သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေရြးေကာက္ပြဲနဲ႔ မီဒီယာ ဘာေတြ လိုေနသလဲ


ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ သတင္းစာရွင္းလင္းပဲြ (ဇြန္လ ၄၊ ၂၀၂၀) © 2020 AP
၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔ မီဒီယာ ဘာေတြ လိုေနသလဲ
please wait

No media source currently available

0:00 0:07:14 0:00
တိုက္႐ိုက္ လင့္ခ္

Unicode/ Zawgyi

လာမယ့္ ႏို၀င္ဘာ ၈ ရက္ေန႔မွာ အေထြေထြ ေရြးေကာက္ပြဲၾကီး က်င္းပေတာ့မွာမို႔ ဥပေဒအရ ေနာက္အက်ဆံုး အေနနဲ႔ စက္တင္ဘာ ၈ ရက္ေန႔ကစ ႏုိင္ငံေရးပါတီနဲ႔ အမတ္ေလာင္းေတြ မဲဆြယ္ စည္းရံုးခြင့္ ရၾကပါေတာ့မယ္။ အျခားတစ္ဖက္မွာေတာ့ ျမန္မာႏုိင္ငံတြင္း Covid-19 ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႕မွဳ တစ္ေက်ာ့ျပန္ ျဖစ္ေပၚလာေနျပီး အရင္ ပထမ တစ္ၾကိမ္ ျဖစ္ပြားခဲ့တုန္းကထက္ ပိုျပီးျမန္၊ ကူးစက္ခံရသူ ပိုျပီးမ်ားျပား၊ စိုးရိမ္ေနရတဲ့ အေျခအေနကိုလည္း ေရာက္ရွိေနပါတယ္။ ျပီးခဲ့တဲ့ ၾသဂုတ္လ ၁၆ ရက္ေန႔ စစ္္ေတြမွာ ဗိုင္းရပ္စ္ ကူးစက္ခံ လူနာ တစ္ေယာက္ စေတြ႕ခ်ိန္တုန္းက ကူးစက္ခံ ၃၇၅ ေယာက္ပဲ ရွိရာကေန အခု စက္တင္ဘာ ၃ ရက္ေန႔အထိ ကူးစက္ခံ စုစုေပါင္း ၁၁၃၃ ေယာက္၊ တနည္းအားျဖင့္ ၁၈ ရက္အတြင္း ၃ ဆေလာက္ အေရအတြက္အထိ တုိးလာတာ ေတြ႕ျမင္ရပါတယ္။ စစ္ေတြမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ မေတြ႕ခင္ ေရွ႕ပိုင္း ရက္ေပါင္း ၁၅၀ အတြင္း တစ္ရက္ကို ကူးစက္ခံရသူ ၂ ေယာက္ခြဲႏွဳန္းေလာက္ကေန အခုေနာက္ဆံုး ၁၈ ရက္မွာေတာ့ တစ္ရက္ကို အေယာက္ ၄၀ ေက်ာ္ကူးစက္ခံေနရတဲ့ အေနအထား ေရာက္လာပါတယ္။ ဒီအေျခအေန ေရွ႕ဘယ္အခ်ိန္ေလာက္အထိ ဆက္ျပီး ကူးစက္ေနဦးမယ္ ဆိုတာ ဘယ္သူမွ မမွန္းႏိုင္ေသးပါဘူး။ ဒီလို အေျခအေနေအာက္မွာ တုိင္းျပည္အတြက္ အလြန္အေရးၾကီးတဲ့ အေထြေထြ ေရြးေကာက္ပြဲၾကီးအတြက္ ပါတီေတြ၊ အမတ္ေလာင္းေတြ ဘယ္လို မဲဆြယ္ စည္းရံုးၾကမွာလဲ ဆုိတာ ေမးခြန္း တစ္ခု ျဖစ္လာေနပါတယ္။ ခုတစ္ပတ္ မဲဆြယ္ စည္းရံုးေရး ျပသနာနဲ႔ အင္န္အယ္လ္ဒီ အစိုးရရဲ႕ မီဒီယာ ထိန္းခ်ဳပ္မွဳ အဆက္အစပ္အေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

ျပီးခဲ့တဲ့ ရက္ပိုင္းမွာ လုပ္ခဲ့တဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေကာ္မရွင္ အဖြဲ႕၀င္ ဦးျမင့္ႏိုင္က မၾကာခင္ မဲဆြယ္စည္းရံုးခြင့္ျပဳမယ့္ ကိစၥ ေၾကညာေပးမယ္၊ အဲဒီအခါ က်န္းမာေရး၀န္ၾကီးဌာနရဲ႕ ညႊန္ၾကားခ်က္ေတြအတုိင္း ဘယ္နည္းဘယ္ပံု မဲဆြယ္ စည္းရံုးလို႔ ရမယ္၊ ဘယ္လို စည္းကမ္းမ်ိဳးေတြ လုိက္နာရမယ္ ဆိုတာ အေသးစိတ္ ေၾကညာမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ေသျခာတာကေတာ့ အရင္ ေရြးေကာက္ပြဲေတြလို လူအမ်ားၾကီးနဲ႔ စုေ၀းရတဲ့ မဲဆြယ္ပြဲေတြ၊ လွည့္လည္ပြဲေတြ မလုပ္ႏိုင္ေတာ့မွာကေတာ့ ေသျခာပါတယ္။ ဒီအခါ စဥ္းစားဖုိ႔ လိုလာတာက မဲဆြယ္ စည္းရံုးမွဳေတြကို သတင္းစာဂ်ာနယ္ စတဲ့ ပံုႏွိပ္မီဒီယာ၊ ေရဒီယို၊ ရုပ္ျမင္သံၾကား၊ အင္တာနက္ အြန္လိုင္း၊ လူမွဳကြန္ယက္ စာမ်က္ႏွာေတြကေန တဆင့္ ပိုျပီး လုပ္ကိုင္ႏိုင္ၾကမလား ဆုိျပီး ျဖစ္ပါတယ္။

ႏိုင္ငံတကာနည္းတူ အဲလို ပံုႏွိပ္၊ ေရဒီယို၊ ရုပ္ျမင္သံၾကား၊ အြန္လိုင္း ကေန ေၾကာ္ညာခ အကုန္ခံျပီး မဲဆြယ္စည္းရံုးၾကမယ္ ဆိုရင္လည္း ျဖစ္ႏုိင္စရာ ရိွပါတယ္။ လက္ရွိ ေရြးေကာက္ပြဲ ဥပေဒအရ အမတ္ေလာင္း တစ္ေယာက္ကို မဲဆြယ္ စည္းရံုးစားရိတ္ က်ပ္ သိန္း ၁၀၀ သံုးခြင့္ျပဳထားျပီး ပါတီေတြကိုေတာ့ ကန္႔သတ္ထားတာ မရွိပါဘူး။ အမတ္ေလာင္း တစ္ေယာက္ က်ပ္ သိန္း ၁၀၀ မသံုးပဲ ပ်မ္းမွ် တစ္၀က္စီေလာက္ပဲ သံုးသည္ထားဦး အမတ္ေလာင္း ၇၀၀၀ နီးပါး အတြက္ မဲဆြယ္ အသံုးစားရိတ္ က်ပ္ ၃၅ ဘီလ်ံေလာက္ ပမာဏ ရွိပါတယ္။ အဲဒီေငြဟာ ေဒၚလာ ၂၆ သန္းေလာက္နဲ႔ ညီမွ်တာမို႔ ပံုႏွိပ္၊ ေရဒီယို၊ ရုပ္ျမင္သံၾကားနဲ႔ အြန္လိုင္းမွာ မဲဆြယ္စည္းရံုး ေၾကာ္ညာၾကဖို႔ ဆုိရင္ နည္းတဲ့ ပမာဏလို႔ေတာ့ မဆုိႏုိင္ပါဘူး။ ဒါေပမယ့္ ျပသနာက ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲအတြက္ အစိုးရက အလံုးစံု ထိန္းခ်ဳပ္ထားတဲ့ ေရဒီယို နဲ႔ ရုပ္ျမင္သံၾကားခ်ယ္နယ္ေတြကေန မဲဆြယ္စည္းရံုးမွဳေတြကို ေၾကာ္ညာလို႔ ရမလား ဆိုတာပါ။

ေရြးေကာက္ပြဲ ေကာ္မရွင္ေရာ၊ အစိုးရကပါ မဲဆြယ္ စည္းရံုးေရးနဲ႔ ပတ္သက္ျပီး ပံုႏွိပ္ မီဒီယာေတြကေန ေၾကာ္ညာတာ၊ အြန္လိုင္း အင္တာနက္ စာမ်က္ႏွာေတြကေန ေၾကာ္ညာတာမ်ိဳးကို ပိတ္ပင္မထားပါဘူး။ ဒါေပမယ့္ အစိုးရက အျပည့္အ၀ ထိန္းခ်ဳပ္ထားဆဲ ျဖစ္တဲ့ ေရဒီယိုနဲ႔ ရုပ္ျမင္သံၾကားကေန ေၾကာ္ညာတာကိုေတာ့ ခြင့္ျပဳထားတာမ်ိဳး မေတြ႕ျမင္ၾကရပါဘူး။

သိပ္မၾကာခင္ အခ်ိန္မွာ ျပန္ၾကားေရး၀န္ၾကီးဌာန လက္ေအာက္ အစိုးရပိုင္ ရုပ္ျမင္သံၾကားခ်ယ္နယ္ကေန ႏိုင္ငံေရးပါတီေတြရဲ႕ မဲဆြယ္ စည္းရံုးမွဳေတြကို အခ်ိန္နဲ႔ အၾကိမ္အေရအတြက္ တူတူညီညီ ထုတ္လႊင့္ခြင့္ ေပးပါလိမ့္မယ္။ ဒါကလည္း အရင္ ေရြးေကာက္ပြဲေတြ တုန္းကလို ေရြးေကာက္ပြဲ ေကာ္မရွင္ဆီ တင္ျပ၊ ဆင္ဆာ လုပ္ျပီးမွ တင္ျပခြင့္ရတဲ့ ပ်င္းရိစရာ ပါတီမိတ္ဆက္မ်ိဳးပါ။

ခုဆိုရင္ တစ္ခ်ိဳ႕ ပုဂၢလိက ရုပ္ျမင္သံၾကားလိုင္းေတြကေန ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ အစီအစဥ္ တစ္ခ်ိဳ႕ တင္ဆက္ေနတာေတြ ရွိေနပါတယ္။ ဒါကလည္း လြတ္လြတ္လပ္လပ္ေတာ့ မဟုတ္ပါဘူး။ ေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ျပန္ၾကားေရး ၀န္ၾကီးဌာနရဲ႕ ေစာင့္ၾကည့္မွဳေအာက္ကေန လုပ္ကိုင္ၾကရတာပါ။ ပါတီနဲ႔ အမတ္ေလာင္းေတြ မဲဆြယ္စည္းရံုးခြင့္၊ ေၾကာ္ညာခြင့္ကိုေတာ့ ေရဒီယိုေတြကိုေရာ၊ မ်ားျပားလွတဲ့ ရုပ္သံလိုင္းေတြကိုပါ လုပ္ကိုင္ခြင့္ ေပးမထားပါဘူး။ လက္ရွိ ျမန္မာႏုိင္ငံက ပုဂၢလိက ေရဒီယိုနဲ႔ ရုပ္သံလိုင္းေတြ ဆိုတာကလည္း ဥပေဒအရ လြတ္လြတ္လပ္လပ္ လုပ္ခြင့္ေပးထားတာမ်ိဳး မရွိပဲ ျပန္ၾကားေရး ၀န္ၾကီးဌာနရဲ႕ ပက္လက္ေဖာင္းေပၚမွာ၊ ျပန္ၾကားေရး ၀န္ၾကီးဌာနက ခ်မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြအတုိင္း လုပ္ကိုင္ေနရတာ ျဖစ္ေလေတာ့ အခန္႔မသင့္ရင္ ကိုယ့္မီဒီယာ ထုတ္လႊင့္ခြင့္ ရုပ္သိမ္းခံရသည္အထိ အေရးယူခံရႏုိင္တာမို႔ ဘယ္သူမွ ေကာင္းေကာင္း မလွဳပ္ရဲၾကပါဘူး။

ဒါေတြကလည္း လက္ရွိ အာဏာရ အင္န္အယ္လ္ဒီ ပါတီကို ဦးေဆာင္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မီဒီယာေတြကို မယံုၾကည္တဲ့ သေဘာထား အမ်ားၾကီးထင္ဟပ္ေနတယ္လို႔ မွန္းဆ ရပါတယ္။ ၂၀၁၃ ခုႏွစ္ လႊတ္ေတာ္ထဲ မီဒီယာ ဆုိင္ရာ ဥပေဒေတြ ေရာက္ေနခ်ိန္ မီဒီယာေကာင္စီ၀င္ေတြနဲ႔ အဲဒီအခ်ိန္က လႊတ္ေတာ္ အမတ္ျဖစ္ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႕ဆံုခ်ိန္ ေျပာခဲ့တဲ့ မွတ္ခ်က္စကား တစ္ခ်ိဳ႕ရွိပါတယ္။ သူေျပာခဲ့တာေတြက “တစ္ခ်ိဳ႕ေတြကလည္း သတင္းေထာက္ေတြကို ေၾကာက္တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ခါတေလ ေျပာလိုက္ရင္ အမွန္ေျပာရရင္ ကၽြန္မေျပာတာေတြလည္း ေထာ္ေလာ္ကန္႔လန္႔ေတြ၊ ေျပာင္းျပန္ေတြ ထြက္လာတာေတြ ရွိတယ္။” “ အဲဒီ သတင္းကိုလည္း ေၾကာက္ေနတဲ့ ေၾကာက္ေနတာေတြရွိတယ္၊ ဒါကို ဆရာတို႔ အေနနဲ႔ ဆရာတို႔ လုပ္ေပးရမယ္ ” “ ဘာျဖစ္လို႔လဲဆို တာ၀န္မဲ့တဲ့ သတင္းသမားေတြေၾကာင့္ ျဖစ္တဲ့ ကိစၥေတြေပါ့ေနာ္” “ တခါတေလ က်ပ္က်ပ္ကိုင္တယ္ ဆိုတာကလည္း စိုးရိမ္ေၾကာင့္က်မွဳေၾကာင့္ ကိုင္တာပဲ”။ လို႔ ဆုိပါတယ္။ အဲဒီ ၂၀၁၃ ခုႏွစ္၀န္းက်င္ေလာက္က အစျပဳခဲ့တဲ့ အမ်ားျပည္သူ ၀န္ေဆာင္မွဳ မီဒီယာ ဥပေဒ၊ Right to information law လို႔ေခၚတဲ့ သတင္းသိပိုင္ခြင့္ ဥပေဒ၊ ေရဒီယိုနဲ႔ ရုပ္သံထုတ္လႊင့္ခြင့္ဆုိင္ရာ ဥပေဒ စတဲ့ ဥပေဒလိုမ်ိဳးေတြ ဒီေန႔အခ်ိန္ထိ အေကာင္အထည္ ေပၚမလာ၊ အသက္မ၀င္ ျဖစ္ေနတာမ်ိဳးဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပုဂၢလိက မီဒီယာေတြအေပၚ သေဘာထား ေျပာင္းလဲမွဳ မရွိေသးတာကို ထင္ဟပ္ေနပံုရပါတယ္။

ပံုႏွိပ္၊ ေရဒီယို၊ ရုပ္သံလိုင္းေပါင္း မ်ားစြာ ပိုင္ဆိုင္ထားတဲ့ ျပန္ၾကားေရး ၀န္ၾကီးဌာနပိုင္ေတြထဲက တစ္ခ်ိဳ႕တေလကိုေတာင္ ဥပေဒအရ လြတ္လပ္တဲ့ အဖြဲ႕အစည္းက စီမံခန္႔ခြဲတဲ့ “ အမ်ားျပည္သူ၀န္ေဆာင္မွဳမီဒီယာ” ဖြဲ႕စည္းေပးအပ္တာမ်ိဳး လုပ္ဖို႔ စိတ္ကူးရွိပံုမရသလို၊ ၂၀၂၀ အင္န္အယ္လ္ဒီရဲ႕ ေရြးေကာက္ပြဲ ေၾကညာစာတမ္းလိုမ်ိဳးမွာေတာင္ သတင္းမီဒီယာ လြတ္လပ္ခြင့္ ဆုိင္ရာ ကိစၥလိုမ်ိဳး လံုး၀ ထည့္သြင္းထားတာ မေတြ႕ျမင္ရပါဘူး။ ဒီလို အေျခအေနေတြေၾကာင့္လည္း ေရဒီယိုနဲ႔ ရုပ္သံလိုင္းေတြ အမ်ားၾကီးရွိတဲ့ ႏိုင္ငံမွာ အဲဒီ မီဒီယာေတြကို အသံုးျပဳျပီး ေရြးေကာက္ပြဲ မဲဆြယ္ေၾကာ္ညာ ထည့္သြင္းခြင့္ မရတာလို႔ ယူဆႏုိင္ပါတယ္။ ဒါေၾကာင့္ သတင္းမီဒီယာသမားေတြ၊ မီဒီယာကို နားလည္တဲ့ ႏုိင္ငံေရးသမားေတြ အေနနဲ႔ ၂၀၂၀ အလြန္ ကာလ အထိတုိင္ေအာင္ ဥပေဒအရ ပုဂၢလိက ေတြအေနနဲ႔ ေရဒီယို၊ရုပ္သံ လုပ္ငန္း လြတ္လပ္စြာ လုပ္ကိုင္ခြင့္၊ မီဒီယာေပါင္းစံု လုပ္ကိုင္ခြင့္ရွိမဲ့ “အမ်ားျပည္သူ ၀န္ေဆာင္မွဳ မီဒီယာ” လိုမ်ိဳး ေပၚေပါက္လာဖို႔ ဆက္ျပီး ေတာင္းဆို၊တုိက္ပြဲ၀င္ၾကရဦးမွာ ျဖစ္ေၾကာင္းပါ။

==============

၂၀၂၀ ရွေးကောက်ပွဲနဲ့ မီဒီယာ၊ ဘာတွေ လိုနေသလဲ

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာမို့ ဥပဒေအရ နောက်အကျဆုံး အနေနဲ့ စက်တင်ဘာ ၈ ရက်နေ့ကစ နိုင်ငံရေးပါတီနဲ့ အမတ်လောင်းတွေ မဲဆွယ် စည်းရုံးခွင့် ရကြပါတော့မယ်။ အခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံတွင်း Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့မှု တစ်ကျော့ပြန် ဖြစ်ပေါ်လာနေပြီး အရင် ပထမ တစ်ကြိမ် ဖြစ်ပွားခဲ့တုန်းကထက် ပိုပြီးမြန်၊ ကူးစက်ခံရသူ ပိုပြီးများပြား၊ စိုးရိမ်နေရတဲ့ အခြေအနေကိုလည်း ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ စစ်တွေမှာ ဗိုင်းရပ်စ် ကူးစက်ခံ လူနာ တစ်ယောက် စတွေ့ချိန်တုန်းက ကူးစက်ခံ ၃၇၅ ယောက်ပဲ ရှိရာကနေ အခု စက်တင်ဘာ ၃ ရက်နေ့အထိ ကူးစက်ခံ စုစုပေါင်း ၁၁၃၃ ယောက်၊ တနည်းအားဖြင့် ၁၈ ရက်အတွင်း ၃ ဆလောက် အရေအတွက်အထိ တိုးလာတာ တွေ့မြင်ရပါတယ်။ စစ်တွေမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေ့ခင် ရှေ့ပိုင်း ရက်ပေါင်း ၁၅၀ အတွင်း တစ်ရက်ကို ကူးစက်ခံရသူ ၂ ယောက်ခွဲနှုန်းလောက်ကနေ အခုနောက်ဆုံး ၁၈ ရက်မှာတော့ တစ်ရက်ကို အယောက် ၄၀ ကျော်ကူးစက်ခံနေရတဲ့ အနေအထား ရောက်လာပါတယ်။ ဒီအခြေအနေ ရှေ့ဘယ်အချိန်လောက်အထိ ဆက်ပြီး ကူးစက်နေဦးမယ် ဆိုတာ ဘယ်သူမှ မမှန်းနိုင်သေးပါဘူး။ ဒီလို အခြေအနေအောက်မှာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ပါတီတွေ၊ အမတ်လောင်းတွေ ဘယ်လို မဲဆွယ် စည်းရုံးကြမှာလဲ ဆိုတာ မေးခွန်း တစ်ခု ဖြစ်လာနေပါတယ်။ ခုတစ်ပတ် မဲဆွယ် စည်းရုံးရေး ပြသနာနဲ့ အင်န်အယ်လ်ဒီ အစိုးရရဲ့ မီဒီယာ ထိန်းချုပ်မှု အဆက်အစပ်အကြောင်း လေ့လာ တင်ပြသွားပါ့မယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လုပ်ခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က မကြာခင် မဲဆွယ်စည်းရုံးခွင့်ပြုမယ့် ကိစ္စ ကြေညာပေးမယ်၊ အဲဒီအခါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း ဘယ်နည်းဘယ်ပုံ မဲဆွယ် စည်းရုံးလို့ ရမယ်၊ ဘယ်လို စည်းကမ်းမျိုးတွေ လိုက်နာရမယ် ဆိုတာ အသေးစိတ် ကြေညာမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သေခြာတာကတော့ အရင် ရွေးကောက်ပွဲတွေလို လူအများကြီးနဲ့ စုဝေးရတဲ့ မဲဆွယ်ပွဲတွေ၊ လှည့်လည်ပွဲတွေ မလုပ်နိုင်တော့မှာကတော့ သေခြာပါတယ်။ ဒီအခါ စဉ်းစားဖို့ လိုလာတာက မဲဆွယ် စည်းရုံးမှုတွေကို သတင်းစာဂျာနယ် စတဲ့ ပုံနှိပ်မီဒီယာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက် အွန်လိုင်း၊ လူမှုကွန်ယက် စာမျက်နှာတွေကနေ တဆင့် ပိုပြီး လုပ်ကိုင်နိုင်ကြမလား ဆိုပြီး ဖြစ်ပါတယ်။
နိုင်ငံတကာနည်းတူ အဲလို ပုံနှိပ်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်း ကနေ ကြော်ညာခ အကုန်ခံပြီး မဲဆွယ်စည်းရုံးကြမယ် ဆိုရင်လည်း ဖြစ်နိုင်စရာ ရှိပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ အမတ်လောင်း တစ်ယောက်ကို မဲဆွယ် စည်းရုံးစားရိတ် ကျပ် သိန်း ၁၀၀ သုံးခွင့်ပြုထားပြီး ပါတီတွေကိုတော့ ကန့်သတ်ထားတာ မရှိပါဘူး။ အမတ်လောင်း တစ်ယောက် ကျပ် သိန်း ၁၀၀ မသုံးပဲ ပျမ်းမျှ တစ်ဝက်စီလောက်ပဲ သုံးသည်ထားဦး အမတ်လောင်း ၇၀၀၀ နီးပါး အတွက် မဲဆွယ် အသုံးစားရိတ် ကျပ် ၃၅ ဘီလျံလောက် ပမာဏ ရှိပါတယ်။ အဲဒီငွေဟာ ဒေါ်လာ ၂၆ သန်းလောက်နဲ့ ညီမျှတာမို့ ပုံနှိပ်၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အွန်လိုင်းမှာ မဲဆွယ်စည်းရုံး ကြော်ညာကြဖို့ ဆိုရင် နည်းတဲ့ ပမာဏလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ပြသနာက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွက် အစိုးရက အလုံးစုံ ထိန်းချုပ်ထားတဲ့ ရေဒီယို နဲ့ ရုပ်မြင်သံကြားချယ်နယ်တွေကနေ မဲဆွယ်စည်းရုံးမှုတွေကို ကြော်ညာလို့ ရမလား ဆိုတာပါ။

ရွေးကောက်ပွဲ ကော်မရှင်ရော၊ အစိုးရကပါ မဲဆွယ် စည်းရုံးရေးနဲ့ ပတ်သက်ပြီး ပုံနှိပ် မီဒီယာတွေကနေ ကြော်ညာတာ၊ အွန်လိုင်း အင်တာနက် စာမျက်နှာတွေကနေ ကြော်ညာတာမျိုးကို ပိတ်ပင်မထားပါဘူး။ ဒါပေမယ့် အစိုးရက အပြည့်အ၀ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ကြော်ညာတာကိုတော့ ခွင့်ပြုထားတာမျိုး မတွေ့မြင်ကြရပါဘူး။

သိပ်မကြာခင် အချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် အစိုးရပိုင် ရုပ်မြင်သံကြားချယ်နယ်ကနေ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ် စည်းရုံးမှုတွေကို အချိန်နဲ့ အကြိမ်အရေအတွက် တူတူညီညီ ထုတ်လွှင့်ခွင့် ပေးပါလိမ့်မယ်။ ဒါကလည်း အရင် ရွေးကောက်ပွဲတွေ တုန်းကလို ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြ၊ ဆင်ဆာ လုပ်ပြီးမှ တင်ပြခွင့်ရတဲ့ ပျင်းရိစရာ ပါတီမိတ်ဆက်မျိုးပါ။


ခုဆိုရင် တစ်ချို့ ပုဂ္ဂလိက ရုပ်မြင်သံကြားလိုင်းတွေကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ် တစ်ချို့ တင်ဆက်နေတာတွေ ရှိနေပါတယ်။ ဒါကလည်း လွတ်လွတ်လပ်လပ်တော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ စောင့်ကြည့်မှုအောက်ကနေ လုပ်ကိုင်ကြရတာပါ။ ပါတီနဲ့ အမတ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့်၊ ကြော်ညာခွင့်ကိုတော့ ရေဒီယိုတွေကိုရော၊ များပြားလှတဲ့ ရုပ်သံလိုင်းတွေကိုပါ လုပ်ကိုင်ခွင့် ပေးမထားပါဘူး။ လက်ရှိ မြန်မာနိုင်ငံက ပုဂ္ဂလိက ရေဒီယိုနဲ့ ရုပ်သံလိုင်းတွေ ဆိုတာကလည်း ဥပဒေအရ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတာမျိုး မရှိပဲ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ပက်လက်ဖောင်းပေါ်မှာ၊ ပြန်ကြားရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လုပ်ကိုင်နေရတာ ဖြစ်လေတော့ အခန့်မသင့်ရင် ကိုယ့်မီဒီယာ ထုတ်လွှင့်ခွင့် ရုပ်သိမ်းခံရသည်အထိ အရေးယူခံရနိုင်တာမို့ ဘယ်သူမှ ကောင်းကောင်း မလှုပ်ရဲကြပါဘူး။


ဒါတွေကလည်း လက်ရှိ အာဏာရ အင်န်အယ်လ်ဒီ ပါတီကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မီဒီယာတွေကို မယုံကြည်တဲ့ သဘောထား အများကြီးထင်ဟပ်နေတယ်လို့ မှန်းဆ ရပါတယ်။ ၂၀၁၃ ခုနှစ် လွှတ်တော်ထဲ မီဒီယာ ဆိုင်ရာ ဥပဒေတွေ ရောက်နေချိန် မီဒီယာကောင်စီဝင်တွေနဲ့ အဲဒီအချိန်က လွှတ်တော် အမတ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံချိန် ပြောခဲ့တဲ့ မှတ်ချက်စကား တစ်ချို့ရှိပါတယ်။ သူပြောခဲ့တာတွေက “တစ်ချို့တွေကလည်း သတင်းထောက်တွေကို ကြောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေ ပြောလိုက်ရင် အမှန်ပြောရရင် ကျွန်မပြောတာတွေလည်း ထော်လော်ကန့်လန့်တွေ၊ ပြောင်းပြန်တွေ ထွက်လာတာတွေ ရှိတယ်။” “ အဲဒီ သတင်းကိုလည်း ကြောက်နေတဲ့ ကြောက်နေတာတွေရှိတယ်၊ ဒါကို ဆရာတို့ အနေနဲ့ ဆရာတို့ လုပ်ပေးရမယ် ” “ ဘာဖြစ်လို့လဲဆို တာဝန်မဲ့တဲ့ သတင်းသမားတွေကြောင့် ဖြစ်တဲ့ ကိစ္စတွေပေါ့နော်” “ တခါတလေ ကျပ်ကျပ်ကိုင်တယ် ဆိုတာကလည်း စိုးရိမ်ကြောင့်ကျမှုကြောင့် ကိုင်တာပဲ”။ လို့ ဆိုပါတယ်။ အဲဒီ ၂၀၁၃ ခုနှစ်ဝန်းကျင်လောက်က အစပြုခဲ့တဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေ၊ Right to information law လို့ခေါ်တဲ့ သတင်းသိပိုင်ခွင့် ဥပဒေ၊ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်ခွင့်ဆိုင်ရာ ဥပဒေ စတဲ့ ဥပဒေလိုမျိုးတွေ ဒီနေ့အချိန်ထိ အကောင်အထည် ပေါ်မလာ၊ အသက်မဝင် ဖြစ်နေတာမျိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလိက မီဒီယာတွေအပေါ် သဘောထား ပြောင်းလဲမှု မရှိသေးတာကို ထင်ဟပ်နေပုံရပါတယ်။


ပုံနှိပ်၊ ရေဒီယို၊ ရုပ်သံလိုင်းပေါင်း များစွာ ပိုင်ဆိုင်ထားတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနပိုင်တွေထဲက တစ်ချို့တလေကိုတောင် ဥပဒေအရ လွတ်လပ်တဲ့ အဖွဲ့အစည်းက စီမံခန့်ခွဲတဲ့ “ အများပြည်သူဝန်ဆောင်မှုမီဒီယာ” ဖွဲ့စည်းပေးအပ်တာမျိုး လုပ်ဖို့ စိတ်ကူးရှိပုံမရသလို၊ ၂၀၂၀ အင်န်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းလိုမျိုးမှာတောင် သတင်းမီဒီယာ လွတ်လပ်ခွင့် ဆိုင်ရာ ကိစ္စလိုမျိုး လုံး၀ ထည့်သွင်းထားတာ မတွေ့မြင်ရပါဘူး။ ဒီလို အခြေအနေတွေကြောင့်လည်း ရေဒီယိုနဲ့ ရုပ်သံလိုင်းတွေ အများကြီးရှိတဲ့ နိုင်ငံမှာ အဲဒီ မီဒီယာတွေကို အသုံးပြုပြီး ရွေးကောက်ပွဲ မဲဆွယ်ကြော်ညာ ထည့်သွင်းခွင့် မရတာလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာသမားတွေ၊ မီဒီယာကို နားလည်တဲ့ နိုင်ငံရေးသမားတွေ အနေနဲ့ ၂၀၂၀ အလွန် ကာလ အထိတိုင်အောင် ဥပဒေအရ ပုဂ္ဂလိက တွေအနေနဲ့ ရေဒီယို၊ရုပ်သံ လုပ်ငန်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်၊ မီဒီယာပေါင်းစုံ လုပ်ကိုင်ခွင့်ရှိမဲ့ “အများပြည်သူ ဝန်ဆောင်မှု မီဒီယာ” လိုမျိုး ပေါ်ပေါက်လာဖို့ ဆက်ပြီး တောင်းဆို၊တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်ကြောင်းပါ။

XS
SM
MD
LG