သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုချီ အိုလံပစ် ဖွင့်ပွဲ


Sochi အိုလံပစ် ဖွင့်ပွဲ အခမ်းအနား ( ဖေဖော်ဝါရီလ ၇၊ ၂၀၁၄)
Sochi အိုလံပစ် ဖွင့်ပွဲ အခမ်းအနား ( ဖေဖော်ဝါရီလ ၇၊ ၂၀၁၄)
ရုရှားနိုင်ငံ ပင်လယ်နက်ဒေသက Sochi အပန်းဖြေမြို့မှာ ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲကို သောကြာနေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ပြိုင်ပွဲတွေလည်းကျင်းပနေပြီဖြစ်ပါတယ်။

ဒီအိုလံပစ်ပွဲဟာ အရင်ဆိုဗီယက်ရုရှားအပေါ် အများရှုမြင်ခဲ့တဲ့ ပုံရိပ်ကို အသွင်သစ်နဲ့ မြင်လာအောင် လုပ်ဆောင်နိုင်မယ်လို့ ပွဲတော်ဖြစ်မြောက်ရေး စီစဉ်သူတွေက မျှော်မှန်းထားတာပါ။

အသစ်ဆောက်လုပ်ထားတဲ့ Fisht အိုလံပစ်အားကစားရုံကြီးဟာ လူပေါင်း ၄ သောင်းဆန့်ပါတယ်။ ဖွင့်ပွဲမှာ ရုရှားတေးဂီတတွေ၊ ဘဲလေးကချေသည်တွေ၊ ဂျွမ်းဘားနဲ့ အာကာသပညာရှင်တွေရဲ့ ပြကွက်တွေလည်း ပါဝင်ပြီး နိုင်ငံပေါင်း ၈၀ ကျော်က အားကစားသမားတွေနဲ့ ပြည့်နေပါတယ်။ အိုလံပစ်မီးရှုးတိုင်ကို ထွန်းညှိပြီး မီးရှုးမီးပန်းတွေနဲ့ ညဘက်ဖွင့်ပွဲ အခန်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပတာပါ။

ကမ္ဘာတလွှားက နိုင်ငံ့ခေါင်းဆောင်ပေါင်း ၄၀ ကျော် တက်ရောက် တဲ့ ဒီအခန်းအနားမှာ ရုရှားသမ္မတ Vladimir Putin နဲ့ အတူ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းတို့လည်း တက်ရောက်တာပါ။ ဒီပွဲကို အမေရိကန်သမ္မတ Barack Obama နဲ့ တခြား ဥရောပ ခေါင်းဆောင်တချို့ကတော့ မတက်ရောက်ခဲ့ကြပါဘူး။

နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဌ Thomas Bach လည်း ကမ္ဘာတဝန်းက အားကစားဝါသနာရှင်တွေနဲ့ အတူ တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG