သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ နိုင်ငံအရေး သီးသန့်ဆွေးနွေး


(Zawgyi/Unicode)

မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သီးခြား တွေ့ဆုံပြီး နှစ်နိုင်ငံနားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ “ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး” ၊ “အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေး” နဲ့ “သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး” ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ ၃ ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပတဲ့ အာဆီယံ-ကိုရီးယားဆွေးနွေး ဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် ညီလာခံ ဘေးပန်းမှာ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae -in တို့ ဒီကနေ့ သေီးသန့်တွေ့ဆုံခဲ့ကြပြီး နားလည်မှုစာချွန်လွှာတွေကို ခုလို လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။

မြန်မာ-ကိုရီးယား ၂ နိုင်ငံတွေ့ဆုံပွဲမှာတော့ သမ္မတ မွန်းဂျေးအင်းက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာတဲ့အပေါ် အလွန် တန်ဖိုးထားပါ ကြောင်းနဲ့ ဒီထက်မက ရှေ့ဆက်တိုးတက်ဖို့ သူ့ရဲ့မျှော်လင့်ချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို စက်တင်ဘာလက လာရောက်ခဲ့တဲ့ ကိုရီးယားသမ္မတရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား သဘောတူညီခဲ့တဲ့ကိစ္စရပ်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုတွေရရှိခဲ့တဲ့အပေါ်မှာ နှစ်တောင်းအားရဖြစ်ရကြောင်း တောင်ကိုရီးယားသမ္မတက အလေးပေး ပြောဆိုသွားပါတယ်။

ဒါ့အပြင် ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာ၀ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံတွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ တိုးမြှင့်သွားရေး၊ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံမှု ပိုမို တိုးတက်ရေးကိစ္စတွေကိုလည်း ဒီ သီးသန့်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG