သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံတားကိုသင်္ဘောဝင်တိုက်မှု ဆက်လက်စုံစမ်း


Maryland ပြည်နယ် Baltimore မြို့က အရေးပါတဲ့ Francis Scott Key မြစ်ဖြတ်တံတားကြီး ကျိုးကျခဲ့စဉ် (မတ် ၂၆၊ ၂၀၂၄)
Maryland ပြည်နယ် Baltimore မြို့က အရေးပါတဲ့ Francis Scott Key မြစ်ဖြတ်တံတားကြီး ကျိုးကျခဲ့စဉ် (မတ် ၂၆၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ် Baltimore မြို့က အရေးပါတဲ့ Francis Scott Key မြစ်ဖြတ်တံတားကြီး ကျိုးကျမှုမှာ ပျောက်ဆုံးနေသူ ၆ ယောက်သေဆုံးသွားပြီလို့ သတ်မှတ်ပြီး ရှာဖွေကယ်ဆယ်ရေးတွေကို ဒီနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ရပ်နားလိုက်ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးကနေ အလောင်းရှာဖွေရေးအဖြစ် ပြောင်းလဲလုပ်ဆောင်မှာဖြစ်တယ်လို့ Maryland ပြည်နယ်ရဲဌာနမှူးက အင်္ဂါနေ့ညက ပြောကြားခဲ့ပါတယ်။ ရေငုပ်သမားတွေဟာ ဒီနေ့မနက် ၆ နာရီထဲကစပြီး ရှာဖွေရေးလုပ်နေကြပါတယ်။

တံတားကြီးရဲ့ ထောက်တိုင်တခုကို ကုန်တင်သင်္ဘောကြီးဝင်တိုက်ခဲ့ပြီး တံတားပြိုလဲကျိုးကျချိန် တံတားပေါ်မှာ ပြုပြင်ထိန်းသိမ်းရေးလုပ်သူ ၈ ယောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ၂ ယောက်ကိုတော့ နာရီပိုင်းအကြာမှာ ရေထဲကနေ ဆယ်ယူကယ်တင်နိုင်ခဲ့ပေမဲ့ ကျန် ၆ ယောက်က ပျောက်ဆုံးနေတာဖြစ်ပါတယ်။ စင်္ကာပူအလံတင် ပေ ၉၈၀ ကျော်ရှိတဲ့ ကုန်တင်သင်္ဘောကြီးဟာ တံတားကို ဝင်မတိုက်ခင် အရေးပေါ်အကူအညီလိုအပ်နေကြောင်း Mayday လို့ပြောပြီး အကူအညီတောင်းခံခဲ့တယ်လို့ Maryland ပြည်နယ်အုပ်ချုပ်ရေးမှူး Wes Moore ကပြောပါတယ်။

Dali အမည်ရှိ ကုန်တင်သင်္ဘောပေါ်က သင်္ဘောသားတွေကလဲ ကျောက်ဆူးချပြီး တံတားကြီးကို ဝင်မတိုက်မိအောင် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကုန်အပြည့်နဲ့သင်္ဘောကြီးဟာ အရှိန်မထိန်းနိုင်ဘဲ Francis Scott Key တံတားကြီးကို ထောက်ထားတဲ့ အဓိကထောက်တိုင်ကြီး ၂ ခုထဲက ၁ ခုကို ဝင်တိုက်ခဲ့လို့ တံတားကြီး ပြိုလဲကျိုးကျသွားခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး Moore ကပြောပါတယ်။ သင်္ဘောမောင်းနှင်မှုမှတ်တမ်းတင်ထားတဲ့စက်ကို ရှာဖွေတွေ့ရှိထားပြီလို့ အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာဘုတ်အဖွဲ့က ပြောပါတယ်။ တံတားကြီးကို ဝင်မတိုက်ခင် သင်္ဘောပေါ်မှာ မီးပြတ်သွားတာ ဘာကြောင့်လဲဆိုတာ စုံစမ်းသိရှိနိုင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တံတားကိုသင်္ဘောဝင်တိုက်မှု ဆက်လက်စုံစမ်း
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG