သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးစက္မႈျမန္ေနတဲ့ ရခိုင္မွာ အင္တာနက္လိုင္းေတြ ခ်က္ျခင္းျပန္ဖြင့္ဖို႔လိုအပ္ (အလိုေတာ္ျပည့္ဆရာေတာ္ လက္ေထာက္)


ရခိုင္ျပည္နယ္မွာ ျပည္သူေတြကို အခ်ိန္နဲ႔တေျပးညီ ေရာဂါကာကြယ္ေရးအခ်က္အလက္ေတြသိရဖို႔ ပိတ္ထားတဲ့ အင္တာနက္လိုင္းေတြျပန္ဖြင့္ေပးဖို႔ အလိုေတာ္ျပည့္ဆရာေတာ္ႀကီးရဲ႕လက္ေထာက္ အသွ်င္ကုမာရ က အစိုးရတာဝန္ရွိသူေတြကို တိုက္တြန္းလိုက္ပါတယ္။

COVID-19 ကပ္ေရာဂါကူးစက္မႈႏႈန္းျမန္ဆန္ၿပီး အႏၱရာယ္ႀကီးလာေနတဲ့ ရခိုင္ျပည္နယ္မွာ ျပည္သူေတြကို အခ်ိန္နဲ႔တေျပးညီ ေရာဂါကာကြယ္ေရးအခ်က္အလက္ေတြသိရဖို႔ ပိတ္ထားတဲ့ အင္တာနက္လိုင္းေတြျပန္ဖြင့္ေပးဖို႔ အလို္ေတာ္ျပည့္ဆရာေတာ္ႀကီးရဲ႕လက္ေထာက္ အသွ်င္ကုမာရ က အစိုးရတာ၀န္ရွိသူေတြကို တိုက္တြန္းလိုက္ပါတယ္။
စစ္ေတြအပါအ၀င္ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္အတြက္ ေရာဂါကာကြယ္ေရး ပိုးသတ္ေဆးရည္ေတြ၊ လက္ေဆးရည္ေတြ၊ ႏွာေခါင္းစည္းေတြ၊ အပူခ်ိန္တိုင္း ကိရိယာေတြကို အလိုေတာ္ျပည့္ပးပို႔ လွဴဒါန္းရာမွာ လမ္းခရီး အခက္အခဲ ေတြ႔ႀကံဳေနရတယ္လို႔လည္း အသွ်င္ကုမာရ က ဗီြအိုေအကို မိန္႔ၾကားပါတယ္။
ရခိုင္ျပည္နယ္မွာ စစ္ေဘးဒုကၡ သာမက လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အေျခအေနဆိုးရြားလာေနတာေတြနဲ႔ပတ္သက္လို႔ မအင္ၾကင္းႏိုင္က ဆရာေတာ္ အသွ်င္ကုမာရ ကို Skype ကေန ဆက္သြယ္ေမးျမန္းေလွ်ာက္ထားတာကို ၾကည့္ရွဳႏိုင္ပါၿပီ။
=============

COVID-19 ကူးစက်မှုမြန်နေတဲ့ ရခိုင်မှာ အင်တာနက်လိုင်းတွေ ချက်ခြင်းပြန်ဖွင့်ဖို့လိုအပ် (အလိုတော်ပြည့်ဆရာတော် လက်ထောက်)

COVID-19 ကပ်ရောဂါကူးစက်မှုနှုန်းမြန်ဆန်ပြီး အန္တရာယ်ကြီးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေကို အချိန်နဲ့တပြေးညီ ရောဂါကာကွယ်ရေးအချက်အလက်တွေသိရဖို့ ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးဖို့ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့လက်ထောက် အသျှင်ကုမာရ က အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။
စစ်တွေအပါအဝင် မြို့နယ် ၁၀ မြို့နယ်အတွက် ရောဂါကာကွယ်ရေး ပိုးသတ်ဆေးရည်တွေ၊ လက်ဆေးရည်တွေ၊ နှာခေါင်းစည်းတွေ၊ အပူချိန်တိုင်း ကိရိယာတွေကို အလိုတော်ပြည့်ပးပို့ လှူဒါန်းရာမှာ လမ်းခရီး အခက်အခဲ တွေ့ကြုံနေရတယ်လို့လည်း အသျှင်ကုမာရ က ဗွီအိုအေကို မိန့်ကြားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခ သာမက လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေဆိုးရွားလာနေတာတွေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က ဆရာတော် အသျှင်ကုမာရ ကို Skype ကနေ ဆက်သွယ်မေးမြန်းလျှောက်ထားတာကို ကြည့်ရှုနိုင်ပါပြီ။
XS
SM
MD
LG