သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ရဲ႕ တုိင္းရင္းသား ေရးရာေကာ္မတီ အလုပ္ျဖစ္မွာလား


အစည္းအေ၀းတက္ေရာက္လာတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္မ်ား (ဓါတ္ပံု- National League for Democracy's Facebook)
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ျပီးခဲ့တဲ့ ၂၀၂၀ ဇန္န၀ါရီ ၂ ရက္ေန႔က အာဏာရ အင္န္အယ္လ္ဒီ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီဟာ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲ အတြက္ ရည္ရြယ္ျပီး “ ဗဟို တုိင္းရင္းသားေရးရာ ေကာ္မတီ ” တစ္ရပ္ကို ဖြဲ႕စည္းလိုက္တယ္လို႔ ထုတ္ျပန္ေၾကျငာပါတယ္။ ေကာ္မတီကို အင္န္အယ္လ္ဒီ ပါတီရဲ႕ ကခ်င္တုိင္းရင္းသား ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးအင္ထံုးခါးေနာ္ဆမ္ ကို ဥကၠဌ၊ ကရင္ျပည္နယ္ ၀န္ၾကီးခ်ဳပ္ နန္းခင္ေထြးျမင့္ကို ဒုဥကၠဌ(၁)၊ ေဒါက္တာတင္မ်ိဳး၀င္းကို ဒုဥကၠဌ(၂) တာ၀န္ ေပးျပီး ဖြဲ႕စည္းထားတာ ေတြ႕ရပါတယ္။ ဒီ ေကာ္မတီဟာ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးမွဳေတြ လုပ္မယ္လို႔ အၾကမ္းဖ်ဥ္း လ်ာထားေပမယ့္ ေရြးေကာက္ပြဲမွာ မဲဆႏၵနယ္ေျမ အေပးအယူ လုပ္တာမ်ိဳးေတာ့ လံုး၀ ေဆြးေႏြးမွာ မဟုတ္ဘူးလို႔ အင္န္အယ္လ္ဒီ ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔က ေျပာဆိုထားပါတယ္။ လက္ရွိ အင္န္အယ္လ္ဒီ ပါတီနဲ႔ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြရဲ႕ ဆက္ဆံေရး အေျခအေန ဘယ္လို ရွိေနသလဲ၊ အာဏာရ အင္န္အယ္လ္ဒီ ပါတီဟာ ဒီမုိကေရစီ ဖက္ဒရယ္ ႏုိင္ငံ တည္ေဆာက္မယ္လို႔ ေၾကြးေၾကာ္ေနသလို တကယ္ပဲ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေနသလား၊ အခု ဖြဲ႕စည္းလိုက္တဲ့ တုိင္းရင္းသား ေရးရာ ေကာ္မတီကေရာ အက်ိဳးျဖစ္ထြန္းတာေတြ လုပ္ႏုိင္မလား ဆုိတာ ေလ့လာ တင္ျပသြားပါ့မယ္။

၁၉၉၀ ခုႏွစ္ ေရြးေကာက္ပြဲအတြက္ ႏုိင္ငံေရးပါတီေတြ စတင္ တည္ေထာင္ခြင့္ျပဳလိုက္ခ်ိန္ကစ ၂၀၁၅ အင္န္အယ္လ္ဒီ ပါတီ ေရြးေကာက္ပြဲ အႏုိင္ရခ်ိန္အထိ အင္န္အယ္လ္ဒီ နဲ႔ တိုင္းရင္းသားပါတီေတြ ဆက္ဆံေရး အလြန္ေကာင္းခဲ့ပါတယ္။ အထူးသျဖင့္ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္အာဏာရွင္ေတြရဲ႕ ဖိစီးႏွိပ္စက္မွဳအမ်ိဳးမ်ိဳးကို အတူတကြ ၾကံ့ၾကံ့ခံ တြန္းလွန္ခဲ့ၾကတဲ့ သမိုင္းေၾကာင္း ရွိခဲ့လို႔ပါပဲ။ ၂၀၁၀ ခုႏွစ္မွာ စစ္အာဏာရွင္ေတြက သူတုိ႔ဖာသာ သူတုိ႔ေရးဆြဲထားတဲ့ ဖြဲ႕စည္းပံု အေျခခံ ဥပေဒကို အသံုးျပဳျပီး သူတုိ႔ကိုယ္တုိင္ ၾကီးၾကပ္က်င္းပေပးတဲ့ ေရြးေကာက္ပြဲဟာ လြတ္လပ္မွဳ၊ တရားမွ်တမွဳ မရွိလို႔ အင္န္အယ္လ္ဒီ ပါတီ ေရြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ျပိဳင္ျခင္း မျပဳခဲ့သလို၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ SNLD အပါအ၀င္ ကာလၾကာရွည္ မဟာမိတ္ျဖစ္ခဲ့တဲ့ တုိင္းရင္းသားပါတီေတြကလည္း ၀င္ေရာက္ ယွဥ္ျပိဳင္တာ မလုပ္ခဲ့ၾကပါဘူး။ ဒီအတြက္ စစ္အာဏာရွင္ေတြ က်င္းပေပးတဲ့ ေရြးေကာက္ပြဲနဲ႔ ေရြးေကာက္ပြဲရလာဒ္ဟာ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ျပီး၊ ေနာက္ပိုင္း ေရြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒ ေတြကို ျပင္ေပးတာ၊ ၾကားျဖတ္ေရြးေကာက္ပြဲ လုပ္ျပီး ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ အင္န္အယ္လ္ဒီ အမတ္ေတြကို လႊတ္ေတာ္တြင္း ေခၚသြင္းတဲ့ အေျခအေန ေရာက္ေစခဲ့ပါတယ္။

အဲဒီ ကာလၾကာရွည္ မဟာမိတ္ျဖစ္ခဲ့တဲ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြနဲ႔ သေဘာထား ကြဲလြဲမွဳဟာ ၂၀၁၆ ခု ႏွစ္ဆန္း အင္န္အယ္လ္ဒီ ပါတီ အစိုးရ ဖြဲ႕ခ်ိန္က စ ပါတယ္။ အင္န္အယ္လ္ဒီ ပါတီ ေခါင္းေဆာင္ေတြဟာ ေရြးေကာက္ပြဲမွာ သမၼတ ေရြးႏုိင္၊ အစိုးရဖြဲ႕ႏိုင္ေလာက္တဲ့ အထိ မဲအျပတ္အသတ္ အႏုိင္ရခဲ့ေပမယ့္ အစိုးရဖြဲ႕တဲ့အခါ မဟာမိတ္ တိုင္းရင္းသားပါတီေတြက တုိင္းရင္းသားေတြ စံုစံုညီညီ ထည့္သြင္း ဖြဲ႕စည္းတယ္ ဆုိတဲ့ ပံုရိပ္ကို လိုခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ အစိုးရအဖြဲ႕ထဲ ဘယ္သူေတြ ထည့္သြင္းသင့္သလဲ ဆုိတာ သက္ဆုိင္ရာ တုိင္းရင္းသားပါတီေတြနဲ႔ တုိင္ပင္တာမ်ိဳး မလုပ္ခဲ့ပဲ ကိုယ့္ဖာသာကိုယ္ ေရြးခ်ယ္ ကမ္းလွမ္း ခန္႔ထားခဲ့တာေၾကာင့္ သေဘာထားကြဲလြဲမွဳ စျပီး ျဖစ္ေပၚခဲ့တာပါ။ အထင္ရွားဆံုးကေတာ့ ကာလၾကာရွည္ မဟာမိတ္ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ SNLD နဲ႔ ျဖစ္ျပီး အင္န္အယ္လ္ဒီရဲ႕ ျပည္ေထာင္စု အစိုးရ ၀န္ၾကီး တစ္ေနရာနဲ႔ ျပည္နယ္၀န္ၾကီး တစ္ေနရာ ေပးမယ့္ ကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့ပါတယ္။

အင္န္အယ္လ္ဒီ အစိုးရ တာ၀န္ယူျပီး ေနာက္ပိုင္းကာလမွာလည္း ျပည္ေထာင္စု အစိုးရအဖြဲ႕၊ ျပည္နယ္ အစိုးရအဖြဲ႕ေတြနဲ႔ လႊတ္ေတာ္ အသီးသီးရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ မဟာမိတ္ တုိင္းရင္းသားပါတီေတြကို ေက်နပ္မွဳ မျဖစ္ေစခဲ့ပါဘူး။ တကယ္ေတာ့ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒဟာ ျပည္ေထာင္စု အႏွစ္သာရ လံုး၀ မရွိတဲ့ ဖြဲ႕စည္းပံုလို႔ ေျပာႏုိင္ပါတယ္။ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသား လႊတ္ေတာ္ ဆုိျပီး နာမည္ ႏွစ္မ်ိဳးနဲ႔ လႊတ္ေတာ္ ႏွစ္ရပ္ ဖြဲ႕စည္းထားေပမယ့္ သေဘာထား ကြဲလြဲတာေတြ ရွိရင္ လႊတ္ေတာ္ႏွစ္ရပ္ေပါင္း ဆံုးျဖတ္တာကိုၾကည့္ရင္ပဲ လႊတ္ေတာ္ ႏွစ္ရပ္ဟာ တန္းတူ မဟုတ္၊ ဟန္ျပ သေဘာေလာက္ ခြဲျခားထားတာ သိျမင္ႏုိင္ပါတယ္။

ဒါေပမယ့္ ဖြဲ႕စည္းပံုက ဘယ္လိုပဲ ျပဌာန္းထားပါေစ တကယ္တမ္း အင္န္အယ္လ္ဒီ ပါတီကသာ ဆႏၵရွိရင္ အစိုးရအဖြဲ႕လုပ္ရပ္ေတြမွာ၊ လႊတ္ေတာ္ေတြထဲမွာ ျပည္ေထာင္စု ပံုသ႑ာန္ ျဖစ္ေအာင္၊ ဖက္ဒရယ္ အႏွစ္သာရ ေပၚေအာင္ ေကာင္းေကာင္း အေကာင္အထည္ ေဖာ္လို႔ ရပါတယ္။ အဓိပၸါယ္ကေတာ့ လႊတ္ေတာ္ထဲ ေရာက္လာတဲ့ တုိင္းရင္းသား ပါတီ၊ တုိင္းရင္းသား အမတ္ေတြနဲ႔ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္ရြက္၊ ျပည္နယ္ အေရးအရာ၊ တုိင္းရင္းသား အေရးအရာ၊ ျငိမ္းခ်မ္းေရး အေရးအရာေတြနဲ႔ ပတ္သက္ရင္ တုိင္းရင္းသားပါတီေတြရဲ႕ သေဘာထားနဲ႔ တစ္ထပ္တည္းက်ေအာင္ ညွိႏွိဳင္းေဆြးေႏြးျပီးမွ ေဆာင္ရြက္တာမ်ိဳးပါ။

တကယ္လက္ေတြ႕မွာေတာ့ အဲလို အေျခအေန ေပၚေပါက္မလာရံုမက ကာလၾကာရွည္ ဒုကၡ အတူတူ ခံခဲ့ၾကတဲ့၊ စစ္အာဏာရွင္ စနစ္ကို အတူတကြ တုိက္ပြဲ ၀င္ခဲ့ၾကတဲ့ မဟာမိတ္ တုိင္းရင္းသား ပါတီေတြနဲ႔ ပံုမွန္ေတြ႕ဆံုပြဲေလာက္ကိုေတာင္ က်င္းပႏုိင္ျခင္း မရွိေတာ့တာကို ေတြ႕ၾကရလို႔ပါပဲ။ ဒီအေျခအေနကို ၾကည့္လိုက္ရင္ အင္န္အယ္လ္ဒီ ပါတီဟာ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္မယ္လို႔ တဖြဖြ ေျပာဆုိေနေပမယ့္ တကယ္ အခြင့္အေရး ရသည့္တုိင္ ဘာကိုမွ ျဖစ္ျဖစ္ေျမာက္ေျမာက္ အေကာင္အထည္ ေဖာ္တာမ်ိဳး မေတြ႕ရတာမို႔ တကယ္ပဲ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ဖို႔ ဆႏၵရွိရဲ႕လား ဆုိတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ လႊတ္ေတာ္တြင္း၊ အစိုးရအဖြဲ႕အတြင္း ျဖစ္ေပၚေနတဲ့ အင္န္အယ္လ္ဒီ ပါတီရဲ႕ ဒီသေဘာထားဟာ ျငိမ္းခ်မ္းေရး တည္ေဆာက္ေရးမွာ သြားျပီး ရိုက္ခတ္ေနမယ္ ဆိုတာကလည္း ေမးစရာေတာင္ မလိုတဲ့ ကိစၥ ျဖစ္လာပါတယ္။ ခုဆိုရင္ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြ ကိုယ္တုိင္ အင္န္အယ္လ္ဒီ ဟာ တကယ္ပဲ ဖက္ဒရယ္ ျပည္ေထာင္စုကို တည္ေထာင္ခ်င္ပါရဲ႕လား ဆုိတာ ေတြးေတာစ ျပဳလာပါျပီ။

၂၀၀၈ ဖြဲ႕စည္းပံုရဲ႕ ေပးထားခ်က္အရ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ျပီး အင္န္အယ္လ္ဒီ အေနနဲ႔ မာန တက္မယ္ဆုိရင္လည္း တက္စရာပါ။ သမၼတ ေရြးႏုိင္၊ အစိုးရဖြဲ႕ႏုိင္ဖို႔ ဆုိရင္ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္အတြက္ အမတ္ေနရာ ၃၃၃ ေယာက္ ႏုိင္ဖို႔ လိုပါတယ္။ ဖြဲ႕စည္းပံုအရ တုိင္း(၇)တုိင္းမွာ အမတ္္ေနရာ ၂၉၁ ေနရာ ရွိျပီး ျပည္နယ္(၇) ခုအတြက္ အမတ္ေနရာ ၂၀၇ ေနရာပဲ ရွိပါတယ္။ တိုင္းရင္းသားပါတီေတြ အလြန္အားေကာင္းျပီး ျပည္နယ္ေတြမွာ အႏိုင္ရမွဳ မ်ားတယ္ ဆိုသည့္တုိင္ အင္န္အယ္လ္ဒီပါတီဟာ ျပည္နယ္ေတြကေန အမတ္ေနရာ ၂၀၀ ေက်ာ္မွာ အမတ္ ၅၀-၆၀ ေလာက္ ရရင္ပဲ လြတ္လြတ္ကၽြတ္ကၽြတ္ သမၼတ ေရြးႏုိင္၊ အစိုးရ ဖြဲ႕ႏုိင္ပါျပီ။ ျပည္နယ္ေတြမွာ သက္ဆုိင္ရာ တုိင္းရင္းသား မဟုတ္သူေတြ ေနထုိင္ပ်ံ႕ႏွံ႕မွဳ မ်ားျပားလာတာ၊ မဲေပးခြင့္ ရေနတာကလည္း တုိင္းရင္းသားပါတီ ေတြထက္ အင္န္အယ္လ္ဒီ လို ပါတီမ်ိဳးကို ပိုျပီး အသာရေစပါတယ္။

ဒါေၾကာင့္လည္း အင္န္အယ္လ္ဒီ ပါတီဟာ တုိင္းရင္းသားပါတီေတြနဲ႔ အမတ္ေနရာ၊ မဲဆႏၵနယ္ေျမ ညွိႏွိဳင္း အလဲအလွယ္လုပ္ျပီး ျပိဳင္မွာ မဟုတ္ဘူးလို႔ ခပ္တင္းတင္း ေျပာဆုိေနတာ ျဖစ္ပါတယ္။ ဒီလို မာန ေထာင္လႊားတဲ့ ေျပာဆုိခ်က္ေၾကာင့္ပဲ ကာလၾကာရွည္ မဟာမိတ္ျဖစ္ခဲ့တဲ့ စည္းလံုးညီညြတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား မဟာမိတ္အဖြဲ႕ UNA အဖြဲ႕၀င္ တုိင္းရင္းသားပါတီေတြက အင္န္အယ္လ္ဒီ နဲ႔ ဘာမွ ေဆြးေႏြးစရာ မရွိဘူးလို႔ ထုတ္ေဖာ္ေျပာဆုိတဲ့ အဆင့္ ေရာက္ခဲ့ပါျပီ။ ဒီ အခ်က္ေတြကိုၾကည့္ရင္ အင္န္အယ္လ္ဒီ ပါတီက ဖြဲ႕စည္းတဲ့ “ ဗဟို တုိင္းရင္းသားေရးရာ ေကာ္မတီ ” ဟာ တိုင္းရင္းသား အေရး၊ ျပည္ေထာင္စု အေရး၊ ဖက္ဒရယ္ အေရးေတြကို စြမ္းေဆာင္ႏုိင္လိမ့္မယ္ဆိုျပီး ေမွ်ာ္လင့္လို႔ ရႏုိင္မယ္ မဟုတ္ေၾကာင္းပါ။

---------------------

NLD ရဲ့ တိုင်းရင်းသား ရေးရာကော်မတီ အလုပ်ဖြစ်မှာလား
ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီ ၂ ရက်နေ့က အာဏာရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ရည်ရွယ်ပြီး “ ဗဟို တိုင်းရင်းသားရေးရာ ကော်မတီ ” တစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ကြေငြာပါတယ်။ ကော်မတီကို အင်န်အယ်လ်ဒီ ပါတီရဲ့ ကချင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်အမတ် ဦးအင်ထုံးခါးနော်ဆမ် ကို ဥက္ကဌ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ဒုဥက္ကဌ(၁)၊ ဒေါက်တာတင်မျိုးဝင်းကို ဒုဥက္ကဌ(၂) တာဝန် ပေးပြီး ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ဒီ ကော်မတီဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်လို့ အကြမ်းဖျဉ်း လျာထားပေမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ အပေးအယူ လုပ်တာမျိုးတော့ လုံး၀ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အင်န်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောဆိုထားပါတယ်။ လက်ရှိ အင်န်အယ်လ်ဒီ ပါတီနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ ဆက်ဆံရေး အခြေအနေ ဘယ်လို ရှိနေသလဲ၊ အာဏာရ အင်န်အယ်လ်ဒီ ပါတီဟာ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံ တည်ဆောက်မယ်လို့ ကြွေးကြော်နေသလို တကယ်ပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေသလား၊ အခု ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသား ရေးရာ ကော်မတီကရော အကျိုးဖြစ်ထွန်းတာတွေ လုပ်နိုင်မလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ စတင် တည်ထောင်ခွင့်ပြုလိုက်ချိန်ကစ ၂၀၁၅ အင်န်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ အနိုင်ရချိန်အထိ အင်န်အယ်လ်ဒီ နဲ့ တိုင်းရင်းသားပါတီတွေ ဆက်ဆံရေး အလွန်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေရဲ့ ဖိစီးနှိပ်စက်မှုအမျိုးမျိုးကို အတူတကွ ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ကြတဲ့ သမိုင်းကြောင်း ရှိခဲ့လို့ပါပဲ။ ၂၀၁၀ ခုနှစ်မှာ စစ်အာဏာရှင်တွေက သူတို့ဖာသာ သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသုံးပြုပြီး သူတို့ကိုယ်တိုင် ကြီးကြပ်ကျင်းပပေးတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု မရှိလို့ အင်န်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သလို၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အပါအဝင် ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေကလည်း ဝင်ရောက် ယှဉ်ပြိုင်တာ မလုပ်ခဲ့ကြပါဘူး။ ဒီအတွက် စစ်အာဏာရှင်တွေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလာဒ်ဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး၊ နောက်ပိုင်း ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ တွေကို ပြင်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီ အမတ်တွေကို လွှတ်တော်တွင်း ခေါ်သွင်းတဲ့ အခြေအနေ ရောက်စေခဲ့ပါတယ်။
အဲဒီ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ သဘောထား ကွဲလွဲမှုဟာ ၂၀၁၆ ခု နှစ်ဆန်း အင်န်အယ်လ်ဒီ ပါတီ အစိုးရ ဖွဲ့ချိန်က စ ပါတယ်။ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲမှာ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်လောက်တဲ့ အထိ မဲအပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့တဲ့အခါ မဟာမိတ် တိုင်းရင်းသားပါတီတွေက တိုင်းရင်းသားတွေ စုံစုံညီညီ ထည့်သွင်း ဖွဲ့စည်းတယ် ဆိုတဲ့ ပုံရိပ်ကို လိုချင်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲ ဘယ်သူတွေ ထည့်သွင်းသင့်သလဲ ဆိုတာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေနဲ့ တိုင်ပင်တာမျိုး မလုပ်ခဲ့ပဲ ကိုယ့်ဖာသာကိုယ် ရွေးချယ် ကမ်းလှမ်း ခန့်ထားခဲ့တာကြောင့် သဘောထားကွဲလွဲမှု စပြီး ဖြစ်ပေါ်ခဲ့တာပါ။ အထင်ရှားဆုံးကတော့ ကာလကြာရှည် မဟာမိတ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ ဖြစ်ပြီး အင်န်အယ်လ်ဒီရဲ့ ပြည်ထောင်စု အစိုးရ ဝန်ကြီး တစ်နေရာနဲ့ ပြည်နယ်ဝန်ကြီး တစ်နေရာ ပေးမယ့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။
အင်န်အယ်လ်ဒီ အစိုးရ တာဝန်ယူပြီး နောက်ပိုင်းကာလမှာလည်း ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ လွှတ်တော် အသီးသီးရဲ့ လုပ်ဆောင်ချက်တွေဟာ မဟာမိတ် တိုင်းရင်းသားပါတီတွေကို ကျေနပ်မှု မဖြစ်စေခဲ့ပါဘူး။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်ထောင်စု အနှစ်သာရ လုံး၀ မရှိတဲ့ ဖွဲ့စည်းပုံလို့ ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဆိုပြီး နာမည် နှစ်မျိုးနဲ့ လွှတ်တော် နှစ်ရပ် ဖွဲ့စည်းထားပေမယ့် သဘောထား ကွဲလွဲတာတွေ ရှိရင် လွှတ်တော်နှစ်ရပ်ပေါင်း ဆုံးဖြတ်တာကိုကြည့်ရင်ပဲ လွှတ်တော် နှစ်ရပ်ဟာ တန်းတူ မဟုတ်၊ ဟန်ပြ သဘောလောက် ခွဲခြားထားတာ သိမြင်နိုင်ပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံက ဘယ်လိုပဲ ပြဌာန်းထားပါစေ တကယ်တမ်း အင်န်အယ်လ်ဒီ ပါတီကသာ ဆန္ဒရှိရင် အစိုးရအဖွဲ့လုပ်ရပ်တွေမှာ၊ လွှတ်တော်တွေထဲမှာ ပြည်ထောင်စု ပုံသဏ္ဍာန် ဖြစ်အောင်၊ ဖက်ဒရယ် အနှစ်သာရ ပေါ်အောင် ကောင်းကောင်း အကောင်အထည် ဖော်လို့ ရပါတယ်။ အဓိပ္ပါယ်ကတော့ လွှတ်တော်ထဲ ရောက်လာတဲ့ တိုင်းရင်းသား ပါတီ၊ တိုင်းရင်းသား အမတ်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်၊ ပြည်နယ် အရေးအရာ၊ တိုင်းရင်းသား အရေးအရာ၊ ငြိမ်းချမ်းရေး အရေးအရာတွေနဲ့ ပတ်သက်ရင် တိုင်းရင်းသားပါတီတွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်းကျအောင် ညှိနှိုင်းဆွေးနွေးပြီးမှ ဆောင်ရွက်တာမျိုးပါ။
တကယ်လက်တွေ့မှာတော့ အဲလို အခြေအနေ ပေါ်ပေါက်မလာရုံမက ကာလကြာရှည် ဒုက္ခ အတူတူ ခံခဲ့ကြတဲ့၊ စစ်အာဏာရှင် စနစ်ကို အတူတကွ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသား ပါတီတွေနဲ့ ပုံမှန်တွေ့ဆုံပွဲလောက်ကိုတောင် ကျင်းပနိုင်ခြင်း မရှိတော့တာကို တွေ့ကြရလို့ပါပဲ။ ဒီအခြေအနေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီ ပါတီဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ တဖွဖွ ပြောဆိုနေပေမယ့် တကယ် အခွင့်အရေး ရသည့်တိုင် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည် ဖော်တာမျိုး မတွေ့ရတာမို့ တကယ်ပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဆန္ဒရှိရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ လွှတ်တော်တွင်း၊ အစိုးရအဖွဲ့အတွင်း ဖြစ်ပေါ်နေတဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ ဒီသဘောထားဟာ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ သွားပြီး ရိုက်ခတ်နေမယ် ဆိုတာကလည်း မေးစရာတောင် မလိုတဲ့ ကိစ္စ ဖြစ်လာပါတယ်။ ခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုယ်တိုင် အင်န်အယ်လ်ဒီ ဟာ တကယ်ပဲ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ချင်ပါရဲ့လား ဆိုတာ တွေးတောစ ပြုလာပါပြီ။
၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားချက်အရ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အနေနဲ့ မာန တက်မယ်ဆိုရင်လည်း တက်စရာပါ။ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်ဖို့ ဆိုရင် ပြည်ထောင်စု အဆင့် လွှတ်တော်အတွက် အမတ်နေရာ ၃၃၃ ယောက် နိုင်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံအရ တိုင်း(၇)တိုင်းမှာ အမတ်နေရာ ၂၉၁ နေရာ ရှိပြီး ပြည်နယ်(၇) ခုအတွက် အမတ်နေရာ ၂၀၇ နေရာပဲ ရှိပါတယ်။ တိုင်းရင်းသားပါတီတွေ အလွန်အားကောင်းပြီး ပြည်နယ်တွေမှာ အနိုင်ရမှု များတယ် ဆိုသည့်တိုင် အင်န်အယ်လ်ဒီပါတီဟာ ပြည်နယ်တွေကနေ အမတ်နေရာ ၂၀၀ ကျော်မှာ အမတ် ၅၀-၆၀ လောက် ရရင်ပဲ လွတ်လွတ်ကျွတ်ကျွတ် သမ္မတ ရွေးနိုင်၊ အစိုးရ ဖွဲ့နိုင်ပါပြီ။ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသား မဟုတ်သူတွေ နေထိုင်ပျံ့နှံ့မှု များပြားလာတာ၊ မဲပေးခွင့် ရနေတာကလည်း တိုင်းရင်းသားပါတီ တွေထက် အင်န်အယ်လ်ဒီ လို ပါတီမျိုးကို ပိုပြီး အသာရစေပါတယ်။
ဒါကြောင့်လည်း အင်န်အယ်လ်ဒီ ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ အမတ်နေရာ၊ မဲဆန္ဒနယ်မြေ ညှိနှိုင်း အလဲအလှယ်လုပ်ပြီး ပြိုင်မှာ မဟုတ်ဘူးလို့ ခပ်တင်းတင်း ပြောဆိုနေတာ ဖြစ်ပါတယ်။ ဒီလို မာန ထောင်လွှားတဲ့ ပြောဆိုချက်ကြောင့်ပဲ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက အင်န်အယ်လ်ဒီ နဲ့ ဘာမှ ဆွေးနွေးစရာ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုတဲ့ အဆင့် ရောက်ခဲ့ပါပြီ။ ဒီ အချက်တွေကိုကြည့်ရင် အင်န်အယ်လ်ဒီ ပါတီက ဖွဲ့စည်းတဲ့ “ ဗဟို တိုင်းရင်းသားရေးရာ ကော်မတီ ” ဟာ တိုင်းရင်းသား အရေး၊ ပြည်ထောင်စု အရေး၊ ဖက်ဒရယ် အရေးတွေကို စွမ်းဆောင်နိုင်လိမ့်မယ်ဆိုပြီး မျှော်လင့်လို့ ရနိုင်မယ် မဟုတ်ကြောင်းပါ။
စည်သူအောင်မြင့်။

XS
SM
MD
LG