ဒေါ်အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ မတ်လကုန်က ရန်ကုန်မြို့တော် စည်ပင်ရုံးချုပ်မှာ ရန်ကုန်မြို့ကို မြေအသုံးချမှုဇုံ (၁၁) ဇုံသတ်မှတ်ပြီး အဲဒီ သတ်မှတ်ချက်တွေအတိုင်း အဆောက်အဦးတွေ တည်ဆောက်ရင် ကောင်းမယ်ဆိုတာကို ရှင်းပြတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ရှင်းလင်းသူတွေကတော့ မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်၊ ရန်ကုန်စည်ပင်က မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင် ညွှန်ကြားရေးမှူးဒေါ်လှိုင်မော်ဦးနဲ့ ပညာရှင်တစ်ချို့ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ လွှတ်တော်အမတ်တွေက အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
ပြောရရင် မြို့ပြဖွံ့ဖြိုးရေးပညာရှင်တွေက ရန်ကုန်မြို့ကို အရင်ခေတ်ကလို ပရမ်းပတာမဟုတ်ဘဲ စနစ်တကျ ဖွံ့ဖြိုး တိုးတက်လာအောင် ဒီလို လုပ်သင့်တယ်ဆိုပြီး ချပြတဲ့ပွဲဆိုရင်လည်း မမှားပါဘူး။ ပညာရှင်တွေက ဘာတွေ ချပြသလဲ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဘယ်လို တုံ့ပြန်ကြသလဲ၊ ဒီ စီမံကိန်းအဆိုပြုမှု အောင်မြင်နိုင်ပါ့မလားဆိုတာ အခု တပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဦးစည်သူအောင်မြင့်။ ။ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ မြန်မာပညာရှင်တွေရေးဆွဲထားတဲ့ မြေအသုံးချမှုမှာ ရန်ကုန်မြို့ကို ဇုံ ၁၁ ဇုံ ခွဲခြားထားပါတယ်။ အဲဒါတွေကတော့ အထပ်နိမ့် လူနေသိပ်သည်းမှုနည်းဇုံ၊ အလယ်အလတ် သိပ်သည်းမှု လူနေဇုံ၊ အထပ်မြင့် လူနေဇုံ၊ စီးပွားရေးဇုံ၊ စက်မှုဇုံ၊ ဆိပ်ကမ်းနဲ့ဆက်စပ်လုပ်ငန်းများဇုံ၊ စမ်းလန်းမြေနဲ့ ရေပြင်များဇုံ၊ မြို့ပြအမွေအနှစ် ထိမ်းသိမ်းမှု ဇုံ စသဖြင့် ပါဝင်ပါတယ်။
ခုလို ဇုံ ခွဲခြားသတ်မှတ်လိုက်ရတဲ့ ရည်ရွယ်ချက်ဟာ ရန်ကုန်မြို့ကို ရှေးမူလည်း မပျက်ဘဲ သဘာဝအခြေအနေတွေ မထိခိုက်ဘဲ လက်ရှိနေထိုင်မှု ပုံစံတွေလည်း မပြောင်းလဲစေဘဲ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တာပါ။ ဒီလို ဇုံသတ်မှတ်လိုက်တာနဲ့အတူ အဆောက်အဦးဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ဇုံခွဲခြား ဆောက်လုပ်ဖို့ကိစ္စပါ စီမံကိန်းထဲ ထည့်ထားပါတယ်။ ရန်ကုန်မြို့ပြ မြေပုံကို အရောင် (၇) ခု ခွဲခြားထားပြီး အဲဒီမှာ ၃ ထပ်ကနေ ၁၂ ထပ် အထက် ၃၅ ထပ်အထိ ဆောက်လုပ်နိုင်မယ့် ဧရိယာတွေကို ဖော်ပြထားပါတယ်။ သဘောကတော့ ဇုံသတ်မှတ်ချက်နဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် အဆောက်အဦ တွေကို ဆောက်လုပ်ကြဖို့ပါ။
တကယ်တော့ ဒီ စီမံကိန်းကို ပညာရှင်တွေနဲ့ စီမံကိန်းရေးဆွဲသူတွေ တင်ပြတာ ခုမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ကလည်း သက်ဆိုင်သူတွေကို ခေါ်ယူ ရှင်းပြမှုတွေ လုပ်ခဲ့ဖူးပါတယ်။ အဲဒီအခါ ပထမဦးဆုံး ကြုံရတာက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ မြေပိုင်ရှင်တချို့ရဲ့ ဆန့်ကျင်ကန့်ကွက်မှုပါ။ အခုလို ဇုံသတ်မှတ်ချက်အလိုက်ပဲ အဆောက်အဦးဆောက်ခွင့်ရမယ်ဆိုရင် တချို့မြေကွက်တွေပေါ်မှာ ကြိုက်သလောက် အထပ်အမြင့်ဆောက်လို့ မရတော့ပါဘူး။ ဒီ အခါ မြေတန်ဘိုးမတူညီမှုတွေ ဖြစ်လာမယ်၊ အထပ်မြင့် ဆောက်ခွင့်မရှိတဲ့ဇုံက တချို့မြေကွက်တွေ တန်ဘိုးကျသွားနိုင်တယ်ဆိုပြီး ဝိုင်းဝန်း ကန့်ကွက်ကြတာဖြစ်ပါတယ်။
အခုနောက်ဆုံး ပညာရှင်တွေရဲ့ ရှင်းလင်းတင်ပြမှုမှာ ရန်ကုန်မြို့ဧရိယာစုစုပေါင်းရဲ့ ၇၀ % လောက်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၇ ပေ ရှိမယ့် ၃၅ ထပ်လောက်မြင့်မယ့် အဆောက်အဦတွေ ဆောက်လုပ်နိုင်တယ်ဆိုတာကိုတောင် သိပ်ပြီး ကျေနပ်ကြတာ မဟုတ်ပါဘူး။
ဒေါ်အင်ကြင်းနိုင်။ ။ အခုတော့ ပညာရှင်တွေဟာ ဒီ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းကို ပြည်သူတွေဆီ ချပြဖို့ စီစဉ်နေပါပြီ။ ပြည်သူတွေ ထောက်ခံရင် လွှတ်တော်ထဲတင်ပြီး အတည်ပြုချက်ရယူမယ်၊ ပြီးရင် ဥပဒေအဖြစ်အသွင်ပြောင်းပြီး ရန်ကုန်ကို စနစ်ကျတဲ့နည်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြပါမယ်။ ဒါပေမယ့် တကယ့်တကယ် စဉ်းစားကြည့်ရင် ဒီ စီမံကိန်း အကောင်အထည်ပေါ်လာဖို့ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။ အနီးဆုံး လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလ ရန်ကုန်မြို့ပြကို အာဏာပိုင်တွေ ဘယ်လို တည်ဆောက်ခဲ့သလဲ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမြို့ပြစီမံကိန်းမှ မယ်မယ်ရရမရှိသလို လာဘ်ပေးလာဘ်ယူ အာဏာအလွဲသုံးမှုတွေကလည်း မြို့ပြ ဖွံ့ဖြိုးမှုစနစ်ကို အများကြီး ဖျက်ဆီးခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ဒီနေ့အခြေအနေလို ရေဖြန့်ဖြူးရေးစနစ် မပြည့်စုံ၊ လမ်းစနစ်မကောင်း၊ မိလ္လာစနစ် မကောင်း၊ အဆောက်အဦးဆောက်ထားတာတွေလည်း စနစ်မကျဆိုတာမျိုး တွေ့မြင်နေကြရတာပါ။
ဦးစည်သူအောင်မြင့်။ ။ အဲဒီအထဲကမှ ဥပမာ တစ်ခုအနေနဲ့ ကားပါကင် ပြဿနာကို မီးမောင်းထိုးပြနိုင်ပါတယ်။ အရင် စစ်အစိုးရခေတ်ကတည်းက အထပ်ဘယ်လောက်မြင့်တဲ့ အဆောက်အဦးဆောက်မယ်ဆိုရင် ကားပါကင်ထည့်ပြီး တည်ဆောက်ပေးရမယ်၊ အခန်းအရေအတွက် ဘယ်လောက်ရှိတဲ့ အဆောက်အဦးဆိုရင် ကားဘယ်နှစ်စီး ပါကင်ထိုးနိုင်အောင် ထည့်သွင်းရမယ် စသဖြင့် စည်းကမ်းချက်တွေ လုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက စည်ပင်နဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို လာဘ်ပေးပြီး တည်ဆောက်လာလိုက်တာ ရန်ကုန်မှာ အထပ်မြင့် အဆောက်အဦး အများကြီးပေါ်လာပေမယ့် ကားပါကင်ပါတဲ့အဆောက်အဦကတော့ လက်ချိုးရေလို့ ရလောက်အောင် နည်းပါးခဲ့ပါတယ်။ တချို့ စည်းကမ်း ကန့်သတ်ချက်တွေအရ ဆောက်ခွင့်မရှိတဲ့ အဆောက်အဦးတွေကိုတောင် အာဏာပိုင်တွေအမိန့်နဲ့ ဆောက်ခွင့်ပေးခဲ့တာကလည်း မနည်းမနောပါ။
အခု အကူးအပြောင်းကာလ စည်းကမ်းချက်နဲ့ မညီလို့ဆိုပြီး ဆောက်လုပ်ခွင့်တားမြစ်ထားတဲ့ ရာနဲ့ချီတဲ့ အဆောက်အဦတွေရဲ့ ပြဿနာဟာလည်း အဲဒီ ပြဿနာမျိုးတွေပါပဲ။
အခု ပညာရှင်တွေရဲ့ ရန်ကုန်ကို ဇုံခွဲခြားပြီး စနစ်တကျ ဖွံ့ဖြိုးအောင် တည်ဆောက်ရေးဆိုတဲ့ စီမံကိန်းကလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ မြေပိုင်ရှင်တွေ ကန့်ကွက်တာ ခံနေရပါပြီ။ ရန်ကုန်က အဲဒီ မြေပိုင်ရှင်ဆိုသူတွေဟာ အရင်နဲ့လက်ရှိ အာဏာပိုင်အသိုင်းအဝိုင်းနဲ့ ဆက်နွယ်နေသူတွေက အများစုပါ။ ဒီ အခက်အခဲကို ကျော်လွှားပြီးရင်တောင် သတ်မှတ်စည်းကမ်းချက်တွေကို လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာပိုင်တွေက ချိုးဖေါက်တာမျိုး ကြုံကောင်း ကြုံတွေ့ရဦးမှာဖြစ်ပြီး ရန်ကုန်ကို စနစ်ကျ သာယာလှပတဲ့ မြို့ပြဖွံ့ဖြိုးမှု ပုံစံ တည်ဆောက်နိုင်ရေး အခက်အခဲ ကြုံတွေ့နိုင်ပါသေးကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။