သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ဖွင့်ချမှု နိုင်ငံတကာ ထောက်လှမ်းရေးကို ထိခိုက်နိုင်


(အမေရိကန်ထောက်လှမ်းရေး ဝန်ထမ်းဟောင်း Edward Snowden )
အမေရိကန်အစိုးရနဲ့ လျို့ဝှက် ပူးပေါင်းဆောင်ရွက်ကြ တဲ့ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ လျို့ဝှက်ချက်တွေကိုပါ NSA အမေရိကန်ထောက်လှမ်းရေး ဝန်ထမ်းဟောင်း Edward Snowden က ထုတ်ဖေါ်ပြောကြားနိုင်ချေ ရှိကြောင်း အမေရိကန်အရာရှိတွေက သတိပေးနေတယ်လို့ Washington Post သတင်းစာက ပြောကြားလိုက်ပါတယ်။

စနိုဒန်ခိုးထုတ်သွားတဲ့ သိန်းသန်းချီတဲ့ စာရွက်စာတမ်းတွေထဲမှာ ဒီအဖွဲ့တွေက အီရန်၊ ရုရှားနဲ့ တရုတ်နိုင်ငံဆိုင်ရာ အချက်အလက်ရယူတဲ့ အစီအစဉ်တွေပါတဲ့ စာရွက်စာတမ်းပေါင်းများစွာပါဝင်နေတယ်လို့ နာမည်ကြီး အမေရိကန်သတင်းစာမှာ ဖေါ်ပြလိုက်တာပါ။

ဒီအထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်ဖြစ်ကြောင်း လူသိရှင်ကြားကြွေးကျော် မထားတဲ့နိုင်ငံတွေ ပါဝင်ပါတ်သက်နေတဲ့ စစ်ဆင်ရေးတွေကို ဖေါ်ပြထားတဲ့ စာရွက်စာတမ်းတွေလည်း ပါနေတယ်လို့ဆိုပါတယ်။

ဒါတွေဟာ အစိုးရတရပ်မသိအောင် နောက်အစိုးရတရပ်က ပူးပေါင်းဆောင်ရွက်နေမှုတွေကိုပါ ဖေါ်ထုတ်လာနိုင်တာမို့ နိုင်ငံ့ တာဝန်ရှိသူတွေအနေနဲ့ အတော့်ကို အန္တရာယ်ရှိတယ် လို့လည်း ဖေါ်ပြထားတာပါ။

ဂျာမဏီဝန်ကြီးချုပ် Angela Merkel အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံက ခေါင်းဆောင်တွေရဲ့ တယ်လီဖုန်းပြောကြားချက်တွေကို အမေရိကန်အစိုးရက ခိုးယူနားထောင်တယ်ဆိုတဲ့ သတင်းအတွက် ကမ္ဘာတဝှမ်း ပြောဆိုဝေဖန်နေချိန်မှာ အခုလို Washington Post သတင်းစာကြီးက ထုတ်ဖေါ်ပြောဆိုလိုက်တာပါ။
XS
SM
MD
LG