သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ရပ္ထဲရြာထဲ ဘာေၾကာင့္ ဆင္းၾကသလဲ


ျမန္မာလႊတ္ေတာ္ထဲက တပ္မေတာ္ ကိုယ္စားလွယ္မ်ား

(Zawgyi/ Unicode)

ျမန္မာ့ႏိုင္ငံေရးမွာ အေရးအၾကီးဆံုးလို႔ ေျပာဆုိေနၾကတဲ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္က ရပ္တန္႔ေန၊ လႊတ္ေတာ္ထဲက ၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရးကလည္း အင္န္အယ္လ္ဒီ နဲ႔ တပ္မေတာ္ ကိုယ္စားလွယ္ေတြၾကား အျငင္းပြားၾကလို႔ မျပီးေသးခင္ အခုေနာက္ဆံုး ေပၚလာတဲ့ ျပသနာ တစ္ခုကေတာ့ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္ထားတဲ့ လႊတ္ေတာ္ထဲက တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ရပ္ထဲ ရြာထဲ ဆင္းျပီး ျပည္သူလူထုနဲ႔ ေတြ႕ဆံု စည္းေ၀းတဲ႔ ကိစၥပဲ ျဖစ္ပါတယ္။ တပ္မေတာ္သား ကိုယ္စားလွယ္ေတြကေတာ့ ကာကြယ္ေရး ဦးစီးခ်ဳပ္က ညႊန္ၾကားလို႔ နီးစပ္ရာ ေဒသ ကြင္းဆင္းရတာ၊ စည္းရံုးေရး လုပ္တာ မဟုတ္ဘူး၊ ႏုိင္ငံေရး ရည္မွန္းခ်က္ ရွိလို႔ မဟုတ္ဘူး ဆုိျပီး ေျပာဆိုေနၾကသလို၊ အင္န္အယ္လ္ဒီ ပါတီ ဘက္ကေတာ့ တပ္မေတာ္ဘက္က ဒီလုပ္ရပ္ဟာ တည္ဆဲဥပေဒ နည္းဥပေဒေတြနဲ႔ ဆန္႔က်င္ေနလို႔ ျပည္သူလူထု နစ္နာႏုိင္တယ္၊ ဒါေၾကာင့္ ကန္႔ကြက္တယ္၊ ဒါ့အျပင္ တပ္ကို ႏုိင္ငံေရးပါတီ ပုံစံျဖစ္လာေအာင္ Politicized လုပ္လာမွာစိုးရိမ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားၾကပါတယ္။ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္ထားတဲ့ လႊတ္ေတာ္ အသီးသီးရဲ႕ ကိုယ္စားလွယ္ေတြ အေနနဲ႔ ခုလို ရပ္ထဲ ရြာထဲ ဆင္းျပီး ျပည္သူေတြနဲ႔ ေတြ႕ဆံု စည္းေ၀းပြဲေတြ လုပ္သင့္ပါရဲ႕လား ဆုိတာ စိတ္၀င္စားဖုိ႔ ေကာင္းတဲ့ အျငင္းအခံု တစ္ခု ျဖစ္လာႏုိင္ပါတယ္။ ခုတစ္ပတ္ အဲဒီအေၾကာင္း ေဆြးေႏြးတင္ျပသြားပါ့မယ္။

ဒီျပသနာနဲ႔ ပတ္သက္ရင္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လႊတ္ေတာ္ထဲ ဘယ္လို ေရာက္လာတယ္၊ သူတုိ႔မွာ ဘာ အခြင့္အေရးေတြ ရွိသလဲ ဆိုတာက စျပီး စဥ္းစားသင့္ပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ဆိုတာဟာ အရင္ စစ္အာဏာရွင္ေတြ စိတ္ၾကိဳက္ ျပဌာန္းသြားတဲ့ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒေၾကာင့္ ေပၚေပါက္လာတယ္လို႔ ဆုိရင္ မမွားပါဘူး။ ၂၀၀၈ ဖြဲ႕စည္းပံုအရ ျပည္သူ႕လႊတ္ေတာ္မွာ တပ္မေတာ္သား ကိုယ္စားလွယ္ အေယာက္ ၁၁၀၊ အမ်ိဳးသား လႊတ္ေတာ္မွာ ၅၆ ေယာက္၊ ျပည္ေထာင္စု အဆင့္မွာ စုစုေပါင္း ၁၆၆ ေယာက္ ရွိပါတယ္။ အလားတူ တိုင္းနဲ႔ ျပည္နယ္ လႊတ္ေတာ္ေတြမွာလည္း တပ္မေတာ္သား ကိုယ္စားလွယ္ အေယာက္ ၂၂၀ ေက်ာ္ရွိပါတယ္။ အားလံုးေပါင္းလိုက္ရင္ လႊတ္ေတာ္ အသီးသီးအတြက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔လိုက္တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ ၃၉၀ေက်ာ္ ရွိေနပါတယ္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္လိုက္လို႔ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္ထဲ ေရာက္သြားတဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ေတြဟာ အေရးၾကီးကိစၥ ၂ ခု လုပ္ခြင့္ ရွိေနပါတယ္။ ပထမ တစ္ခုကေတာ့ အစိုးရအဖြဲ႕ ဖြဲ႕ႏုိင္တဲ့ သမၼတ ေရြးခ်ယ္ရာမွာ မဲေပးခြင့္ရျခင္းပါပဲ။ ဒုတိယ တစ္ခုကေတာ့ ဖြဲ႕စည္းပံု ျပင္ဆင္ေရးလို ကိစၥမ်ိဳးမွာ ေထာက္ခံႏုိင္၊ ကန္႔ကြက္ႏုိင္တဲ့ ဗီတိုအာဏာ ရရွိျခင္းပါပဲ။ က်န္တာေတြကေတာ့ လႊတ္ေတာ္ထဲ တင္လာတဲ့ ဥပေဒၾကမ္းေတြကို ေဆြးေႏြး မဲေပးႏိုင္တာ၊ ေမးခြန္းေတြ ေမးႏုိင္တာ၊ အဆိုေတြကို ေဆြးေႏြး၊ မဲေပးႏိုင္တာေတြပဲ ျဖစ္ပါတယ္။

ေျပာရရင္ အဲဒီ ကိုယ္စားလွယ္ေတြ ဆိုတာဟာ သက္ဆုိင္ရာ မဲဆႏၵနယ္ေျမ ျပည္သူလူထုက မဲေပးေရြးခ်ယ္လိုက္တာ မဟုတ္လုိ႔ ျပည္သူ႕ကိုယ္စားလွယ္ေတြ မျဖစ္ႏုိင္ပါဘူး။ တပ္မေတာ္တြင္းမွာ တပ္မေတာ္သားေတြကေန အဆင့္ဆင့္ မဲေပးေရြးခ်ယ္ တင္ေျမွာက္လိုက္တဲ့သူေတြ မဟုတ္လို႔ တပ္မေတာ္ရဲ႕ ကိုယ္စားလွယ္ေတြလို႔ ေခၚဖို႔လည္း ခက္ခဲပါတယ္။ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က နာမည္စာရင္း ေပးသြင္းထားသူေတြမို႔ တိတိက်က် ဆုိရရင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုပဲ ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေတြ ျဖစ္မွာပါ။ ဒါေၾကာင့္ ဒီကိုယ္စားလွယ္ေတြနဲ႔ ပတ္သက္ရင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က အခ်ိန္မေရြး လူစားထိုး လဲလွယ္တာ လုပ္ခြင့္ရွိသလို၊ မၾကာခဏလည္း လုပ္ေလ့ရွိတာ ေတြ႕ရပါတယ္။

၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒထဲမွာ အဲဒီ တပ္မေတာ္သား ကိုယ္စားလွယ္ေတြဟာ ရပ္ထဲ ရြာထဲဆင္းျပီး ျပည္သူလူထုနဲ႔ ေတြ႕ဆံုတာ၊ စည္းေ၀းတာ၊ စည္းရံုးတာမ်ိဳး လုပ္ရမယ္လို႔ ျပဌာန္းထားတာ မရွိသလို၊ မလုပ္ရဘူး ဆုိျပီး ပိတ္ပင္တဲ့ ျပဌာန္းခ်က္လည္း ေဖာ္ျပမထားပါဘူး။ ဒါနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္ထဲက တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ ေခါင္းေဆာင္ ျဖစ္သူ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္က တပ္ခ်ဳပ္ကေန ကိုယ္စားလွယ္ေတြကို ကိုယ့္နီးစပ္ရာ သြားျပီး ျပည္သူလူထု ဘာ အခက္အခဲရွိလည္း ေမးဖို႔ လမ္းညႊန္ခဲ့တဲ့ အေၾကာင္း၊ ဒါေၾကာင့္ တစ္ခ်ိဳ႕က ကိုယ့္ဇာတိ၊ တစ္ခ်ိဳ႕က ကိုယ္တာ၀န္ထမ္းေဆာင္ခဲ့တာ ၾကာတဲ့ ကိုယ္နဲ႔ရင္းႏွီးတ့ဲ ေဒသ သြားၾကတာ ျဖစ္တယ္လို႔ Myanmar Now သတင္းဌာနကို ေျဖထားတာ ေတြ႕ရပါတယ္။

ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္ရဲ႕ ေျဖၾကားခ်က္ကိုၾကည့္ရင္ တပ္မေတာ္သားကိုယ္စားလွယ္ေတြ အေနနဲ႔ ေရြးေကာက္ခံ အမတ္ေတြ လုပ္သလို ရပ္ထဲ ရြာထဲဆင္း၊ ျပည္သူနဲ႔ေတြ႕၊ သူတုိ႔ အခက္အခဲေတြကိုၾကားနာ တနည္းေျပာရရင္ လႊတ္ေတာ္ အမတ္ေတြရဲ႕ အလုပ္မ်ိဳးသြားလုပ္တာလို႔ နားလည္ႏုိင္သလို၊ မဲဆႏၵနယ္ သတ္သတ္မွတ္မွတ္ မရွိတာေၾကာင့္ တပ္မေတာ္သား ကုိယ္စားလွယ္ တစ္ေယာက္ဟာ ျမန္မာႏုိင္ငံ ဘယ္ေနရာမဆို သြားခ်င္ရာ သြားလို႔ရႏုိင္တယ္ဆုိတဲ့ သေဘာလည္း သက္ေရာက္ေနျပန္ပါတယ္။ ေနာက္ျပီး တပ္မေတာ္သားေတြသြားတဲ့ ဘယ္နယ္ေျမမွာမဆို သက္ဆုိင္ရာ ျပည္သူေတြ မဲေပး ေရြးခ်ယ္ထားတဲ့ ေရြးေကာက္ခံ အမတ္ေတြ ရွိေနျပီးသားမုိ႔ အျပိဳင္သေဘာ သြားလုပ္သလိုမ်ိဳး ျဖစ္ေစႏိုင္သလို ျပည္သူေတြၾကား ရွဳတ္ေထြးမွဳေတြလည္း ျဖစ္သြားေစႏုိင္ပါတယ္။

တကယ္ေတာ့ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ လႊတ္ေတာ္ထဲ စ ေရာက္တာ ၂၀၁၀ ႏွစ္ကုန္ပိုင္းထဲကမို႔ အခုဆို ၉ ႏွစ္နီးပါး ရွိပါျပီ။ အရင္ သမၼတေဟာင္း ဦးသိန္းစိန္၊ လႊတ္ေတာ္ နာယကေဟာင္း သူရဦးေရႊမန္း လက္ထက္က ရပ္ထဲ ရြာထဲ မဆင္းခဲ့ပဲ အခုမွ ဘာလို႔ ဆင္းရသလဲ ဆုိတာကလည္း ေမးခြန္းထုတ္ရမယ့္ ကိစၥပါ။ ျဖစ္ႏုိင္ေျခ တစ္ခုရွိတာက ၂၀၂၀ ေရြးေကာက္ပြဲ အတြက္ မဲဆႏၵနယ္ေျမေတြကို ၾကိဳတင္ ေလ့လာတာ၊ သြယ္၀ိုက္ေသာအားျဖင့္ ၾကိဳတင္ စည္းရံုးတာမ်ိဳးလည္း ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။ အေၾကာင္းကေတာ့ ၂၀၁၅ ေရြးေကာက္ပြဲ မတိုင္ခင္ကာလမွာ အေရအတြက္ မ်ားျပားလွတဲ့ တပ္မေတာ္အရာရွိေတြ တပ္ကေန ႏွဳတ္ထြက္ျပီး ျပည္ခိုင္ျဖိဳး ပါတီ အမတ္ေလာင္းေတြ အျဖစ္ ေရြးေကာက္ပြဲ ၀င္ခဲ့ၾကတဲ့ နမူနာ ရွိေနလို႔ပါပဲ။ အဲဒီအခ်ိန္ တပ္ကေန ႏွဳတ္ထြက္ျပီးကာမွ နယ္ေျမဆင္းခြင့္ရခဲ့ၾကတာကို သင္ခန္းစာယူျပီး အခုတစ္ၾကိမ္ အဲလို မျဖစ္ရေအာင္ တစ္ခ်ိဳ႕ေသာ ေရြးေကာက္ပြဲ ၀င္မယ့္ တပ္မေတာ္အရာရွိေတြ ၂၀၂၀ အတြက္ ၾကိဳတင္ျပင္ဆင္တဲ့ အေနနဲ႔ ျပည္သူေတြၾကား ဆင္းတဲ့ သေဘာလည္း ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။

ဘယ္လုိပဲျဖစ္ျဖစ္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ ညႊန္ၾကားခ်က္ေၾကာင့္ ေပၚေပါက္လာတဲ့ ဒီ လုပ္ရပ္ဟာ တပ္မေတာ္အေနနဲ႔ ႏုိင္ငံေရးပါတီ တစ္ခုနဲ႔ ဘာမွ ျခားနားမွဳ မရွိတဲ့ ပံုစံ ျဖစ္သြားေစျပီး ႏိုင္ငံေရးေလာကထဲ ေနာက္ထပ္ ေျခတစ္လွမ္း တိုးလိုက္တဲ့ သေဘာလည္း သက္ေရာက္သြားေစပါတယ္။ ျမန္မာႏုိင္ငံရဲ႕ လြန္ခဲ့တဲ့ အႏွစ္ ၆၀ သမိုင္းကို ျပန္ၾကည့္ရင္ တပ္မေတာ္ဟာ တုိင္းျပည္ ကာကြယ္ေရးတင္မက ႏိုင္ငံေရး အပါအ၀င္ က႑ အားလံုးလိုလိုေလာက္မွာ အဓမၼ ၀င္ေရာက္ ခ်ယ္လွယ္ စီမံခန္႔ခြဲခဲ့လို႔ တိုင္းျပည္ အဖက္ဖက္က ယိုယြင္းက်ဆင္းခဲ့ျပီး ေအာက္က်ေနာက္က် ျဖစ္ခဲ့တာ အခ်ိန္ဘာမွ မၾကာေသးပါဘူး။ ဒါကို သင္ခန္းစာယူျပီး တပ္မေတာ္အေနနဲ႔ ႏိုင္ငံေရးကေန တေျဖးေျဖး ဆုတ္ခြာရမယ့္အစား ခုလို ေျခတစ္လွမ္း ေရွ႕တိုးလိုက္ျခင္းဟာ ႏိုင္ငံမွာ လိုအပ္ေနတဲ့ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး၊ ျငိမ္းခ်မ္းေရး၊ စီးပြား ဖြံ႕ျဖိဳးတိုးတက္ေရးစတဲ့ က႑ အားလံုးအတြက္ ေကာင္းတဲ့ လကၡဏာ မျဖစ္ႏုိင္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

တပ်မတော်သား ကိုယ်စားလှယ်တွေ ရပ်ထဲရွာထဲ ဘာကြောင့် ဆင်းကြသလဲ

မြန်မာ့နိုင်ငံရေးမှာ အရေးအကြီးဆုံးလို့ ပြောဆိုနေကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရပ်တန့်နေ၊ လွှတ်တော်ထဲက ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကလည်း အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ကိုယ်စားလှယ်တွေကြား အငြင်းပွားကြလို့ မပြီးသေးခင် အခုနောက်ဆုံး ပေါ်လာတဲ့ ပြသနာ တစ်ခုကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ ရပ်ထဲ ရွာထဲ ဆင်းပြီး ပြည်သူလူထုနဲ့ တွေ့ဆုံ စည်းဝေးတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကာကွယ်ရေး ဦးစီးချုပ်က ညွှန်ကြားလို့ နီးစပ်ရာ ဒေသ ကွင်းဆင်းရတာ၊ စည်းရုံးရေး လုပ်တာ မဟုတ်ဘူး၊ နိုင်ငံရေး ရည်မှန်းချက် ရှိလို့ မဟုတ်ဘူး ဆိုပြီး ပြောဆိုနေကြသလို၊ အင်န်အယ်လ်ဒီ ပါတီ ဘက်ကတော့ တပ်မတော်ဘက်က ဒီလုပ်ရပ်ဟာ တည်ဆဲဥပဒေ နည်းဥပဒေတွေနဲ့ ဆန့်ကျင်နေလို့ ပြည်သူလူထု နစ်နာနိုင်တယ်၊ ဒါကြောင့် ကန့်ကွက်တယ်၊ ဒါ့အပြင် တပ်ကို နိုင်ငံရေးပါတီ ပုံစံဖြစ်လာအောင် Politicized လုပ်လာမှာစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ လွှတ်တော် အသီးသီးရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ခုလို ရပ်ထဲ ရွာထဲ ဆင်းပြီး ပြည်သူတွေနဲ့ တွေ့ဆုံ စည်းဝေးပွဲတွေ လုပ်သင့်ပါရဲ့လား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အငြင်းအခုံ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒီပြသနာနဲ့ ပတ်သက်ရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဘယ်လို ရောက်လာတယ်၊ သူတို့မှာ ဘာ အခွင့်အရေးတွေ ရှိသလဲ ဆိုတာက စပြီး စဉ်းစားသင့်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာဟာ အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက် ပြဌာန်းသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ပေါ်ပေါက်လာတယ်လို့ ဆိုရင် မမှားပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် အယောက် ၁၁၀၊ အမျိုးသား လွှတ်တော်မှာ ၅၆ ယောက်၊ ပြည်ထောင်စု အဆင့်မှာ စုစုပေါင်း ၁၆၆ ယောက် ရှိပါတယ်။ အလားတူ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း တပ်မတော်သား ကိုယ်စားလှယ် အယောက် ၂၂၀ ကျော်ရှိပါတယ်။ အားလုံးပေါင်းလိုက်ရင် လွှတ်တော် အသီးသီးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်လိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၃၉၀ကျော် ရှိနေပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်လိုက်လို့ ပြည်ထောင်စု အဆင့် လွှတ်တော်ထဲ ရောက်သွားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ အရေးကြီးကိစ္စ ၂ ခု လုပ်ခွင့် ရှိနေပါတယ်။ ပထမ တစ်ခုကတော့ အစိုးရအဖွဲ့ ဖွဲ့နိုင်တဲ့ သမ္မတ ရွေးချယ်ရာမှာ မဲပေးခွင့်ရခြင်းပါပဲ။ ဒုတိယ တစ်ခုကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို ကိစ္စမျိုးမှာ ထောက်ခံနိုင်၊ ကန့်ကွက်နိုင်တဲ့ ဗီတိုအာဏာ ရရှိခြင်းပါပဲ။ ကျန်တာတွေကတော့ လွှတ်တော်ထဲ တင်လာတဲ့ ဥပဒေကြမ်းတွေကို ဆွေးနွေး မဲပေးနိုင်တာ၊ မေးခွန်းတွေ မေးနိုင်တာ၊ အဆိုတွေကို ဆွေးနွေး၊ မဲပေးနိုင်တာတွေပဲ ဖြစ်ပါတယ်။

ပြောရရင် အဲဒီ ကိုယ်စားလှယ်တွေ ဆိုတာဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ ပြည်သူလူထုက မဲပေးရွေးချယ်လိုက်တာ မဟုတ်လို့ ပြည်သူ့ကိုယ်စားလှယ်တွေ မဖြစ်နိုင်ပါဘူး။ တပ်မတော်တွင်းမှာ တပ်မတော်သားတွေကနေ အဆင့်ဆင့် မဲပေးရွေးချယ် တင်မြှောက်လိုက်တဲ့သူတွေ မဟုတ်လို့ တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေလို့ ခေါ်ဖို့လည်း ခက်ခဲပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နာမည်စာရင်း ပေးသွင်းထားသူတွေမို့ တိတိကျကျ ဆိုရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုပဲ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်မှာပါ။ ဒါကြောင့် ဒီကိုယ်စားလှယ်တွေနဲ့ ပတ်သက်ရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အချိန်မရွေး လူစားထိုး လဲလှယ်တာ လုပ်ခွင့်ရှိသလို၊ မကြာခဏလည်း လုပ်လေ့ရှိတာ တွေ့ရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ အဲဒီ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ရပ်ထဲ ရွာထဲဆင်းပြီး ပြည်သူလူထုနဲ့ တွေ့ဆုံတာ၊ စည်းဝေးတာ၊ စည်းရုံးတာမျိုး လုပ်ရမယ်လို့ ပြဌာန်းထားတာ မရှိသလို၊ မလုပ်ရဘူး ဆိုပြီး ပိတ်ပင်တဲ့ ပြဌာန်းချက်လည်း ဖော်ပြမထားပါဘူး။ ဒါနဲ့ ပတ်သက်လို့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ခေါင်းဆောင် ဖြစ်သူ ဗိုလ်မှူးချုပ်မောင်မောင်က တပ်ချုပ်ကနေ ကိုယ်စားလှယ်တွေကို ကိုယ့်နီးစပ်ရာ သွားပြီး ပြည်သူလူထု ဘာ အခက်အခဲရှိလည်း မေးဖို့ လမ်းညွှန်ခဲ့တဲ့ အကြောင်း၊ ဒါကြောင့် တစ်ချို့က ကိုယ့်ဇာတိ၊ တစ်ချို့က ကိုယ်တာဝန်ထမ်းဆောင်ခဲ့တာ ကြာတဲ့ ကိုယ်နဲ့ရင်းနှီးတဲ့ ဒေသ သွားကြတာ ဖြစ်တယ်လို့ Myanmar Now သတင်းဌာနကို ဖြေထားတာ တွေ့ရပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ ဖြေကြားချက်ကိုကြည့်ရင် တပ်မတော်သားကိုယ်စားလှယ်တွေ အနေနဲ့ ရွေးကောက်ခံ အမတ်တွေ လုပ်သလို ရပ်ထဲ ရွာထဲဆင်း၊ ပြည်သူနဲ့တွေ့၊ သူတို့ အခက်အခဲတွေကိုကြားနာ တနည်းပြောရရင် လွှတ်တော် အမတ်တွေရဲ့ အလုပ်မျိုးသွားလုပ်တာလို့ နားလည်နိုင်သလို၊ မဲဆန္ဒနယ် သတ်သတ်မှတ်မှတ် မရှိတာကြောင့် တပ်မတော်သား ကိုယ်စားလှယ် တစ်ယောက်ဟာ မြန်မာနိုင်ငံ ဘယ်နေရာမဆို သွားချင်ရာ သွားလို့ရနိုင်တယ်ဆိုတဲ့ သဘောလည်း သက်ရောက်နေပြန်ပါတယ်။ နောက်ပြီး တပ်မတော်သားတွေသွားတဲ့ ဘယ်နယ်မြေမှာမဆို သက်ဆိုင်ရာ ပြည်သူတွေ မဲပေး ရွေးချယ်ထားတဲ့ ရွေးကောက်ခံ အမတ်တွေ ရှိနေပြီးသားမို့ အပြိုင်သဘော သွားလုပ်သလိုမျိုး ဖြစ်စေနိုင်သလို ပြည်သူတွေကြား ရှုတ်ထွေးမှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။

တကယ်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ စ ရောက်တာ ၂၀၁၀ နှစ်ကုန်ပိုင်းထဲကမို့ အခုဆို ၉ နှစ်နီးပါး ရှိပါပြီ။ အရင် သမ္မတဟောင်း ဦးသိန်းစိန်၊ လွှတ်တော် နာယကဟောင်း သူရဦးရွှေမန်း လက်ထက်က ရပ်ထဲ ရွာထဲ မဆင်းခဲ့ပဲ အခုမှ ဘာလို့ ဆင်းရသလဲ ဆိုတာကလည်း မေးခွန်းထုတ်ရမယ့် ကိစ္စပါ။ ဖြစ်နိုင်ခြေ တစ်ခုရှိတာက ၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်မြေတွေကို ကြိုတင် လေ့လာတာ၊ သွယ်ဝိုက်သောအားဖြင့် ကြိုတင် စည်းရုံးတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ အရေအတွက် များပြားလှတဲ့ တပ်မတော်အရာရှိတွေ တပ်ကနေ နှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုး ပါတီ အမတ်လောင်းတွေ အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နမူနာ ရှိနေလို့ပါပဲ။ အဲဒီအချိန် တပ်ကနေ နှုတ်ထွက်ပြီးကာမှ နယ်မြေဆင်းခွင့်ရခဲ့ကြတာကို သင်ခန်းစာယူပြီး အခုတစ်ကြိမ် အဲလို မဖြစ်ရအောင် တစ်ချို့သော ရွေးကောက်ပွဲ ဝင်မယ့် တပ်မတော်အရာရှိတွေ ၂၀၂၀ အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ပြည်သူတွေကြား ဆင်းတဲ့ သဘောလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ညွှန်ကြားချက်ကြောင့် ပေါ်ပေါက်လာတဲ့ ဒီ လုပ်ရပ်ဟာ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီ တစ်ခုနဲ့ ဘာမှ ခြားနားမှု မရှိတဲ့ ပုံစံ ဖြစ်သွားစေပြီး နိုင်ငံရေးလောကထဲ နောက်ထပ် ခြေတစ်လှမ်း တိုးလိုက်တဲ့ သဘောလည်း သက်ရောက်သွားစေပါတယ်။ မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့ အနှစ် ၆၀ သမိုင်းကို ပြန်ကြည့်ရင် တပ်မတော်ဟာ တိုင်းပြည် ကာကွယ်ရေးတင်မက နိုင်ငံရေး အပါအဝင် ကဏ္ဍ အားလုံးလိုလိုလောက်မှာ အဓမ္မ ဝင်ရောက် ချယ်လှယ် စီမံခန့်ခွဲခဲ့လို့ တိုင်းပြည် အဖက်ဖက်က ယိုယွင်းကျဆင်းခဲ့ပြီး အောက်ကျနောက်ကျ ဖြစ်ခဲ့တာ အချိန်ဘာမှ မကြာသေးပါဘူး။ ဒါကို သင်ခန်းစာယူပြီး တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ တဖြေးဖြေး ဆုတ်ခွာရမယ့်အစား ခုလို ခြေတစ်လှမ်း ရှေ့တိုးလိုက်ခြင်းဟာ နိုင်ငံမှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကဏ္ဍ အားလုံးအတွက် ကောင်းတဲ့ လက္ခဏာ မဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG