သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုချီအိုလံပစ် ရာသီဥတုကြောင့် အခက်ကြုံ


ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ် အားကစားပွဲစဉ်တွေမှာ ရာသီဥတု ပူနွေးလာတဲ့အတွက် အခက်အခဲ ကြုံနေရပါတယ်။ ဒီသီတင်းပတ်ထဲ ဆက်လက်ပြီး အပူချိန် မြင့်တက်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတွက်လည်း အားကစားပွဲ စီစဉ်သူတွေအတွက် အကြီးအကျယ် စိန်ခေါ်မှုတခု ဖြစ်နေရတာပါ။

အအေးဓာတ် လျော့ပါးလာတဲ့အတွက် နှင်းတွေ ပျော့လာတာ၊ အရည်ပျော်တာတွေကြောင့် ယှဉ်ပြိုင်နိုင်စွမ်း ထိခိုက်မှာကိုလည်း အားကစားသမားတွေ စိုးရိမ်နေကြပါတယ်။ Alpine ရေခဲပြင် စကိတ်စီး လေ့ကျင့်တဲ့ အစီအစဉ်ကိုလည်း အင်္ဂါနေ့က ဖျက်ခဲ့ရသလို၊ Nordic Combined ပွဲစဉ်အတွက်လည်း နှင်းတွေ အရည်ပျော်မယ့် အခြေအနေမျိုးနဲ့ ကြုံနေရတာပါ။

ပိုနွေးလာတဲ့ ရာသီဥတုကြောင့် နှင်းတွေပျော့လာရာက တနင်္လာနေ့ အမျိုးသား ၁၂ ကီလိုမီတာခွဲ biathlon ပွဲမှာလည်း အားကစားသမားတွေ စကိတ်စီးရာမှာ လဲကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆိုချီအိုလံပစ်ပွဲရဲ့ အကြီးအကဲ Dmitry Chernyshenko ကတော့ အရေးပေါ် အစီအစဉ်တွေနဲ့ အစားထိုးရလောက်တဲ့ အခြေအနေမျိုး မရောက်သေးပေမဲ့ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်နိုင်အောင်လည်း အားကစားပွဲ စီစဉ်သူတွေ ပြင်ဆင်ထားတဲ့အကြောင်း အင်္ဂါနေ့ကပဲ ပြောဆိုခဲ့တာပါ။ လက်ရှိ ရာသီဥတု အခြေအနေအရ ဆိုချီအားကစားပွဲတော်ဟာ ဆောင်းရာသီ အိုလံပစ် ရာဇဝင်မှာ အနွေးဆုံးအဖြစ်နဲ့လည်း စံချိန်ချိုးနေပါတယ်။
XS
SM
MD
LG