သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုချီအိုလံပစ် ဆုရလဒ်များ


ဆောင်းရာသီ အိုလံပစ်သမိုင်းမှာ Slovenia နိုင်ငံက Tina Maze နဲ့ Switzerland နိုင်ငံက Dominique Gisin တို့ Alpine နှင်းလျှောစီးပြိုင်ပွဲအတွက် ပထမဆုံး ပူးတွဲ ရွှေတံဆိပ်ဆု ရသွားကြပါတယ်။ အမျိုးသမီး နှင်းလျှောစီးပြိုင်ပွဲ မှာ သူတို့ ၂ ယောက်လုံး ၁ မိနစ်နဲ့ ၄၁ ဒဿမ ၅၇ စက္ကန့်နဲ့ ပန်းဝင်ခဲ့ကြတာပါ။

Switzerland နိုင်ငံက Lara Gut ကလည်း သူတို့ ၂ ယောက်လို ရွှေတံဆိပ် ပူးတွဲရဖို့မှာ ၁ စက္ကန့်ရဲ့ ဆယ်ပုံ ၁ ပုံပဲ နောက်ကျ ပန်းဝင်ပြီး လွဲသွားခဲ့တာပါ။ နှင်းလျှောစီးပြိုင်ပွဲမှာ ပူးတွဲဆုတံဆိပ်ရခဲ့တာ ၁၉၉၈ ခုနှစ်ကဖြစ်ပေမဲ့ အဲဒီတုန်းက ငွေတံဆိပ်ဆုကို ၃ ယောက်က ပူးတွဲ ရရှိခဲ့ကြတာပါ။

အမေရိကန်က Skater Shani Davis ဟာ အမျိုးသား မီတာ ၁ ထောင်ပြိုင်ပွဲမှာ ၃ ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရဖို့ ဒီကနေ့မှာ ကြိုးစားရပါလိမ့်မယ်။ အမျိုးသမီး halfpipe Snowboarding ပြိုင်ပွဲအတွက်လည်း ဒီကနေ့ ဆုတံဆိပ် ပေးဖို့ရှိပါတယ်။

၂၀၁၀ Vancouver Olympic ပွဲမှာ ရွှေ၊ ငွေနဲ့ ကြေးဆုတံဆိပ်တွေရထားတဲ့ Australia က Torah Bright နဲ့ America က Hannah Teter နဲ့ Kelly Clark တို့ ဒီတခါ ရွှေရဖို့ ပြိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

Figure skating ပြိုင်ပွဲအတွက်လည်း ပြင်သစ်က ပါရီသူ free skate စီးသူတွေက ရွှေရအောင် ကြိုးစားနေကြပါတယ်။ ဆုဇယားမှာ ဂျာမနီက ရွှေတံဆိပ် ၆ ခုနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။
XS
SM
MD
LG