သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလပ္စတစ္အမႈိက္ျပႆနာ ေလ်ာ့ခ်ေရး ႀကိဳးပမ္းေနတဲ့ သန္လ်င္သဘာ၀ဆရာေတာ္


ျမန္မာႏိုင္ငံမွာ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအတြက္ အမႈိက္ ေလ်ာ့ခ်ဖို႔၊ အထူးသျဖင့္ ကြ်တ္ကြ်တ္အိတ္နဲ႔ ပလပ္စတစ္သုံးစြဲတာေတြ ေလ်ာ့ခ်ဖို႔၊ စြန႔္ပစ္ ပိုလွ်ံပစၥည္းေတြကို အက်ိဳးရွိေအာင္ ျပန္လည္အသုံးခ်ဖို႔ စတဲ့ recycle စနစ္ကို သန္လ်င္သဘာ၀ တရား ရိပ္သာ ဆရာေတာ္ ဦးေဆာင္ၿပီး က်င့္သံုးေဆာင္ရြက္ေနပါတယ္။

ျမန္မာႏိုင္ငံမွာ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအတြက္ အမႈိက္ ေလ်ာ့ခ်ဖို႔၊ အထူးသျဖင့္ ကြ်တ္ကြ်တ္အိတ္နဲ႔ ပလပ္စတစ္သုံးစြဲတာေတြ ေလ်ာ့ခ်ဖို႔၊ စြန႔္ပစ္ ပိုလွ်ံပစၥည္းေတြကို အက်ိဳးရွိေအာင္ ျပန္လည္အသုံးခ်ဖို႔ စတဲ့ recycle စနစ္ကို သန္လ်င္သဘာ၀ တရား ရိပ္သာ ဆရာေတာ္ အရွင္ဥတၱမသာရ ဦးေဆာင္ၿပီး က်င့္သံုးေဆာင္ရြက္ေနပါတယ္။
စြန႔္ပစ္ ေရသန႔္ဘူးခြံေတြကို သင့္ေတာ္တဲ့ေနရာမွာ ႏွစ္ပိုင္း ပိုင္းၿပီးေအာက္ေျခကို ဟင္းထည့္တဲ့ခြက္၊ အေပၚပိုင္းကို အဖုံး အေနနဲ႔ ဆြမ္းဟင္းဘူးေတြအျဖစ္ ေျပာင္းလဲအသံုးခ်တဲ့ နည္းလမ္းအျပင္၊ ကြ်တ္ကြ်တ္အိတ္နဲ႔ ပလတ္စတစ္အိတ္ေတြကို လႊင့္ပစ္မယ့္အစား ကားတာရာထဲထည့္ၿပီး လမ္းခင္းတာ၊ တရားထိုင္ခံုေတြအျဖစ္ ေျပာင္းလဲအသံုးခ်တာမ်ဳိး ဆရာေတာ္လမ္းညြန္ခ်က္နဲ႔ သန္လ်င္သဘာ၀တရားရိပ္သာမွာ သီလရွင္ေတြ၊ ေယာဂီေတြ၀ိုင္း၀န္း ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္။
COVID-19 ကမၻာ့ကပ္ေရာဂါရင္ဆိုင္ေနရတဲ့ ကာလ ေရာဂါကာကြယ္ေရးနဲ႔အတူ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး ေဆာင္ရြက္ေနပံုေတြကို မအင္ၾကင္းႏိုင္က သဘာ၀ ဆရာေတာ္ အရွင္ဥတၱမသာရ ကို Skype ကေန ဆက္သြယ္ေမးျမန္းေလွ်ာက္ထားတာကို ၾကည့္ရွဳႏိုင္ပါၿပီ။
-------------------------

ပလပ်စတစ်အမှိုက်ပြဿနာ လျော့ချရေး ကြိုးပမ်းနေတဲ့ သန်လျင်သဘာဝဆရာတော်

မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမှိုက် လျော့ချဖို့၊ အထူးသဖြင့် ကျွတ်ကျွတ်အိတ်နဲ့ ပလပ်စတစ်သုံးစွဲတာတွေ လျော့ချဖို့၊ စွန့်ပစ် ပိုလျှံပစ္စည်းတွေကို အကျိုးရှိအောင် ပြန်လည်အသုံးချဖို့ စတဲ့ recycle စနစ်ကို သန်လျင်သဘာ၀ တရား ရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ ဦးဆောင်ပြီး ကျင့်သုံးဆောင်ရွက်နေပါတယ်။
စွန့်ပစ် ရေသန့်ဘူးခွံတွေကို သင့်တော်တဲ့နေရာမှာ နှစ်ပိုင်း ပိုင်းပြီးအောက်ခြေကို ဟင်းထည့်တဲ့ခွက်၊ အပေါ်ပိုင်းကို အဖုံး အနေနဲ့ ဆွမ်းဟင်းဘူးတွေအဖြစ် ပြောင်းလဲအသုံးချတဲ့ နည်းလမ်းအပြင်၊ ကျွတ်ကျွတ်အိတ်နဲ့ ပလတ်စတစ်အိတ်တွေကို လွှင့်ပစ်မယ့်အစား ကားတာရာထဲထည့်ပြီး လမ်းခင်းတာ၊ တရားထိုင်ခုံတွေအဖြစ် ပြောင်းလဲအသုံးချတာမျိုး ဆရာတော်လမ်းညွန်ချက်နဲ့ သန်လျင်သဘာဝတရားရိပ်သာမှာ သီလရှင်တွေ၊ ယောဂီတွေဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါရင်ဆိုင်နေရတဲ့ ကာလ ရောဂါကာကွယ်ရေးနဲ့အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေပုံတွေကို မအင်ကြင်းနိုင်က သဘာ၀ ဆရာတော် အရှင်ဥတ္တမသာရ ကို Skype ကနေ ဆက်သွယ်မေးမြန်းလျှောက်ထားတာကို ကြည့်ရှုနိုင်ပါပြီ။
XS
SM
MD
LG