သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden လူ့အခွင့်အရေးအဖွဲ့နဲ့ တွေ့ခွင့်ပြုမှု ရုရှားကိုအမေရိကန်အပြစ်တင်


အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း Snowden ကိစ္စ ပြောကြားနေစဉ်။ (ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၃)။
အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း Snowden ကိစ္စ ပြောကြားနေစဉ်။ (ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၃)။
ရုရှားနိုင်ငံ မော်စကိုလေဆိပ်ထဲမှာ ပိတ်မိနေတဲ့ အမေရိကန်ထောက်လှမ်းရေး ဌာန ဝန်ထမ်းဟောင်း Edward Snowden ကို လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ တွေ့ဆုံခွင့် ပြုလိုက်တဲ့အတွက် ရုရှားနိုင်ငံကို အမေရိကန်အစိုးရ က ပြစ်တင် ဝေဖန်လိုက်ပါတယ်။ စနိုဒန်ဟာ မော်စကိုလေဆိပ်ထဲမှာ သီတင်း ၃ ပတ်နီးပါး ပိတ်မိနေတာ ဖြစ်ပါတယ်။

စနိုဒန် ဝါဒဖြန့်ချိခွင့်ရအောင် ရုရှားအစိုးရ စင်တင်ပေးလိုက်တဲ့ အဲဒီလုပ်ရပ်ဟာ ဒီကိစ္စမှာ ဘက်မလိုက်ပါဘူးလို့ ရုရှားအစိုးရရဲ့ ပြောဆိုမှုတွေနဲ့ ဖီလာ ဆန့်ကျင်နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jay Carney က သောကြာနေ့မှာ ပြောလိုက်တာပါ။

အမေရိကန် ထောက်လှမ်းရေးဌာနအနေနဲ့ လျှို့ဝှက် သတင်းတွေ စုဆောင်းနေလို့ ဖွင့်ချပြခဲ့တဲ့ စနိုဒန်ဟာ သူ့ကို ခိုလှုံခွင့်ပေးမယ်လို့ ကတိပြုထားတဲ့ လက်တင်အမေရိက ၃ နိုင်ငံကို ခရီးထွက်ခွင့်ရတဲ့အထိ ရုရှားနိုင်ငံမှာ ယာယီခိုလှုံခွင့်ရဖို့ လျှောက်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ NSA က လျှို့ဝှက်သတင်းတွေ စုဆောင်းနေတဲ့အကြောင်း ထုတ်ဖော် ပြောဆိုခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုက စနိုဒန်ကို ရုံးတင် စစ်ဆေးလိုနေတာ ဖြစ်ပါတယ်။

စနိုဒန်ဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ရုရှားရှေ့နေတွေနဲ့ မော်စကိုမြို့ Sheremetyevo လေဆိပ်မှာ သောကြာနေ့က တွေ့ဆုံခဲ့တာပါ။ လက်တင် အမေရိကနိုင်ငံတွေကို လုံခြုံစိတ်ချစွာ မသွားနိုင်ခင် သူ့အနေနဲ့ ရုရှားနိုင်ငံမှာ ယာယီ နေထိုင်လိုတဲ့အကြောင်း စနိုဒန်က ပြောခဲ့တယ်လို့ လျှို့ဝှက်သတင်းတွေ အင်တာနက်မှာ ဖွင့်ချပြလေ့ရှိတဲ့ WikiLeaks အဖွဲ့က အင်တာနက် ဝက်ဘ်ဆိုက်မှာ နောက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG