စပိန် နဲ့ ဂျာမနီ အမှတ်ပေးဘောလုံးပွဲတွေကို မနေ့ သောကြာနေ့က စတင်လိုက်ပြီး မနှစ်ကချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေ အဖွင့်ပွဲမှာရလဒ်တွေ မကောင်းခဲ့ပါဘူး။
စပိန်လာလီဂါမှာတော့ ချန်ပီယံဘာစီလိုနာက အက်တလက်တစ်ဘီလ်ဘာအို နဲ့ ကစားခဲ့ပြီး၊ ဘီလ်ဘာအိုက ဘာစီလိုနာကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။ ဘီလ်ဘာအိုအတွက် ၁ လုံးတည်းသော အနိုင်ဂိုးကိုတော့ Aduriz က ပွဲပြီးခါနီးမှာ သွင်းသွားခဲ့တာဖြစ်ပါတယ်။
ဂျာမနီမှာတော့ ချန်ပီယံ ဘိုင်ယန်မြူးနစ် နဲ့ ဟာသာဘာလင်တို့ ကစားခဲ့ကြပြီ၊ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။ ဘိုင်ယန်က Lewandowski က ၂၄ မိနစ်မှာ အဖွင့်ဂိုးသွင်းခဲ့ပေမယ့်၊ ဟာသာဘာလင်ဘက်က Lukebakio နဲ့ Grujic တို့က ၃၆ မိနစ် နဲ့ ၃၈ မိနစ်တွေမှာ ၂ ဂိုး ဆက်တိုက်သွင်းခဲ့လို့ ပထမပိုင်းမှာ ဘိုင်ယန်အသင်း နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဘိုင်ယန်အတွက် ချေပဂိုးကိုတော့ မိနစ် ၆၀ မှာ ပယ်နယ်တီကနေ တဆင့် Lewandowski က သွင်းပေးခဲ့တာဖြစ်ပါတယ်။