဒီလူေတြထဲက လူ ၄ ေယာက္ ေသဆုံးၿပီး ၂ ေယာက္ ေရာဂါ ေပ်ာက္ကင္း သြားပါၿပီ။ က်န္လူနာေတြကေတာ့ ေဆး႐ုံအသီးသီးမွာ ေဆးကုသမႈ ခံယူေနရၿပီး အမ်ားစုက ရန္ကုန္ေဝဘာဂီ ေဆး႐ုံမွာပါ။ ႏိုင္ငံတကာနဲ႔ ႏႈိင္းယွဥ္ရင္ ျမန္မာႏိုင္ငံရဲ႕ ဗိုင္းရပ္စ္ ကပ္ေဘး အႏၲရာယ္ က်ေရာက္မႈ အေတာ္ေလး သက္သာေနေသးတာ ေတြ႕ႏိုင္ပါတယ္။ စစ္ေဆးၿပီး လူ ၁၀၀ မွာ ပိုးေတြ႕သူ ၂ ဒသမ ၆ ေယာက္ႏႈန္းပဲ ရွိတဲ့အတြက္ ၁၀၀ မွာ ၄၉ ေယာက္ ဗိုင္းရပ္စ္ေတြ႕တဲ့ ျပင္သစ္၊ အေယာက္ ၂၀ ဗိုင္းရပ္စ္ေတြ႕တဲ့ အေမရိကန္နဲ႔ စပိန္၊ ၁၄ ေယာက္ ေတြ႕တဲ့ အီတလီ တို႔နဲ႔ ႏႈိင္းယွဥ္ရင္ အမ်ားႀကီး နည္းေနသလို၊ ၁၂ ေယာက္ေတြ႕တဲ့ ဖိလစ္ပိုင္၊ ၁၅ ေယာက္ေတြ႕တဲ့ အင္ဒိုနီးရွား၊ ၆ ေယာက္ေတြ႕တဲ့ မေလးရွား တို႔နဲ႔လည္း ႏႈိင္းယွဥ္ၾကည့္ႏိုင္ပါတယ္။ ထိုင္းကေတာ့ ျမန္မာႏိုင္ငံနဲ႔ အတူတူ ဗိုင္းရပ္စ္ စစ္ေဆးသူ ၁၀၀ မွာ ၂ ဒသမ ၆ ေယာက္ ေတြ႕ပါတယ္။ ကေမာၻဒီးယား၊ ဗီယက္နမ္နဲ႔ လာအိုတို႔ကေတာ့ ျမန္မာထက္ အေျခအေန ပိုေကာင္းတယ္လို႔ ေျပာႏိုင္ပါတယ္။ ေလာေလာဆယ္ ျမန္မာႏိုင္ငံရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘး တြန္းလွန္ေနတဲ့ အေျခအေနမွာ အခက္အခဲ ျပသနာ တစ္ခ်ိဳ႕ ႀကဳံေနရသလို အဲဒီထဲမွာ အစိုးရရဲ႕ သတင္းထုတ္ျပန္မႈ ျပသနာ၊ မီဒီယာ က်င့္ဝတ္ဆိုင္ရာ အျငင္းပြားမႈ ျပသနာ တစ္ခ်ိဳ႕နဲ႔လည္း ႀကဳံေတြ႕ေနရပါတယ္။ ခုတစ္ပတ္ အဲဒီျပသနာေတြအေၾကာင္း ေဆြးေႏြးတင္ျပသြားပါ့မယ္။


ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ မေပၚေပါက္ခင္ကတည္းက အစိုးရအဖြဲ႕နဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္မႈအေပၚ သတင္းမီဒီယာ သမားေတြေရာ၊ ျပည္သူေတြကပါ ေက်နပ္အားရမႈ မရွိခဲ့ပါဘူး။ ေန႔စဥ္ ကူးစက္ခံရသူ၊ ေသဆုံးသူ၊ ေကာင္းမြန္လာသူေတြကို အခ်က္အလက္ နည္းနည္းနဲ႔ ထုတ္ျပန္ပါတယ္။ ေနာက္ က်န္းမာေရးဝန္ႀကီးဌာနက အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္ေနတာေတြ၊ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သိေကာင္းစရာေတြ၊ ျပည္သူေတြ လိုက္နာရမယ့္ အခ်က္ေတြ စတာေတြ ထုတ္ျပန္ပါတယ္။ တကယ္ေတာ့ လက္ရွိအခ်ိန္ဟာ ကပ္ေရာဂါေဘးဆိုက္လို႔ တစ္ႏိုင္ငံလုံး ေနအိမ္ထဲမွာပဲ ေနေနရတဲ့ အခ်ိန္ပါ။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘး ဆိုတာဟာ တစ္တိုင္းျပည္လုံးက နယ္ပယ္အားလုံး၊ ျပည္သူအားလုံးနဲ႔ ဆိုင္တဲ့ ကိစၥ ျဖစ္ေနတာမို႔ ျပည္သူေတြဟာ သတင္းေတြကို ဒီထက္ပို သိခ်င္ၾကပါတယ္။ ဒီအတြက္လည္း အခ်ိန္တိုင္းမွာ ေမးခြန္းေတြ ရွိေနၿပီး ေမးလည္းေမးခ်င္ၾကပါတယ္။ ဒါေပမယ့္ က်န္းမာေရးဝန္ႀကီးဌာနမွာ အဲလို သတင္းမီဒီယာေတြနဲ႔ အမ်ားျပည္သူ ေမးတာေတြကို ေျဖၾကားေပးမယ့္ စနစ္ တစ္ခု တည္ေဆာက္ထားတာ မရွိပါဘူး။


နဂိုတုန္းကေတာ့ ေမးသမွ်ေတြကို ေဒါက္တာခင္ခင္ႀကီးက ေျဖၾကားေပးပါတယ္။ ေနာက္ပိုင္း ေဒါက္တာသာထြန္းေက်ာ္ကို ေျပာေရးဆိုခြင့္ရွိသူအေနနဲ႔ တာဝန္ေပးၿပီးေနာက္မွာေတာ့ ဘယ္သူမွ သူ႔ကို ဆက္သြယ္လို႔ မရေတာ့ပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ ျပန္ၾကားေရး ဝန္ႀကီးဌာနပါ။ ျပည္သူေတြဆီက ေကာက္ခံထားတဲ့ အခြန္ဘ႑ာေငြ အမ်ားႀကီးသုံးၿပီး လည္ပတ္ေနတဲ့ ဝန္ႀကီးဌာနပါ။ လက္ရွိ ကာလမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘး နဲ႔ ပတ္သက္ၿပီး ျဖစ္ေပၚေနတဲ့ ကုန္သြယ္စီးပြားအေျခအေန၊ အလုပ္သမားေရးရာေတြ၊ ဥပေဒေၾကာင္းဆိုင္ရာေတြ၊ ဘဏ္နဲ႔ ေငြေၾကးဆိုင္ရာ ကိစၥေတြ၊ စစ္ေရးနဲ႔ ဒုကၡသည္ ျပသနာေတြ၊ ပညာေရး ကိစၥေတြ စသျဖင့္ စသျဖင့္ ျပည္သူေတြ သိခ်င္တာ အလြန္မ်ားေနတဲ့ အခ်ိန္ပါ။ မရွင္းလင္းတာေတြကိုလည္း ေမးခ်င္ေနၾကပါတယ္။ ဒီအတြက္ ျပန္ၾကားေရးဝန္ႀကီးဌာန အေနနဲ႔ ဘာမွ လုပ္ေပးေနတာ မေတြ႕ရပါဘူး။ ျပန္ၾကားေရးက ထုတ္ေဝ၊ ထုတ္လႊင့္ေနတဲ့ သတင္းစာ၊ ေရဒီယို၊ ႐ုပ္ျမင္သံၾကားလိုင္းေတြမွာေတာ့ ေဖ်ာ္ေျဖေရးနဲ႔ ဝါဒျဖန႔္ခ်ီေရးေလာက္ပဲ လုပ္ေနတာ ေတြ႕ၾကရပါတယ္။


အစိုးရဟာ ကပ္ေဘး ျပသနာနဲ႔ ပတ္သက္ၿပီး “သတင္းမွားေတြ မျဖန႔္ၾကပါနဲ႔ ေကာလဟလ ေတြ မတင္ၾကပါနဲ႔” စသျဖင့္ ေျပာဆိုေနေပမယ့္ အျခားတစ္ဖက္မွာေတာ့ ျပည္သူေတြ သိသင့္ သိထိုက္တာေတြကို ေျဖေပးတာ၊ ရွင္းလင္းေပးတာမ်ိဳး လုပ္မေပးပါဘူး။ ပုဂၢလိက သတင္းစာေတြနဲ႔ မီဒီယာေတြ ယာယီ လုပ္ငန္း ရပ္ဆိုင္းထားတဲ့ သၾကၤန္ကာလတြင္းမွာေတာ့ ပိုဆိုးပါတယ္။ ျပည္ပ အသံလႊင့္နဲ႔ မီဒီယာေတြက လႊင့္ထုတ္တာေတြကလြဲရင္ ျပည္သူေတြ ဘာသတင္း အခ်က္အလက္ေတြကိုမွ သိပ္မသိၾကရေတာ့ပါဘူး။


ေနာက္ျပသနာ တစ္ခုကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ၊ သံသယ နဲ႔ ေစာင့္ၾကည့္စခန္းေတြမွာ ေနရသူေတြရဲ႕ နာမည္နဲ႔ အခ်က္အလက္ေတြ ေဖာ္ျပသင့္ မသင့္ ျပသနာပါ။ တစ္ခ်ိဳ႕ကေတာ့ ဒီလို ေဖာ္ျပျခင္းဟာ ကာယကံရွင္ရဲ႕ Privacy ခ်ိဳးေဖါက္သလိုျဖစ္တယ္၊ မီဒီယာ က်င့္ဝတ္နဲ႔လည္း မညီႏိုင္ဘူး ဆိုၿပီး ေျပာဆိုၾကပါတယ္။
ဒီေနရာမွာ ရွင္းရွင္းလင္းလင္း သိဖို႔ လိုတာက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြဆိုတာ ဘယ္လိုလူမ်ိဳးေတြလဲ ဆိုတာပါ။ သူတို႔ဟာ ကိုယ့္ဖာသာကိုယ္ မသိလိုက္ပဲ အသက္ရႉလမ္းေၾကာင္းကေန တဆင့္ ဗိုင္းရပ္စ္ ကူးစက္ခံရသူပါ။ ဘာျပစ္မႈမွ လုပ္ထားသူေတြ မဟုတ္သလို၊ ရာဇဝတ္မႈ က်ဴးလြန္ခံရတဲ့ သားေကာင္ေတြလည္း မဟုတ္ပါဘူး။ ေနာက္တစ္ခုက AIDS ေရာဂါဆိုရင္ ေသြးသြင္းတာကေန တဆင့္၊ ေဆးထိုးအပ္ကေန တဆင့္ ကူးစက္ႏိုင္သလို လိင္ဆက္ဆံရာကေနလည္း ကူးစက္ႏိုင္တဲ့ ေရာဂါျဖစ္ပါတယ္။ ဒါေၾကာင့္ လူတစ္ခ်ိဳ႕ဟာ လူ႔က်င့္ဝတ္ဆိုင္ရာနဲ႔ ဆက္စပ္ၿပီး AIDS ေရာဂါသည္ေတြကို မွားယြင္း သံသယထားတာ၊ မလိုလားတာ၊ ခြဲျခားဆက္ဆံတာမ်ိဳး လုပ္ေလ့ရွိပါတယ္။ အခု ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသူေတြဆိုတာ AIDS လူနာေတြနဲ႔လည္း နည္းနည္းေလးမွ မတူပါဘူး။ ဒီအတြက္ လူတစ္ေယာက္ကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအျဖစ္ ထုတ္ေဖာ္တာ၊ ေျပာဆိုတာဟာ အဲဒီလူကို ႏွိမ့္ခ်ရာ ေစာ္ကားရာလည္း မေရာက္သလို၊ လူ႔က်င့္ဝတ္ ခ်ိဳးေဖါက္သလိုလည္း မျဖစ္ေစပါဘူး။


ေနာက္ျပသနာ တစ္ခုက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ တိုက္ဖ်က္ေရးရဲ႕ သေဘာသဘာဝပါ။ ကမာၻလုံးဆိုင္ရာ ကပ္ေဘး ျပသနာကို ေအာင္ျမင္ေအာင္ ကိုင္တြယ္စီမံခန႔္ခြဲႏိုင္ခဲ့တဲ့ ထိုင္ဝမ္လို၊ ကိုရီးယားလို ႏိုင္ငံေတြရဲ႕ နမူနာအရ ဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကို ျမန္ျမန္ဆန္ဆန္ ရွာေဖြႏိုင္တာ၊ ထိေတြ႕ဆက္ဆံခဲ့သူေတြရဲ႕ ေနာက္ေၾကာင္းကို မွန္မွန္နဲ႔ ျမန္ျမန္ ရွာႏိုင္တာ၊ လိုအပ္ရင္ အဲဒီလူေတြကို Quarantine လုပ္ေစတာ၊ အဲဒါေတြ ျပည္သူေတြကို သတင္းအခ်က္အလက္ မွန္မွန္နဲ႔ ျမန္ျမန္ သိၾကေစၿပီး ကာကြယ္ႏိုင္ေအာင္ ေဆာင္႐ြက္ေပးတာမ်ိဳးပဲ ျဖစ္ပါတယ္။ ဒီအတြက္ ဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကို ျပည္သူေတြ သိလာရင္၊ သူတို႔ေနထိုင္ရာ၊ အလုပ္လုပ္ကိုင္ရာကို သိလာ၊ အခ်က္အလက္ေတြ ရလာရင္ ကိုယ္ကိုယ္တိုင္ ထိေတြ႕ခဲ့သူ ဟုတ္မဟုတ္၊ ဟုတ္ရင္ သက္ဆိုင္ရာဆီ သတင္းပို႔၊ လိုအပ္သမွ် ဆက္ၿပီး ေဆာင္႐ြက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီလို လုပ္ႏိုင္ေလေလ ကိုယ့္မိသားစု အသိုင္းအဝိုင္းကို မကူးစက္ေအာင္ ကာကြယ္ၿပီးသား ျဖစ္သလို၊ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကို ပိုၿပီး ကာကြယ္ ဟန႔္တားႏိုင္မွာ ျဖစ္ပါတယ္။ တစ္ခုပဲ သတိျပဳဖို႔ လိုပါတယ္။ ဗိုင္းရပ္စ္ ကူးစက္ခံထားရသူေတြ၊ သံသယ နဲ႔ ေစာင့္ၾကည့္ခံရသူေတြကို ပတ္ဝန္းက်င္ လူ႔အသိုင္းအဝိုင္းက မေကာင္းျမင္ၿပီး ဖယ္က်ဥ္တာမ်ိဳး မလုပ္မိၾကေလေအာင္၊ ျဖစ္ႏိုင္ရင္ စာနာေထာက္ထားမႈနဲ႔ ကူညီေဖးမၾကဖို႔ က်ယ္က်ယ္ျပန႔္ျပန႔္ အသိပညာ ေပးေရး လုပ္ဖို႔ ျဖစ္ပါတယ္။


အားလုံးကိုၿခဳံငုံသုံးသပ္ၾကည့္လိုက္ရင္ လက္ရွိ ကပ္ေဘးကို ရင္ဆိုင္ တြန္းလွန္မႈမွာ အစိုးရဟာ အရင္ ဘယ္ အာဏာရွင္ အစိုးရေတြနဲ႔မွ မတူေအာင္ စြမ္းစြမ္းတမံ လုပ္ကိုင္ေဆာင္႐ြက္ အေကာင္အထည္ ေဖာ္ေနတာ၊ ခ်မ္းသာသူ၊ တတ္ႏိုင္သူေတြကလည္း ကူညီေနၾကတာ၊ ျပည္သူေတြကလည္း အစိုးရ လမ္းၫႊန္ခ်က္ေတြကို လိုက္နာေနၾကတာ ျငင္းမရတဲ့အခ်က္ပါ။ ဒီလို အေျခအေနေကာင္းေအာက္မွာ က်န္းမာေရးနဲ႔ ျပန္ၾကားေရး ဝန္ႀကီးဌာနေတြသာ သတင္းထုတ္ျပန္မႈေတြကို ဒီ့ထက္ ထိထိေရာက္ေရာက္ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ခဲ့ရင္ ကို႐ိုနာကပ္ေရာဂါေဘး တိုက္ဖ်က္မႈ လုပ္ငန္း ဒီ့ထက္ပို ထိေရာက္ေအာင္ျမင္ႏိုင္မယ္ ျဖစ္ေၾကာင္းပါ။
စည္သူေအာင္ျမင့္။

==========

ကိုရိုနာကပ်ဘေး၊ အစိုးရရဲ့ သတင်းထုတ်ပြန်မှု လုံလောက်ပါရဲ့လား

ဧပြီလ ၁၆ ရက်နေ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေလို့ သံသယ ရှိပြီး စစ်ဆေးခဲ့သူ ၃၂၃၆ ယောက် ရှိတဲ့အနက် လူပေါင်း ၈၅ ယောက်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားတာ တွေ့ရပါတယ်။ အဲဒီလူတွေထဲက လူ ၄ ယောက် သေဆုံးပြီး ၂ ယောက် ရောဂါ ပျောက်ကင်း သွားပါပြီ။ ကျန်လူနာတွေကတော့ ဆေးရုံအသီးသီးမှာ ဆေးကုသမှု ခံယူနေရပြီး အများစုက ရန်ကုန်ဝေဘာဂီ ဆေးရုံမှာပါ။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့ ဗိုင်းရပ်စ် ကပ်ဘေး အန္တရာယ် ကျရောက်မှု အတော်လေး သက်သာနေသေးတာ တွေ့နိုင်ပါတယ်။ စစ်ဆေးပြီး လူ ၁၀၀ မှာ ပိုးတွေ့သူ ၂ ဒသမ ၆ ယောက်နှုန်းပဲ ရှိတဲ့အတွက် ၁၀၀ မှာ ၄၉ ယောက် ဗိုင်းရပ်စ်တွေ့တဲ့ ပြင်သစ်၊ အယောက် ၂၀ ဗိုင်းရပ်စ်တွေ့တဲ့ အမေရိကန်နဲ့ စပိန်၊ ၁၄ ယောက် တွေ့တဲ့ အီတလီ တို့နဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေသလို၊ ၁၂ ယောက်တွေ့တဲ့ ဖိလစ်ပိုင်၊ ၁၅ ယောက်တွေ့တဲ့ အင်ဒိုနီးရှား၊ ၆ ယောက်တွေ့တဲ့ မလေးရှား တို့နဲ့လည်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ထိုင်းကတော့ မြန်မာနိုင်ငံနဲ့ အတူတူ ဗိုင်းရပ်စ် စစ်ဆေးသူ ၁၀၀ မှာ ၂ ဒသမ ၆ ယောက် တွေ့ပါတယ်။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုတို့ကတော့ မြန်မာထက် အခြေအနေ ပိုကောင်းတယ်လို့ ပြောနိုင်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး တွန်းလှန်နေတဲ့ အခြေအနေမှာ အခက်အခဲ ပြသနာ တစ်ချို့ ကြုံနေရသလို အဲဒီထဲမှာ အစိုးရရဲ့ သတင်းထုတ်ပြန်မှု ပြသနာ၊ မီဒီယာ ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှု ပြသနာ တစ်ချို့နဲ့လည်း ကြုံတွေ့နေရပါတယ်။ ခုတစ်ပတ် အဲဒီပြသနာတွေအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မပေါ်ပေါက်ခင်ကတည်းက အစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်မှုအပေါ် သတင်းမီဒီယာ သမားတွေရော၊ ပြည်သူတွေကပါ ကျေနပ်အားရမှု မရှိခဲ့ပါဘူး။ နေ့စဉ် ကူးစက်ခံရသူ၊ သေဆုံးသူ၊ ကောင်းမွန်လာသူတွေကို အချက်အလက် နည်းနည်းနဲ့ ထုတ်ပြန်ပါတယ်။ နောက် ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်နေတာတွေ၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သိကောင်းစရာတွေ၊ ပြည်သူတွေ လိုက်နာရမယ့် အချက်တွေ စတာတွေ ထုတ်ပြန်ပါတယ်။ တကယ်တော့ လက်ရှိအချိန်ဟာ ကပ်ရောဂါဘေးဆိုက်လို့ တစ်နိုင်ငံလုံး နေအိမ်ထဲမှာပဲ နေနေရတဲ့ အချိန်ပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ဆိုတာဟာ တစ်တိုင်းပြည်လုံးက နယ်ပယ်အားလုံး၊ ပြည်သူအားလုံးနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်နေတာမို့ ပြည်သူတွေဟာ သတင်းတွေကို ဒီထက်ပို သိချင်ကြပါတယ်။ ဒီအတွက်လည်း အချိန်တိုင်းမှာ မေးခွန်းတွေ ရှိနေပြီး မေးလည်းမေးချင်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနမှာ အဲလို သတင်းမီဒီယာတွေနဲ့ အများပြည်သူ မေးတာတွေကို ဖြေကြားပေးမယ့် စနစ် တစ်ခု တည်ဆောက်ထားတာ မရှိပါဘူး။


နဂိုတုန်းကတော့ မေးသမျှတွေကို ဒေါက်တာခင်ခင်ကြီးက ဖြေကြားပေးပါတယ်။ နောက်ပိုင်း ဒေါက်တာသာထွန်းကျော်ကို ပြောရေးဆိုခွင့်ရှိသူအနေနဲ့ တာဝန်ပေးပြီးနောက်မှာတော့ ဘယ်သူမှ သူ့ကို ဆက်သွယ်လို့ မရတော့ပါဘူး။ နောက်တစ်ချက်ကတော့ ပြန်ကြားရေး ဝန်ကြီးဌာနပါ။ ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ဘဏ္ဍာငွေ အများကြီးသုံးပြီး လည်ပတ်နေတဲ့ ဝန်ကြီးဌာနပါ။ လက်ရှိ ကာလမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကုန်သွယ်စီးပွားအခြေအနေ၊ အလုပ်သမားရေးရာတွေ၊ ဥပဒေကြောင်းဆိုင်ရာတွေ၊ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေ၊ စစ်ရေးနဲ့ ဒုက္ခသည် ပြသနာတွေ၊ ပညာရေး ကိစ္စတွေ စသဖြင့် စသဖြင့် ပြည်သူတွေ သိချင်တာ အလွန်များနေတဲ့ အချိန်ပါ။ မရှင်းလင်းတာတွေကိုလည်း မေးချင်နေကြပါတယ်။ ဒီအတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ဘာမှ လုပ်ပေးနေတာ မတွေ့ရပါဘူး။ ပြန်ကြားရေးက ထုတ်ဝေ၊ ထုတ်လွှင့်နေတဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းတွေမှာတော့ ဖျော်ဖြေရေးနဲ့ ဝါဒဖြန့်ချီရေးလောက်ပဲ လုပ်နေတာ တွေ့ကြရပါတယ်။


အစိုးရဟာ ကပ်ဘေး ပြသနာနဲ့ ပတ်သက်ပြီး “သတင်းမှားတွေ မဖြန့်ကြပါနဲ့ ကောလဟလ တွေ မတင်ကြပါနဲ့” စသဖြင့် ပြောဆိုနေပေမယ့် အခြားတစ်ဖက်မှာတော့ ပြည်သူတွေ သိသင့် သိထိုက်တာတွေကို ဖြေပေးတာ၊ ရှင်းလင်းပေးတာမျိုး လုပ်မပေးပါဘူး။ ပုဂ္ဂလိက သတင်းစာတွေနဲ့ မီဒီယာတွေ ယာယီ လုပ်ငန်း ရပ်ဆိုင်းထားတဲ့ သင်္ကြန်ကာလတွင်းမှာတော့ ပိုဆိုးပါတယ်။ ပြည်ပ အသံလွှင့်နဲ့ မီဒီယာတွေက လွှင့်ထုတ်တာတွေကလွဲရင် ပြည်သူတွေ ဘာသတင်း အချက်အလက်တွေကိုမှ သိပ်မသိကြရတော့ပါဘူး။


နောက်ပြသနာ တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ၊ သံသယ နဲ့ စောင့်ကြည့်စခန်းတွေမှာ နေရသူတွေရဲ့ နာမည်နဲ့ အချက်အလက်တွေ ဖော်ပြသင့် မသင့် ပြသနာပါ။ တစ်ချို့ကတော့ ဒီလို ဖော်ပြခြင်းဟာ ကာယကံရှင်ရဲ့ Privacy ချိုးဖေါက်သလိုဖြစ်တယ်၊ မီဒီယာ ကျင့်ဝတ်နဲ့လည်း မညီနိုင်ဘူး ဆိုပြီး ပြောဆိုကြပါတယ်။
ဒီနေရာမှာ ရှင်းရှင်းလင်းလင်း သိဖို့ လိုတာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေဆိုတာ ဘယ်လိုလူမျိုးတွေလဲ ဆိုတာပါ။ သူတို့ဟာ ကိုယ့်ဖာသာကိုယ် မသိလိုက်ပဲ အသက်ရှူလမ်းကြောင်းကနေ တဆင့် ဗိုင်းရပ်စ် ကူးစက်ခံရသူပါ။ ဘာပြစ်မှုမှ လုပ်ထားသူတွေ မဟုတ်သလို၊ ရာဇဝတ်မှု ကျူးလွန်ခံရတဲ့ သားကောင်တွေလည်း မဟုတ်ပါဘူး။ နောက်တစ်ခုက AIDS ရောဂါဆိုရင် သွေးသွင်းတာကနေ တဆင့်၊ ဆေးထိုးအပ်ကနေ တဆင့် ကူးစက်နိုင်သလို လိင်ဆက်ဆံရာကနေလည်း ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ချို့ဟာ လူ့ကျင့်ဝတ်ဆိုင်ရာနဲ့ ဆက်စပ်ပြီး AIDS ရောဂါသည်တွေကို မှားယွင်း သံသယထားတာ၊ မလိုလားတာ၊ ခွဲခြားဆက်ဆံတာမျိုး လုပ်လေ့ရှိပါတယ်။ အခု ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေဆိုတာ AIDS လူနာတွေနဲ့လည်း နည်းနည်းလေးမှ မတူပါဘူး။ ဒီအတွက် လူတစ်ယောက်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် ထုတ်ဖော်တာ၊ ပြောဆိုတာဟာ အဲဒီလူကို နှိမ့်ချရာ စော်ကားရာလည်း မရောက်သလို၊ လူ့ကျင့်ဝတ် ချိုးဖေါက်သလိုလည်း မဖြစ်စေပါဘူး။


နောက်ပြသနာ တစ်ခုက ကိုရိုနာဗိုင်းရပ်စ် ကာကွယ် တိုက်ဖျက်ရေးရဲ့ သဘောသဘာဝပါ။ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေး ပြသနာကို အောင်မြင်အောင် ကိုင်တွယ်စီမံခန့်ခွဲနိုင်ခဲ့တဲ့ ထိုင်ဝမ်လို၊ ကိုရီးယားလို နိုင်ငံတွေရဲ့ နမူနာအရ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်တာ၊ ထိတွေ့ဆက်ဆံခဲ့သူတွေရဲ့ နောက်ကြောင်းကို မှန်မှန်နဲ့ မြန်မြန် ရှာနိုင်တာ၊ လိုအပ်ရင် အဲဒီလူတွေကို Quarantine လုပ်စေတာ၊ အဲဒါတွေ ပြည်သူတွေကို သတင်းအချက်အလက် မှန်မှန်နဲ့ မြန်မြန် သိကြစေပြီး ကာကွယ်နိုင်အောင် ဆောင်ရွက်ပေးတာမျိုးပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ပြည်သူတွေ သိလာရင်၊ သူတို့နေထိုင်ရာ၊ အလုပ်လုပ်ကိုင်ရာကို သိလာ၊ အချက်အလက်တွေ ရလာရင် ကိုယ်ကိုယ်တိုင် ထိတွေ့ခဲ့သူ ဟုတ်မဟုတ်၊ ဟုတ်ရင် သက်ဆိုင်ရာဆီ သတင်းပို့၊ လိုအပ်သမျှ ဆက်ပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်လေလေ ကိုယ့်မိသားစု အသိုင်းအဝိုင်းကို မကူးစက်အောင် ကာကွယ်ပြီးသား ဖြစ်သလို၊ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ပိုပြီး ကာကွယ် ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုပဲ သတိပြုဖို့ လိုပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ၊ သံသယ နဲ့ စောင့်ကြည့်ခံရသူတွေကို ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက မကောင်းမြင်ပြီး ဖယ်ကျဉ်တာမျိုး မလုပ်မိကြလေအောင်၊ ဖြစ်နိုင်ရင် စာနာထောက်ထားမှုနဲ့ ကူညီဖေးမကြဖို့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးရေး လုပ်ဖို့ ဖြစ်ပါတယ်။


အားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်ရင် လက်ရှိ ကပ်ဘေးကို ရင်ဆိုင် တွန်းလှန်မှုမှာ အစိုးရဟာ အရင် ဘယ် အာဏာရှင် အစိုးရတွေနဲ့မှ မတူအောင် စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက် အကောင်အထည် ဖော်နေတာ၊ ချမ်းသာသူ၊ တတ်နိုင်သူတွေကလည်း ကူညီနေကြတာ၊ ပြည်သူတွေကလည်း အစိုးရ လမ်းညွှန်ချက်တွေကို လိုက်နာနေကြတာ ငြင်းမရတဲ့အချက်ပါ။ ဒီလို အခြေအနေကောင်းအောက်မှာ ကျန်းမာရေးနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတွေသာ သတင်းထုတ်ပြန်မှုတွေကို ဒီ့ထက် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ရင် ကိုရိုနာကပ်ရောဂါဘေး တိုက်ဖျက်မှု လုပ်ငန်း ဒီ့ထက်ပို ထိရောက်အောင်မြင်နိုင်မယ် ဖြစ်ကြောင်းပါ။
စည်သူအောင်မြင့်။

XS
SM
MD
LG