သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အျငင္းပြားမွဳနဲ႔ ျပသနာေတြက ေရြးေကာက္ပြဲကို ဘယ္ေလာက္ ထိခိုက္ေစႏုိင္မလဲ


၂၀၂၀ ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္းရံုေရး အၿပိုင္ဆင္းေနၾကတဲ့ NLD နဲ႔ USDP ပါတီေထာက္ခံသူမ်ား
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ခုဆိုရင္ ျမန္မာႏိုင္ငံမွာ အေထြေထြေရြးေကာက္ပြဲၾကီး က်င္းပဖို႔ ၂၈ ရက္ေလာက္ပဲ လိုပါေတာ့တယ္။ တစ္ဖက္မွာေတာ့ Covid-19 ဒုတိယလွိဳင္းေၾကာင့္ ဗိုင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ ျမင့္တက္ေနျပီး ေသဆံုးသူေတြလည္း တစ္ေန႔တျခား မ်ားျပားလာေနတဲ့ အေျခအေန ၾကံဳေနရပါတယ္။ အဲလို အေျခအေန ေအာက္မွာ က်င္းပရမယ့္ ေရြးေကာက္ပြဲ ျဖစ္တာေၾကာင့္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ နဲ႔ ေကာ္မရွင္ အဆင့္ဆင့္၊ ႏုိင္ငံေရးပါတီေတြ၊ အမတ္ေလာင္းေတြနဲ႔ ပါ၀င္ ပတ္သက္ေနသူအားလံုး ေရြးေကာက္ပြဲ ျဖစ္စဥ္ကို ခက္ခက္ခဲခဲ ျဖတ္သန္းေနတာ ေတြ႕ျမင္ၾကရပါတယ္။ အျခားႏိုင္ငံ ေရြးေကာက္ပြဲေတြနည္းတူ လက္ရွိ ျမန္မာ့ ေရြးေကာက္ပြဲမွာလည္း အျငင္းပြားမွဳေတြ၊ ျပသနာေတြ ရွိေန၊ ျဖစ္ေနဆဲပါ။ ဘယ္လို အျငင္းပြားမွဳေတြ ျဖစ္မလဲ၊ ဘယ္လို ပဋိပကၡ ျပသနာေတြျဖစ္မလဲ၊ အဲဒါေတြကို ဘယ္လို ေျဖရွင္းေနၾကသလဲ၊ အဲဒီ အျငင္းပြားမွဳ၊ ပဋိပကၡ ျပသနာေတြဟာ ေရြးေကာက္ပြဲအေပၚ ဘယ္ေလာက္ ထိခုိက္သြားႏုိင္ေခ် ရွိသလဲ ဆိုတဲ့ကိစၥ စိတ္၀င္စားစရာပါ။ ခုတစ္ပတ္ အဲဒီ ျပသနာေတြအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

အျငင္းပြားမွဳေတြနဲ႔ ပတ္သက္ရင္ စိတ္၀င္စားဖုိ႔ ေကာင္းတဲ့ ျပသနာတစ္ခု စစ္ကိုင္းတုိင္း မင္းကင္းျမိဳ႕နယ္မွာ ျဖစ္ပြားေနပါတယ္။ အဲဒီေနရာမွာ ျမန္မာ- အိႏၵိယ လမ္းမၾကီးေဖါက္လုပ္ရာ လမ္းဆိုက္ေတြမွာ လာေရာက္ အလုပ္လုပ္ကိုင္ေနၾကတဲ့ အျခား အရပ္ေဒသကေန လာတဲ့ လမ္းအလုပ္သမားေတြ ရွိေနၾကပါတယ္။ အဲဒီ အလုပ္သမားေတြဟာ ကိုယ့္ရဲ႕ မဲဆႏၵနယ္ေျမ ျပင္ပမွာ ရက္ ၉၀ ေက်ာ္ၾကာ ေနထုိင္ခဲ့ရင္ အဲဒီ ေဒသ မဲဆႏၵနယ္ေျမမွာပဲ မဲေပးခြင့္ ရွိေစရမယ္ ဆုိတဲ့ ေရြးေကာက္ပြဲ ဥပေဒ ျပဌာန္းခ်က္နဲ႔ ပတ္သက္ျပီး အျငင္းပြားမွဳ ျဖစ္ေနၾကပါတယ္။ အျငင္းပြားၾကတာက ေကာ္မရွင္ အဖြဲ႕ခြဲ နဲ႔ ျမိဳ႕နယ္ ျပည္ခုိင္ျဖိဳးပါတီပါ။

မင္းကင္းျမိဳ႕နယ္ ျပည္ခုိင္ျဖိဳးပါတီ ဥကၠဌက သူ႔ရဲ႕ facebook စာမ်က္ႏွာမွာ ခုလို ေဖာ္ျပထားပါတယ္။ “ ျမန္မာ- အိႏၵိယ လမ္းေဖါက္လုပ္ရာတြင္ လုပ္ကိုင္ေနၾကေသာ အခ်ိဳ႕ အလုပ္သမားမ်ားသည္ ဥပေဒအရ သတ္မွတ္ထားေသာ လြန္ခဲ့ေသာ ရက္ ၉၀ ခန္႔ကတည္းက ေရာက္ရွိေနၾကေသာ္လည္း အခ်ိဳ႕ အလုပ္သမားမ်ားမွာ ေရြးေကာက္ပြဲ က်င္းပရန္ ရက္ အနည္းငယ္ အလိုမွ ေရႊ႕ေျပာင္းလာကာ ပံုစံ ၃(က) ျဖင့္ မဲစာရင္းပါေအာင္ ၾကိဳးစားေနၾကျပီး ပါတီတစ္ခုဇ။္ မဲမ်ားကို မသမာေသာနည္းျဖင့္ ရယူရန္ ၾကိဳးစားေနျခင္းျဖစ္ေၾကာင္း၊ လြန္ခဲ့တဲ့ ရက္ ၉၀ ခန္႔ကတည္းက ေရာက္ရွိေၾကာင္းကို ေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴးက အတည္ျပဳ ေထာက္ခံရန္ လုိအပ္ေသာ္လည္း အခ်ိဳ႕ အုပ္ခ်ဳပ္ေရးမွဴးမ်ားဇ။္ ေထာက္ခံေပးရန္ ျငင္းပယ္မွဳမ်ားကို လ်စ္လ်ဴရွဳ၍ ျမိဳ႕နယ္ ေကာ္မရွင္နဲ႔ အျခား အဖြဲ႕အစည္းမ်ားမွ လမ္းအလုပ္သမားမ်ား မဲစာရင္းတြင္ ပါ၀င္ေစေရး ေဆာင္ရြက္မွဳမ်ားကို ေတြ႕ရွိရေၾကာင္း၊” “ အဲလို ေဆာင္ရြက္ေနမွဳအေပၚ ကန္႔ကြက္ေၾကာင္းႏွင့္ ဥပေဒႏွင့္ မညီေသာ အေၾကာင္းအရာမ်ားအား ဆက္လက္ ကန္႔ကြက္မည္ ျဖစ္ေၾကာင္း မဲဆႏၵရွင္ ျပည္သူမ်ားအား သိေစအပ္ပါသည္။” ဆုိျပီး ေဖာ္ျပထားပါတယ္။

ျပည္ခုိင္ျဖိဳးပါတီ ဥကၠဌရဲ႕ ဆုိလိုရင္း အဓိပၸါယ္ကေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲဟာ အဲဒီက လမ္းလုပ္သားေတြကို ဥပေဒနဲ႔ အညီ မဟုတ္ပဲ မဲစာရင္းမွာ ပါေအာင္ ၾကိဳးစားေနတယ္ ဆိုတဲ့ စြပ္စြဲခ်က္ပါပဲ။ ဒါေပမယ့္ သက္ဆုိင္ရာ ေရြးေကာက္ပြဲ ေကာ္မရွင္ တာ၀န္ရွိသူကေတာ့ အဲဒီ လမ္းအလုပ္သမားေတြဟာ ဥပေဒအရ မဲစာရင္းမွာ ပါႏုိင္ဖု႔ိ၊ သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးမွဴးေတြဆီကေန ေထာက္ခံစာ ေတာင္းရေၾကာင္း၊ အုပ္ခ်ဳပ္ေရးမွဴးက သူမသိ မျမင္တာမို႔ ေထာက္ခံစာ မေပးႏိုင္ဘူး ျငင္းတဲ့အခါ အဲဒီ ေဆာက္လုပ္ေရးဆုိဒ္က အင္ဂ်င္နီယာ၊ လမ္းအလုပ္သမားေတြကို သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေတြ႕ဆံုေစျပီး ညွိႏွိဳင္းေျဖရွင္းေစတာမ်ိဳးပဲ လုပ္ခဲ့တဲ့အေၾကာင္း ရွင္းလင္းထားပါတယ္။

တကယ္ေတာ့ အဲဒီ မဲဆႏၵနယ္ေျမ အတြက္ လူဦးေရ ၁၂၀ ေက်ာ္ေလာက္ရဲ႕ မဲစာရင္းကိစၥ အေျခအတင္ ျဖစ္ရတာ အေၾကာင္းရွိေနပါတယ္။ အဲဒီ မင္းကင္း ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ေျမမွာ ၂ ၾကိမ္ဆက္ အႏုိင္ရထားသူဟာ ျပည္ခုိင္ျဖိဳးပါတီ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ျပီး လႊတ္ေတာ္တြင္း ျငင္းခံုမွဳေတြမွာ နာမည္ၾကီးတဲ့ အျငိမ္းစား စစ္အရာရွိေဟာင္း ဦးေမာင္ျမင့္ ျဖစ္ပါတယ္။

စစ္အစိုးရက လုပ္ေပးတဲ့ ၂၀၁၀ ေရြးေကာက္ပြဲမွာ ျပည္ခုိင္ျဖိဳး အမတ္ေလာင္း ဦးေမာင္ျမင့္ဟာ တစည အမတ္ေလာင္းကို မဲအေရအတြက္ ၃ဆ ခြဲေက်ာ္ေလာက္နဲ႔ အျပတ္အသတ္ အႏုိ္င္ရခဲ့ပါတယ္။ အင္န္အယ္လ္ဒီ ၀င္ျပိဳင္တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာေတာ့ တစည က ၀င္မျပိဳင္ပဲ ေနခဲ့ျပီး ဦးေမာင္ျမင့္က မဲ ၅၁% ေက်ာ္၊ အင္န္အယ္လ္ဒီ အမတ္ ေဒၚခင္ေမႊးလြင္က ၄၈% ေက်ာ္နဲ႔ ကပ္ျပီး ျပန္အႏိုင္ရခဲ့တဲ့ ေနရာ ျဖစ္ေနပါတယ္။ ခုတစ္ၾကိမ္မွာေတာ့ အင္န္အယ္လ္ဒီ ဘက္က ေဆာက္လုပ္ေရး ဒု၀န္ၾကီး ေဒါက္တာေက်ာ္လင္း ၀င္ျပိဳင္မွာျဖစ္ျပီး အျခား ပါတီ(၃) ခုက အမတ္ေလာင္းေတြလည္း ၀င္ျပိဳင္ၾကမွာပါ။ အဲလို အေျခအေနေတြေၾကာင့္ အေသးစိတ္ကအစ အျငင္းပြားၾကတာျဖစ္ျပီး သက္ဆုိင္ရာ ဥပေဒေတြအရ ေျဖရွင္းၾကရပါဦးမယ္။

ေနာက္ အျငင္းပြား တစ္ေနရာကေတာ့ ကခ်င္ျပည္နယ္ တႏိုင္းမဲဆႏၵနယ္ေျမမွာပါ။ အဲဒီ နယ္ေျမမွာ စာရင္းအရ ၾကိဳတင္မဲေပးမယ့္ တပ္မေတာ္သားေတြနဲ႔ မိသားစု၀င္ အေရအတြက္ ၈၉၂ ေယာက္ အထိ ရွိေနျပီး အဲဒါ မွန္ကန္မွဳ ရွိမရွိ၊ ဘယ္ျမိဳ႕နယ္ကေန မဲေပးမွာလဲ စတာေတြကို အင္န္အယ္လ္ဒီ အမတ္ေလာင္းေတြကေန ေရြးေကာက္ပြဲ ေကာ္မရွင္ဆီ ေမးျမန္းထားတာပဲ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲတုန္းက အဲဒီ တႏိုင္းျမိဳ႕ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ေျမမွာ အင္န္အယ္လ္ဒီ အမတ္ေလာင္း ဦးလင္းလင္းဦးက ျပည္ခုိင္ျဖိဳး အမတ္ေလာင္းကို ၁၈၉ မဲ အသာနဲ႔ ကပ္ျပီး အႏုိင္ရခဲ့တဲ့ ေနရာ ျဖစ္ပါတယ္။ အဲလို အေျခအေနေတြ ရွိခဲ့တာေၾကာင့္ တပ္မေတာ္သားေတြနဲ႔ မိသားစု၀င္ေတြရဲ႕ ၾကိဳတင္မဲ ၉၀၀ နီးပါး ဆိုတာဟာ အဆံုးအျဖတ္ ျဖစ္လာႏုိင္တာမို႔ စိစစ္ေပးဖုိ႔ တင္ျပထားတာျဖစ္ျပီး ေကာ္မရွင္က ေျဖရွင္းေပးရမွာ ျဖစ္ပါတယ္။ အလားတူ အျငင္းပြားမွဳမ်ိဳးေတြ မဟုတ္ပဲ ေရြးေကာက္ပြဲ မဲဆြယ္ စည္းရံုးေရး ပိုစတာ ဖ်က္ဆီးခံရမွဳ ေနရာ တစ္ခ်ိဳ႕မွာ ျဖစ္ပြားခဲ့ပါတယ္။ ေနာက္ျပသနာ တစ္ခုက မမွန္သတင္း ျဖန္႔ေ၀ျပီး မဲဆြယ္ တယ္ဆုိတဲ့ စြပ္စြဲမွဳ တစ္ခ်ိဳ႕ ျဖစ္ပြားေနတာကိုလည္း ေတြ႕ၾကရပါတယ္။ ရွမ္းျပည္နယ္ဘက္မွာေတာ့ RCSS/SSA ရွမ္းလက္နက္ကိုင္ တပ္ဖြဲ႕ရဲ႕ ဟန္႔တား ေႏွာင့္ယွက္မွဳေတြေၾကာင့္ တအဲန္းပေလာင္ ပါတီ မဲဆြယ္ စည္းရံုးေရး လုပ္ရခက္ေနတယ္ ဆိုတဲ့ ျဖစ္စဥ္လည္း ရွိေနပါတယ္။ ေနာက္ထပ္ ျပသနာၾကီးလို႔ ယူဆ ႏိုင္တာကေတာ့ ႏိုင္ငံေရးပါတီေတြ အေနနဲ႔ အစိုးရပိုင္၊ ရုပ္သံ၊ ေရဒီယို၊ သတင္းစာေတြကေန လႊင့္ထုတ္ ေဖာ္ျပေပးမယ့္ စည္းရံုးမဲဆြယ္ အေၾကာင္းအရာေတြကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ဆင္ဆာ ျဖတ္ေတာက္ျခင္းပါ။ တကယ္ေတာ့ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ အသီးသီးဟာ ၂၀၁၀ မွာေရာ၊ ၂၀၁၅ မွာပါ ခုလိုပဲ လုပ္ကိုင္ခဲ့ဖူးတာ၊ ဥပေဒ အရလည္း ေကာ္မရွင္ကို အဲလို လုပ္ပိုင္ခြင့္ ေပးထားေလေတာ့ ေရြးေကာက္ပြဲဆုိင္ရာ ဥပေဒ၊ ႏုိင္ငံေရးပါတီမ်ား မွတ္ပံုတင္ျခင္း ဆုိင္ရာ ဥပေဒေတြ ျပင္ဆင္ႏုိင္မွ ေနာင္ ေရြးေကာက္ပြဲေတြမွာ အဲဒီ ျပသနာ ေျပလည္ႏုိင္ပါလိမ့္မယ္။

ခုလို မဲဆြယ္ စည္းရံုးေရးကာလ ကိုယ္ထိလက္ေရာက္ တုိက္ခုိက္မွဳ တစ္ခ်ိဳ႕ရွိခဲ့ျပီး လူစုလူေ၀းနဲ႔ အၾကမ္းဖက္မွဳ တစ္ခုကေတာ့ မေကြးတုိင္း ျမိဳင္ျမိဳ႕နယ္မွာ ျဖစ္ပြားခဲ့ပါေသးတယ္။ ဒီ ျပသနာေတြထဲက တစ္ခ်ိဳ႕ကို ႏိုင္ငံေရးပါတီေတြ လက္မွတ္ထိုးထားတဲ့ CoC အရ ေျဖရွင္းတာ၊ ေကာ္မရွင္က ဖြဲ႕စည္းေပးထားတဲ့ အျငင္းပြားမွဳဆုိင္ရာ ခံုရံုးေတြကေန တဆင့္ ေျဖရွင္းတာ၊ တစ္ခ်ိဳ႕ တည္ဆဲ ဥပေဒေတြအရ ေျဖရွင္းတာမ်ိဳး လုပ္ျပီး ေက်ာ္ျဖတ္ေနၾကပါတယ္။ သိပ္မၾကာခင္ တုန္းကေတာ့ ကိုဗစ္-19 အေျခအေနေၾကာင့္ ေရြးေကာက္ပြဲ ေနာက္ဆုတ္ေပးဖို႔ ပါတီတစ္ခ်ိဳ႕က ေတာင္းဆိုခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ ဒီကေန႔ အခ်ိန္မွာေတာ့ ကိုဗစ္-19 ျပသနာ၊ ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမွဳနဲ႔ ပဋိပကၡ ျပသနာတစ္ခ်ိဳ႕ ရွိေနတဲ့တုိင္ေအာင္ ဘယ္အမတ္ေလာင္း၊ ဘယ္ပါတီကမွ ေရြးေကာက္ပြဲကေန သပိတ္ေမွာက္ ထြက္ခြာဖို႔ မၾကိဳးစားပဲ ယွဥ္ျပိဳင္ဖို႔ပဲ ျပင္ဆင္ေနၾကတာကို ၾကည့္ျခင္းအားျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္းပါ။

--------------------------------------------------

အငြင်းပွားမှုနဲ့ ပြသနာတွေက ရွေးကောက်ပွဲကို ဘယ်လောက် ထိခိုက်စေနိုင်မလဲ

စည်သူအောင်မြင့်

ခုဆိုရင် မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ ၂၈ ရက်လောက်ပဲ လိုပါတော့တယ်။ တစ်ဖက်မှာတော့ Covid-19 ဒုတိယလှိုင်းကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် မြင့်တက်နေပြီး သေဆုံးသူတွေလည်း တစ်နေ့တခြား များပြားလာနေတဲ့ အခြေအနေ ကြုံနေရပါတယ်။ အဲလို အခြေအနေ အောက်မှာ ကျင်းပရမယ့် ရွေးကောက်ပွဲ ဖြစ်တာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ ကော်မရှင် အဆင့်ဆင့်၊ နိုင်ငံရေးပါတီတွေ၊ အမတ်လောင်းတွေနဲ့ ပါဝင် ပတ်သက်နေသူအားလုံး ရွေးကောက်ပွဲ ဖြစ်စဉ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေတာ တွေ့မြင်ကြရပါတယ်။ အခြားနိုင်ငံ ရွေးကောက်ပွဲတွေနည်းတူ လက်ရှိ မြန်မာ့ ရွေးကောက်ပွဲမှာလည်း အငြင်းပွားမှုတွေ၊ ပြသနာတွေ ရှိနေ၊ ဖြစ်နေဆဲပါ။ ဘယ်လို အငြင်းပွားမှုတွေ ဖြစ်မလဲ၊ ဘယ်လို ပဋိပက္ခ ပြသနာတွေဖြစ်မလဲ၊ အဲဒါတွေကို ဘယ်လို ဖြေရှင်းနေကြသလဲ၊ အဲဒီ အငြင်းပွားမှု၊ ပဋိပက္ခ ပြသနာတွေဟာ ရွေးကောက်ပွဲအပေါ် ဘယ်လောက် ထိခိုက်သွားနိုင်ချေ ရှိသလဲ ဆိုတဲ့ကိစ္စ စိတ်ဝင်စားစရာပါ။ ခုတစ်ပတ် အဲဒီ ပြသနာတွေအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

အငြင်းပွားမှုတွေနဲ့ ပတ်သက်ရင် စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြသနာတစ်ခု စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ဖြစ်ပွားနေပါတယ်။ အဲဒီနေရာမှာ မြန်မာ- အိန္ဒိယ လမ်းမကြီးဖေါက်လုပ်ရာ လမ်းဆိုက်တွေမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အခြား အရပ်ဒေသကနေ လာတဲ့ လမ်းအလုပ်သမားတွေ ရှိနေကြပါတယ်။ အဲဒီ အလုပ်သမားတွေဟာ ကိုယ့်ရဲ့ မဲဆန္ဒနယ်မြေ ပြင်ပမှာ ရက် ၉၀ ကျော်ကြာ နေထိုင်ခဲ့ရင် အဲဒီ ဒေသ မဲဆန္ဒနယ်မြေမှာပဲ မဲပေးခွင့် ရှိစေရမယ် ဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေ ပြဌာန်းချက်နဲ့ ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်နေကြပါတယ်။ အငြင်းပွားကြတာက ကော်မရှင် အဖွဲ့ခွဲ နဲ့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီပါ။

မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌက သူ့ရဲ့ facebook စာမျက်နှာမှာ ခုလို ဖော်ပြထားပါတယ်။ “ မြန်မာ- အိန္ဒိယ လမ်းဖေါက်လုပ်ရာတွင် လုပ်ကိုင်နေကြသော အချို့ အလုပ်သမားများသည် ဥပဒေအရ သတ်မှတ်ထားသော လွန်ခဲ့သော ရက် ၉၀ ခန့်ကတည်းက ရောက်ရှိနေကြသော်လည်း အချို့ အလုပ်သမားများမှာ ရွေးကောက်ပွဲ ကျင်းပရန် ရက် အနည်းငယ် အလိုမှ ရွှေ့ပြောင်းလာကာ ပုံစံ ၃(က) ဖြင့် မဲစာရင်းပါအောင် ကြိုးစားနေကြပြီး ပါတီတစ်ခုဇ။် မဲများကို မသမာသောနည်းဖြင့် ရယူရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ရက် ၉၀ ခန့်ကတည်းက ရောက်ရှိကြောင်းကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက အတည်ပြု ထောက်ခံရန် လိုအပ်သော်လည်း အချို့ အုပ်ချုပ်ရေးမှူးများဇ။် ထောက်ခံပေးရန် ငြင်းပယ်မှုများကို လျစ်လျူရှု၍ မြို့နယ် ကော်မရှင်နဲ့ အခြား အဖွဲ့အစည်းများမှ လမ်းအလုပ်သမားများ မဲစာရင်းတွင် ပါဝင်စေရေး ဆောင်ရွက်မှုများကို တွေ့ရှိရကြောင်း၊” “ အဲလို ဆောင်ရွက်နေမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ဥပဒေနှင့် မညီသော အကြောင်းအရာများအား ဆက်လက် ကန့်ကွက်မည် ဖြစ်ကြောင်း မဲဆန္ဒရှင် ပြည်သူများအား သိစေအပ်ပါသည်။” ဆိုပြီး ဖော်ပြထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကတော့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဟာ အဲဒီက လမ်းလုပ်သားတွေကို ဥပဒေနဲ့ အညီ မဟုတ်ပဲ မဲစာရင်းမှာ ပါအောင် ကြိုးစားနေတယ် ဆိုတဲ့ စွပ်စွဲချက်ပါပဲ။ ဒါပေမယ့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူကတော့ အဲဒီ လမ်းအလုပ်သမားတွေဟာ ဥပဒေအရ မဲစာရင်းမှာ ပါနိုင်ဖု့ိ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီကနေ ထောက်ခံစာ တောင်းရကြောင်း၊ အုပ်ချုပ်ရေးမှူးက သူမသိ မမြင်တာမို့ ထောက်ခံစာ မပေးနိုင်ဘူး ငြင်းတဲ့အခါ အဲဒီ ဆောက်လုပ်ရေးဆိုဒ်က အင်ဂျင်နီယာ၊ လမ်းအလုပ်သမားတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံစေပြီး ညှိနှိုင်းဖြေရှင်းစေတာမျိုးပဲ လုပ်ခဲ့တဲ့အကြောင်း ရှင်းလင်းထားပါတယ်။

တကယ်တော့ အဲဒီ မဲဆန္ဒနယ်မြေ အတွက် လူဦးရေ ၁၂၀ ကျော်လောက်ရဲ့ မဲစာရင်းကိစ္စ အခြေအတင် ဖြစ်ရတာ အကြောင်းရှိနေပါတယ်။ အဲဒီ မင်းကင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ၂ ကြိမ်ဆက် အနိုင်ရထားသူဟာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး လွှတ်တော်တွင်း ငြင်းခုံမှုတွေမှာ နာမည်ကြီးတဲ့ အငြိမ်းစား စစ်အရာရှိဟောင်း ဦးမောင်မြင့် ဖြစ်ပါတယ်။

စစ်အစိုးရက လုပ်ပေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အမတ်လောင်း ဦးမောင်မြင့်ဟာ တစည အမတ်လောင်းကို မဲအရေအတွက် ၃ဆ ခွဲကျော်လောက်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အင်န်အယ်လ်ဒီ ဝင်ပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တစည က ဝင်မပြိုင်ပဲ နေခဲ့ပြီး ဦးမောင်မြင့်က မဲ ၅၁% ကျော်၊ အင်န်အယ်လ်ဒီ အမတ် ဒေါ်ခင်မွှေးလွင်က ၄၈% ကျော်နဲ့ ကပ်ပြီး ပြန်အနိုင်ရခဲ့တဲ့ နေရာ ဖြစ်နေပါတယ်။ ခုတစ်ကြိမ်မှာတော့ အင်န်အယ်လ်ဒီ ဘက်က ဆောက်လုပ်ရေး ဒုဝန်ကြီး ဒေါက်တာကျော်လင်း ဝင်ပြိုင်မှာဖြစ်ပြီး အခြား ပါတီ(၃) ခုက အမတ်လောင်းတွေလည်း ဝင်ပြိုင်ကြမှာပါ။ အဲလို အခြေအနေတွေကြောင့် အသေးစိတ်ကအစ အငြင်းပွားကြတာဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေတွေအရ ဖြေရှင်းကြရပါဦးမယ်။

နောက် အငြင်းပွား တစ်နေရာကတော့ ကချင်ပြည်နယ် တနိုင်းမဲဆန္ဒနယ်မြေမှာပါ။ အဲဒီ နယ်မြေမှာ စာရင်းအရ ကြိုတင်မဲပေးမယ့် တပ်မတော်သားတွေနဲ့ မိသားစုဝင် အရေအတွက် ၈၉၂ ယောက် အထိ ရှိနေပြီး အဲဒါ မှန်ကန်မှု ရှိမရှိ၊ ဘယ်မြို့နယ်ကနေ မဲပေးမှာလဲ စတာတွေကို အင်န်အယ်လ်ဒီ အမတ်လောင်းတွေကနေ ရွေးကောက်ပွဲ ကော်မရှင်ဆီ မေးမြန်းထားတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းက အဲဒီ တနိုင်းမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ အင်န်အယ်လ်ဒီ အမတ်လောင်း ဦးလင်းလင်းဦးက ပြည်ခိုင်ဖြိုး အမတ်လောင်းကို ၁၈၉ မဲ အသာနဲ့ ကပ်ပြီး အနိုင်ရခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ အဲလို အခြေအနေတွေ ရှိခဲ့တာကြောင့် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေရဲ့ ကြိုတင်မဲ ၉၀၀ နီးပါး ဆိုတာဟာ အဆုံးအဖြတ် ဖြစ်လာနိုင်တာမို့ စိစစ်ပေးဖို့ တင်ပြထားတာဖြစ်ပြီး ကော်မရှင်က ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ အလားတူ အငြင်းပွားမှုမျိုးတွေ မဟုတ်ပဲ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ပိုစတာ ဖျက်ဆီးခံရမှု နေရာ တစ်ချို့မှာ ဖြစ်ပွားခဲ့ပါတယ်။ နောက်ပြသနာ တစ်ခုက မမှန်သတင်း ဖြန့်ဝေပြီး မဲဆွယ် တယ်ဆိုတဲ့ စွပ်စွဲမှု တစ်ချို့ ဖြစ်ပွားနေတာကိုလည်း တွေ့ကြရပါတယ်။ ရှမ်းပြည်နယ်ဘက်မှာတော့ RCSS/SSA ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ရဲ့ ဟန့်တား နှောင့်ယှက်မှုတွေကြောင့် တအဲန်းပလောင် ပါတီ မဲဆွယ် စည်းရုံးရေး လုပ်ရခက်နေတယ် ဆိုတဲ့ ဖြစ်စဉ်လည်း ရှိနေပါတယ်။ နောက်ထပ် ပြသနာကြီးလို့ ယူဆ နိုင်တာကတော့ နိုင်ငံရေးပါတီတွေ အနေနဲ့ အစိုးရပိုင်၊ ရုပ်သံ၊ ရေဒီယို၊ သတင်းစာတွေကနေ လွှင့်ထုတ် ဖော်ပြပေးမယ့် စည်းရုံးမဲဆွယ် အကြောင်းအရာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆင်ဆာ ဖြတ်တောက်ခြင်းပါ။ တကယ်တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အသီးသီးဟာ ၂၀၁၀ မှာရော၊ ၂၀၁၅ မှာပါ ခုလိုပဲ လုပ်ကိုင်ခဲ့ဖူးတာ၊ ဥပဒေ အရလည်း ကော်မရှင်ကို အဲလို လုပ်ပိုင်ခွင့် ပေးထားလေတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတွေ ပြင်ဆင်နိုင်မှ နောင် ရွေးကောက်ပွဲတွေမှာ အဲဒီ ပြသနာ ပြေလည်နိုင်ပါလိမ့်မယ်။

ခုလို မဲဆွယ် စည်းရုံးရေးကာလ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု တစ်ချို့ရှိခဲ့ပြီး လူစုလူဝေးနဲ့ အကြမ်းဖက်မှု တစ်ခုကတော့ မကွေးတိုင်း မြိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီ ပြသနာတွေထဲက တစ်ချို့ကို နိုင်ငံရေးပါတီတွေ လက်မှတ်ထိုးထားတဲ့ CoC အရ ဖြေရှင်းတာ၊ ကော်မရှင်က ဖွဲ့စည်းပေးထားတဲ့ အငြင်းပွားမှုဆိုင်ရာ ခုံရုံးတွေကနေ တဆင့် ဖြေရှင်းတာ၊ တစ်ချို့ တည်ဆဲ ဥပဒေတွေအရ ဖြေရှင်းတာမျိုး လုပ်ပြီး ကျော်ဖြတ်နေကြပါတယ်။ သိပ်မကြာခင် တုန်းကတော့ ကိုဗစ်-19 အခြေအနေကြောင့် ရွေးကောက်ပွဲ နောက်ဆုတ်ပေးဖို့ ပါတီတစ်ချို့က တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီကနေ့ အချိန်မှာတော့ ကိုဗစ်-19 ပြသနာ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနဲ့ ပဋိပက္ခ ပြသနာတစ်ချို့ ရှိနေတဲ့တိုင်အောင် ဘယ်အမတ်လောင်း၊ ဘယ်ပါတီကမှ ရွေးကောက်ပွဲကနေ သပိတ်မှောက် ထွက်ခွာဖို့ မကြိုးစားပဲ ယှဉ်ပြိုင်ဖို့ပဲ ပြင်ဆင်နေကြတာကို ကြည့်ခြင်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်းပါ။

XS
SM
MD
LG