သောကြာနေ့မှာ စတင်ဖွင့်လှစ်မယ့် ဆောင်းရာသီ Olympic ပွဲနဲ့ပါတ်သက်လို့ လုံခြုံရေးရာ စိုးရိမ်မှုတွေရှိနေချိန်မှာပဲ အားကစားရွာတဝိုက်က လုံခြုံမှုကို Russia တာဝန်ရှိသူတွေက ထပ်ပြီး အာမခံတယ်လို့ အပြည်ပြည်ဆိုင်ရာ Olympic ကော်မတီ IOC ကဒီကနေ့ ပြောကြားလိုက်ပါတယ်၊ ဆောင်းရာသီ Olympic အားကစားပွဲတွေကျင်းပမဲ့ Sochi မြို့ဆီပျံသန်းတဲ့ တချို့လေကြောင်းလိုင်းတွေနဲ့ လေဆိပ်တွေကို ဗုံးလုပ်နိုင်မဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေ ထည့်ထားနိုင်တဲ့ သွားတိုက်ဆေးဗူးတွေ သတိထားရှာဖွေဖို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့ကပဲ သတိပေးခဲ့ပါတယ်၊ အားကစားရွာထဲမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားသလို Russia အာဏာပိုင်တွေကလဲ ထပ်ပြီးအာမခံတဲ့အတွက် လုံခြုံမှုရှိပါလိမ့်မယ်လို့ IOC ဆက်သွယ်ရေးရာ ညွှန်ကြားရေးမှုး Mark Adams က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။
လေဆိပ်တွေနဲ့ လေကြောင်းလိုင်းတွေကို အမေရိကန်က သတိပေးခဲ့တဲ့ ကိစ္စကို Russia အစိုးရအနေနဲ့ စုံစမ်းနေပြီး လိုအပ်သလို လုံခြုံရေး ဆောင်ရွက်မှုတွေ လုပ်မယ်လို့ Russia ဒုဝန်ကြီးချုပ်ကလဲ ပြောပါတယ်၊ NY, London, Washington မြို့တွေထက်တော့ Sochi မြို့ရဲ့ လုံခြုံရေးအခြေအနေ ပိုမဆိုးပါဘူးလို့လဲ ဆိုပါတယ်။
အမေရိကန် Olympic ကော်မတီ တာဝန်ရှိသူတွေကတော့ Sochi Olympic မှာ ဖြစ်နိုင်တဲ့ အန္တရာယ်တွေအားလုံးကို သတိထားနေပြီး အားကစားသမားတွေရဲ့ လုံခြုံမှုဟာ ပထမ ဦးစားပေးဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်၊ လုံခြုံရေးစိုးရိမ်မှု russia အစိုးရရဲ့ လိင်တူချစ်သူတွေအပေါ် ဖိနှိပ်မှုတို့က Sochi ဆောင်းရာသီ Olympic အားကစားပြိုင်ပွဲအပေါ် လွှမ်းမိုးနေပါတယ်၊ ကမ္ဘာတဝန်း လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံနေကြတဲ့ ကိစ္စကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဝေဖန် ပြစ်တင်ခဲ့ပြီး အဲဒီသူတွေကို အရေးယူတာ၊ ထောင်ချတာ၊ ခွဲခြားနှိမ်ချ ကန့်သတ်တာတွေ လုပ်နေသူတွေကို ဆန့်ကျင်ရမယ်လို့ Sochi မြို့က IOC မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက တိုက်တွန်းသွားခဲ့ပါတယ်၊