ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္စစ္ေတြမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက တပ္နဲ႔ AA ၾကား အျပန္အလွန္ဖမ္းဆီးမႈေတြ ရွိခဲ့တာေၾကာင့္ လံုၿခံဳေရးတင္းက်ပ္ထားသလို စစ္ေတြကေန ေရေၾကာင္းခရီး သြားလာေနတဲ့ ေရယာဥ္ေတြကို စစ္ေကာင္စီက ပိတ္ထားပါတယ္။ ေရေၾကာင္းခရီးကို အဓိကထား သြားလာေနရတဲ့ စစ္ေတြၿမိဳ႕နယ္မွာအခုလို ေရယာဥ္ေတြဝင္ထြက္သြားလာမႈကို ပိတ္ထားတာေၾကာင့္ ခရီးသည္ေတြနဲ႔ ေရလုပ္ငန္းလုပ္ ကိုင္သူေတြ အခက္ၾကံဳရပါတယ္။ ရန္ကုန္က ေပးပို႔တဲ႔ သတင္းကို နန္းေလာ၀္ တင္ျပေပးပါမယ္။
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကေန ေျပးဆြဲေနတဲ့ ေရယာဥ္ေတြကို ၿပီးခဲ့တဲ့ ဇြန္လ ၂၄ရက္ေန႔ ကတည္းက စစ္ေကာင္စီက ရက္အကန္႔အသတ္မရွိ ပိတ္ထားတယ္လုိ႔ စစ္ေတြကေန ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အမ်ားစုကို ေျပးဆြဲေနတဲ့ ေရြျပည္တန္အျမန္ယာဥ္က မန္ေနဂ်ာ ဦးစံေမာ္သိန္းက ေျပာပါတယ္။
“ က်ေနာ္တုိ႔က ဆတ္ရိုးက် ေခ်ာင္းထဲကေန သေဘၤာေတြ အျမန္ယာဥ္ေတြ ထြက္ပါတယ္၊ ထြက္ေတာ့ ၂၄ရက္ေန႔က ဆတ္ရိုးက် အဝေခ်ာင္းထဲမွာပဲဌာန ေပါင္းစံုက စစ္ေဆးေရး ဂိတ္တခုရွိပါတယ္၊ အဲဒီဂိတ္ကေန က်ေနာ္တို႔က ဆတ္ရိုးက် ေခ်ာင္းထဲကေနသေဘၤာေတြ အျပင္ကို ေပးမထြက္ေတာ့ဘူးလို႔ လွမ္းအေၾကာင္းၾကားလာပါတယ္။ အဲဒီကတည္းက က်ေနာ္တို႔ ရပ္လိုက္တာပါ။”
ကန္းရိုးတန္းေဒသတခုျဖစ္တဲ့ ရခိုင္ျပည္နယ္မွာ တၿမိဳ႕နဲ႔ တၿမိဳ႕နဲ႔ ခရီးသြားလာမယ္ဆိုရင္ ေရလမ္းေၾကာင္းကို အဓိကထားသြားလာေနရတာလည္းျဖစ္ပါတယ္။ ေျမပံုၿမိဳ႕နယ္ကေန စစ္ေတြၿမိဳ႕ကို ေဆးခန္းလာျပေနရတဲ့ ခရီးသည္တဦးကလည္း အခုလို ေရးေၾကာင္း လမ္းခရီးပိတ္လိုက္တာေၾကာင့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနတယ္လို႔ ေျပာပါတယ္။
“ အခက္အခဲေတြေတာ့ရွိတယ္။ ၾကာသပေတးေန႔ကတည္းက ထြက္လာတာဆိုေတာ့။ ဒီေရာက္တာ ေလး၊ ငါးရက္ေလာက္ရွိေနၿပီ။ အခက္အခဲေတြ အမ်ားႀကီးရွိတယ္။ ၿမိဳ ႔ေပၚမွာလည္း ဟိုမသြားရဒီမသြားရနဲ႔ ေလွလည္း ျပန္မထြက္ေတာ့ ျပန္ဖို႔အဆင္မေျပဘူး။ ဘာလို႔ မထြက္ရလဲေတာ့ အတိအက်မသိဘူ။း သူတို႔က မထြက္ရဘူးဆိုေတာ့ မသြားရဘူးေပါ့။”
ဒါအျပင့္ စစ္ေတြၿမိဳ႕အနီးမွာ တပိုင္တႏိုင္လုပ္ကိုင္ေနၾကတဲ႔ ကူးတို႔ ေလွသမားေတြလည္း ေလွမထြက္ရတာေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနတယ္လို႔ ေလွသမားတဦးကေျပာပါတယ္။
“ ဆတ္ရိုးက် ေခ်ာင္းထဲမွာ ေလွသမားေတြ ထြက္လို႔ရွိရင္ ေခၚၿပီးေတာ့ စစ္တယ္၊ အျပင္ေပး မထြက္ဘူ။း အဝင္လည္း ဝင္လို႔မရဘူး၊ ေလွကေတာ့ ၃၀ေလာက္ ရွိမယ္ထင္တယ္။ ေလွမထြက္ရင္ က်ေနာ္တို႔က စားရေသာက္ရတာလည္းအဆင္မေျပဘူး၊ မိသားစု သံုးရ စြဲရတာ လည္း အဆင္မေျပဘူး၊ အခုက ကိုယ့္ေလွမွာကို အိပ္တဲ့ သူကအိပ္ သူတို႔က အထဲကို ေပးမဝင္ေတာ့ေလ။”
လက္ရွိမွာေတာ့ ေရေၾကာင္း ခရီးသြားလာမႈကို ကန္႔သတ္ထားတာေၾကာင့္ ခရီးသည္ေတြအတြက္ အခက္အခဲ ျဖစ္သလို ကုန္စည္စီးဆင္းမႈေတြပါ ရပ္ဆိုင္းေနပါတယ္။ ေလွလုပ္သားေတြ အတြက္ပါ အခက္အခဲျဖစ္ေနတာေၾကာင့္ ေရေၾကာင္းခရီးကို လံုး၀ပိတ္ပင္တာမ်ိဳးမဟုတ္ဘဲ စစ္ေဆးၿပီး ခြင့္ျပဳသင့္တယ္လို႔ ေရြျပည္တန္ အျမန္ယာဥ္ မန္ေနဂ်ာ ဦး စံေမာ္သိန္းကေျပာပါတယ္။
“ က်ေနာ္တို႔ကေတာ့ စစ္ေဆးမယ္ဆိုရင္လည္း အဲလို စစ္ေဆးၿပီးေတာ့ လြတ္ေပးတာတို႔ ဘာတို႔ေပါ့ေနာ္၊ အဲလိုမ်ိုးကေတာ့ ပိုေကာင္းမယ္လို႔ ယူဆပါတယ္၊ ပိတ္တဲ့အခါက်ေတာ့ တခ်ိဳ႕ခရီးသြားေတြက ဘာပဲ ျဖစ္ျဖစ္ က်ေနာ္တို႔နဲ႔ ဆိုေတာ့ ေစ်းသက္သက္သာ သာက် တာေပါ့ေနာ္၊ တျခားဟာေတြကေတာ့ ေစ်းျမင့္ပါတယ္။ အဲေတာ့ ကုန္က်မွုပိုမ်ားတာေပါ့၊ စစ္ေဆးစရာရွိတာ စစ္ေဆးၿပီးေတာ့ ခရီးသည္ကို စစ္မယ္ဆိုလည္းစစ္ ၿပီးေတာ့ လြတ္ေပး မယ္ဆိုရင္ေတာ့ ပိုေကာင္းမယ္လို႔ ယူဆပါတယ္။”
စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္က စစ္ေတြ ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး စတဲ့ ၿမို႕နယ္ေတြမွာရခိုင္လက္နက္ကိုင္AAအဖြဲ႔နဲ႔ စစ္ေကာင္စီၾကားအျပန္အလွန္းဖမ္းဆီးမွုေတြအတြင္း ေဒသခံေတြဖမ္းဆီးခံထားရတာ ၃၀ေက်ာ္ရွိတယ္လို႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က ထုတ္ျပန္ထားတာလည္းျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္တိုင္းလိုလိုမွာ ခရီသြားလာသူေတြကို စစ္ေကာင္စီက လံုၿခံုေရး တင္းတင္း ၾကပ္ၾကပ္စစ္ေဆးေနသလို ၿမိဳ ႔ေပၚရပ္ ကြက္ေတြမွာ လည္း ေဒသခံေတြကို မၾကာခဏဆိုသလို ဝင္ေရာက္စစ္ေဆး ဖမ္းဆီးမႈေတြ ရွိေနပါတယ္။
Unicode
ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်နဲ့ AA ကြား အပြန်အလှန်ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် လုံခြုံရေးတင်းကျပ်ထားသလို စစ်တွေကနေ ရေကြောင်းခရီး သွားလာနေတဲ့ ရေယာဉ်တွေကို စစ်ကောင်စီက ပိတ်ထားပါတယ်။ ရေကြောင်းခရီးကို အဓိကထား သွားလာနေရတဲ့ စစ်တွေမြို့နယ်မှာအခုလို ရေယာဉ်တွေဝင်ထွက်သွားလာမှုကို ပိတ်ထားတာကြောင့် ခရီးသည်တွေနဲ့ ရေလုပ်ငန်းလုပ် ကိုင်သူတွေ အခက်ကြုံရပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို နန်းလောဝ် တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ပြေးဆွဲနေတဲ့ ရေယာဉ်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့ ကတည်းက စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ စစ်တွေကနေ ရခိုင်ပြည်နယ် မြို့နယ်အများစုကို ပြေးဆွဲနေတဲ့ ရွေပြည်တန်အမြန်ယာဉ်က မန်နေဂျာ ဦးစံမော်သိန်းက ပြောပါတယ်။
“ ကျနော်တို့က ဆတ်ရိုးကျ ချောင်းထဲကနေ သင်္ဘောတွေ အမြန်ယာဉ်တွေ ထွက်ပါတယ်၊ ထွက်တော့ ၂၄ရက်နေ့က ဆတ်ရိုးကျ အဝချောင်းထဲမှာပဲဌာန ပေါင်းစုံက စစ်ဆေးရေး ဂိတ်တခုရှိပါတယ်၊ အဲဒီဂိတ်ကနေ ကျနော်တို့က ဆတ်ရိုးကျ ချောင်းထဲကနေသင်္ဘောတွေ အပြင်ကို ပေးမထွက်တော့ဘူးလို့ လှမ်းအကြောင်းကြားလာပါတယ်။ အဲဒီကတည်းက ကျနော်တို့ ရပ်လိုက်တာပါ။”
ကန်းရိုးတန်းဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ တမြို့နဲ့ တမြို့နဲ့ ခရီးသွားလာမယ်ဆိုရင် ရေလမ်းကြောင်းကို အဓိကထားသွားလာနေရတာလည်းဖြစ်ပါတယ်။ မြေပုံမြို့နယ်ကနေ စစ်တွေမြို့ကို ဆေးခန်းလာပြနေရတဲ့ ခရီးသည်တဦးကလည်း အခုလို ရေးကြောင်း လမ်းခရီးပိတ်လိုက်တာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။
“ အခက်အခဲတွေတော့ရှိတယ်။ ကြာသပတေးနေ့ကတည်းက ထွက်လာတာဆိုတော့။ ဒီရောက်တာ လေး၊ ငါးရက်လောက်ရှိနေပြီ။ အခက်အခဲတွေ အများကြီးရှိတယ်။ မြို့ပေါ်မှာလည်း ဟိုမသွားရဒီမသွားရနဲ့ လှေလည်း ပြန်မထွက်တော့ ပြန်ဖို့အဆင်မပြေဘူး။ ဘာလို့ မထွက်ရလဲတော့ အတိအကျမသိဘူ။း သူတို့က မထွက်ရဘူးဆိုတော့ မသွားရဘူးပေါ့။”
ဒါအပြင့် စစ်တွေမြို့အနီးမှာ တပိုင်တနိုင်လုပ်ကိုင်နေကြတဲ့ ကူးတို့ လှေသမားတွေလည်း လှေမထွက်ရတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ လှေသမားတဦးကပြောပါတယ်။
“ ဆတ်ရိုးကျ ချောင်းထဲမှာ လှေသမားတွေ ထွက်လို့ရှိရင် ခေါ်ပြီးတော့ စစ်တယ်၊ အပြင်ပေး မထွက်ဘူ။း အဝင်လည်း ဝင်လို့မရဘူး၊ လှေကတော့ ၃၀လောက် ရှိမယ်ထင်တယ်။ လှေမထွက်ရင် ကျနော်တို့က စားရသောက်ရတာလည်းအဆင်မပြေဘူး၊ မိသားစု သုံးရ စွဲရတာ လည်း အဆင်မပြေဘူး၊ အခုက ကိုယ့်လှေမှာကို အိပ်တဲ့ သူကအိပ် သူတို့က အထဲကို ပေးမဝင်တော့လေ။”
လက်ရှိမှာတော့ ရေကြောင်း ခရီးသွားလာမှုကို ကန့်သတ်ထားတာကြောင့် ခရီးသည်တွေအတွက် အခက်အခဲ ဖြစ်သလို ကုန်စည်စီးဆင်းမှုတွေပါ ရပ်ဆိုင်းနေပါတယ်။ လှေလုပ်သားတွေ အတွက်ပါ အခက်အခဲဖြစ်နေတာကြောင့် ရေကြောင်းခရီးကို လုံးဝပိတ်ပင်တာမျိုးမဟုတ်ဘဲ စစ်ဆေးပြီး ခွင့်ပြုသင့်တယ်လို့ ရွေပြည်တန် အမြန်ယာဉ် မန်နေဂျာ ဦး စံမော်သိန်းကပြောပါတယ်။
“ ကျနော်တို့ကတော့ စစ်ဆေးမယ်ဆိုရင်လည်း အဲလို စစ်ဆေးပြီးတော့ လွတ်ပေးတာတို့ ဘာတို့ပေါ့နော်၊ အဲလိုမျိုးကတော့ ပိုကောင်းမယ်လို့ ယူဆပါတယ်၊ ပိတ်တဲ့အခါကျတော့ တချို့ခရီးသွားတွေက ဘာပဲ ဖြစ်ဖြစ် ကျနော်တို့နဲ့ ဆိုတော့ ဈေးသက်သက်သာ သာကျ တာပေါ့နော်၊ တခြားဟာတွေကတော့ ဈေးမြင့်ပါတယ်။ အဲတော့ ကုန်ကျမှုပိုများတာပေါ့၊ စစ်ဆေးစရာရှိတာ စစ်ဆေးပြီးတော့ ခရီးသည်ကို စစ်မယ်ဆိုလည်းစစ် ပြီးတော့ လွတ်ပေး မယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ ယူဆပါတယ်။”
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်က စစ်တွေ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့ မြို့နယ်တွေမှာရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ စစ်ကောင်စီကြားအပြန်အလှန်းဖမ်းဆီးမှုတွေအတွင်း ဒေသခံတွေဖမ်းဆီးခံထားရတာ ၃၀ကျော်ရှိတယ်လို့ ရခိုင်လက်နက်ကိုင် AAအဖွဲ့က ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ရခိုင်မြောက်ပိုင်းက မြို့နယ်တိုင်းလိုလိုမှာ ခရီသွားလာသူတွေကို စစ်ကောင်စီက လုံခြုံရေး တင်းတင်း ကြပ်ကြပ်စစ်ဆေးနေသလို မြို့ပေါ်ရပ် ကွက်တွေမှာ လည်း ဒေသခံတွေကို မကြာခဏဆိုသလို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ရှိနေပါတယ်။