သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေခါင္းေဆာင္ေတြကို တရားစြဲထားတဲ့ကိစၥ အာဂ်င္တီးနားတရား႐ုံး လက္ခံမလား


ျမန္မာစစ္ဖက္နဲ႔ အရပ္ဖက္ ထိပ္တန္းေခါင္းေဆာင္ တဒါဇင္ကို ရာဇ၀တ္က်ဴးလြန္မႈေတြနဲ႔ ႏိုင္ငံတကာဥပေဒအရ စဲြထားတဲ့အမႈကို အာဂ်င္တီးနား ျပည္ေထာင္စုတရားရံုးက လက္ခံ ဖို႔နီးစပ္ေနၿပီလို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ ရိုဟင္ဂ်ာမ်ားအသင္း ဥကၠဌ ဦးထြန္းခင္က ဗီြအိုေအ ကိုေျပာပါတယ္။

Zawgyi/ Unicode
ျမန္မာစစ္ဖက္နဲ႔ အရပ္ဖက္ ထိပ္တန္းေခါင္းေဆာင္ တဒါဇင္ကို ရာဇ၀တ္က်ဴးလြန္မႈေတြနဲ႔ ႏိုင္ငံတကာဥပေဒအရ စဲြထားတဲ့အမႈကို အာဂ်င္တီးနား ျပည္ေထာင္စုတရားရံုးက လက္ခံ ဖို႔နီးစပ္ေနၿပီလို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ ရိုဟင္ဂ်ာမ်ားအသင္း ဥကၠဌ ဦးထြန္းခင္က ဗီြအိုေအ ကိုေျပာပါတယ္။

ICC နိုင္ငံတကာရာဇ၀တ္ခံုရံုးက ရိုဟင္ဂ်ာေတြ အတင္းအက်ပ္ေမာင္းထုတ္ခံရမႈကို စံုစမ္းစစ္ေဆးမယ့္ ကိစၥနဲ႔ အခု အာဂ်င္တီးနားတရားရံုးခ်ဳပ္က ကိုင္တြယ္မယ့္ျမန္မာကိစၥ တူညီမႈရွိမရွိ ေသခ်ာေအာင္ စံုစမ္းေနေၾကာင္း အာဂ်င္တီးနားအစိုးရ ေရွ႕ေနေတြက အေၾကာင္းၾကားခဲ့တယ္လို႔ ဦးထြန္းခင္က ေျပာပါတယ္။ ဒီလို အာဂ်င္တီးနားဘက္က ေရွ႕ဆက္ေဆာင္ရြက္လာတာဟာ သူတို႔စဲြထားတဲ့အမႈကိုလက္ခံမယ့္ အေျခအေနလို႔ ျမင္ေၾကာင္း ဦးထြန္းခင္က ဆိုပါတယ္။

ဦးထြန္းခင္ ကိုယ္တိုင္လည္း အာဂ်င္တီးနီးႏိုင္ငံကိုသြားၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအဝင္ စစ္ဖက္၊ အရပ္ဖက္ ေခါင္းေဆာင္ အမ်ားအျပားကို ႐ိုဟင္ဂ်ာ မူစလင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ စစ္ရာဇ၀တ္က်ဴးလြန္မႈ၊ လူသားထုအေပၚ ရာဇ၀တ္က်ဴးလြန္မႈ စတဲ့ စဲြခ်က္သံုးခ်က္နဲ႔ ၂၀၁၉ ခုနွစ္ ႏို၀င္ဘာလ ၁၃ ရက္ေန႔က အျခားလူ႔အခြင့္အေရးအဖဲြ႕ေတြနဲ႔အတူ အာဂ်င္တီးနားဗဟိုတရားရံုးမွာ “Universal Jurisdiction” ႏိုင္ငံတကာဥပေဒခ်ဳိးေဖာက္မႈ မွန္သမွ် ကမၻာ့ေနရာတိုင္းမွာ စံုစမ္း စီရင္ပိုင္ခြင့္ နဲ႔ အမႈတင္သြင္းခဲ့တာျဖစ္ပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံသလို အာဂ်င္တီးနား တရားရံုးအမႈကို တုန္႔ျပန္ေခ်ပစရာ အေၾကာင္းမရွိဘူးလို႔ ေျပာဆိုထားပါတယ္။

ေျခာက္လအတြင္း အာဂ်င္တီးနားတရားရံုးခ်ဳပ္ဘက္က ျမန္မာအမႈကို ေရွ႕ဆက္ေဆာင္ရြက္လာတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ျမန္မာ ရိုဟင္ဂ်ာမ်ားအသင္း ဥကၠဌ ဦးထြန္းခင္ကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
---------------------

မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့ကိစ္စ အာဂျင်တီးနားတရားရုံး လက်ခံမလား (Skype ဆက်သွယ်မေးမြန်းခန်း)

မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ထိပ်တန်းခေါင်းဆောင် တဒါဇင်ကျော်ကို ရာဇဝတ်ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာဥပဒေအရ စွဲထားတဲ့အမှုကို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးက လက်ခံ ဖို့နီးစပ်နေပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေ ကိုပြောပါတယ်။

ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက ရိုဟင်ဂျာတွေ အတင်းအကျပ်မောင်းထုတ်ခံရမှုကို စုံစမ်းစစ်ဆေးမယ့် ကိစ္စနဲ့ အခု အာဂျင်တီးနားတရားရုံးချုပ်က ကိုင်တွယ်မယ့်မြန်မာကိစ္စ တူညီမှုရှိမရှိ သေချာအောင် စုံစမ်းနေကြောင်း အာဂျင်တီးနားအစိုးရ ရှေ့နေတွေက အကြောင်းကြားခဲ့တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။ ဒီလို အာဂျင်တီးနားဘက်က ရှေ့ဆက်ဆောင်ရွက်လာတာဟာ သူတို့စွဲထားတဲ့အမှုကိုလက်ခံမယ့် အခြေအနေလို့ မြင်ကြောင်း ဦးထွန်းခင်က ဆိုပါတယ်။

ဦးထွန်းခင် ကိုယ်တိုင်လည်း အာဂျင်တီးနီးနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဖက်၊ အရပ်ဖက် ခေါင်းဆောင် အများအပြားကို ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု စတဲ့ စွဲချက်သုံးချက်နဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အခြားလူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ အာဂျင်တီးနားဗဟိုတရားရုံးမှာ “Universal Jurisdiction” နိုင်ငံတကာဥပဒေချိုးဖောက်မှု မှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် နဲ့ အမှုတင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို အာဂျင်တီးနား တရားရုံးအမှုကို တုန့်ပြန်ချေပစရာ အကြောင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။

ခြောက်လအတွင်း အာဂျင်တီးနားတရားရုံးချုပ်ဘက်က မြန်မာအမှုကို ရှေ့ဆက်ဆောင်ရွက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG