သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူမႈကြန္ယက္လႊမ္းမိုးမႈေၾကာင့္ သတင္းမီဒီယာေလာကစိန္ေခၚမႈႀကဳံ


ဖိလစ္ပိုင္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ Maria Ressa ကို ကမၻာ့စာနယ္ဇင္းလြတ္လပ္ခြင့္ေန႔အထိမ္းအမွတ္အခမ္းအနားက်င္းပရာ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ AFP နဲ႔ ေမးျမန္းခ်ိန္။ (ေမ ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဆိုရွယ္မီဒီယာထြန္းကားလာတာနဲ႔အတူ အႏၲရာယ္ရွိတဲ့ ဝါဒျဖန႔္ခ်ိမႈေတြ ရွင္သန္ႀကီးထြားလာတဲ့ အက်ိဴးဆက္ဟာ သတင္းမီဒီယာေလာကကို တိုက္ခိုက္ၿခိမ္းေျခာက္ေနေၾကာင္း ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရးဆုရွင္ ဖိလစ္ပိုင္သတင္းေထာက္ Maria Ressa ကေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ သတင္းသမားေတြအေနနဲ႔ လူထုကို သတင္းေတြတင္ျပတဲ့ေနရာမွာ အခက္အခဲေတြရွိလာေနတယ္လို႔ ျမန္မာသတင္းသမားတဦးကလည္း ဗြီအိုေအကို ေျပာပါတယ္။ ဒီကေန႔ေခတ္ ဆိုရွယ္ မီဒီယာထြန္းကားလာတဲ့အေပၚ သတင္းမီဒီယာေလာကကို ဘယ္လို ႐ိုက္ခတ္မႈေတြရွိေနသလဲဆိုတာကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

ဒီကေန႔ ကမာၻတဝွမ္းက သတင္းမီဒီယာသမားေတြရဲ႕ အေျခအေနဆိုး႐ြားေနခ်ိန္မွာ အထူးသျဖင့္ သတင္းျဖန႔္ခ်ိတဲ့အပိုင္းမွာ သိသိသာသာထင္ထင္ရွားရွားေျပာင္းလဲလာတဲ့အေပၚမွာ သတင္းသမားေတြ တိုက္ခိုက္ၿခိမ္းေျခာက္ခံေနရတာျဖစ္တယ္လို႔ ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရးဆုရွင္ ဖိလစ္ပိုင္သတင္းေထာက္ Maria Ressa က AFP သတင္းဌာနနဲ႔ ေတြ႔ဆုံေမးျမန္းရာမွာ ေျပာၾကားခဲ့တာပါ။

ဆိုရွယ္မီဒီယာေတြဟာ အေျခအေနမွန္၊ အခ်က္အလက္ေတြကို ျငင္းပယ္ၿပီး ဝါဒျဖန႔္ခ်ိဖို႔ ပိုမိုလြယ္ကူေစသလို သမိုင္းျဖစ္ရပ္မွန္ေတြကို ေျပာင္းလဲေစတဲ့အေျခအေနကို ၿပီးခဲ့တဲ့ ေမလ (၃) ရက္ေန႔ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔အျဖစ္ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ ျပဳလုပ္တဲ့ အထိမ္းအမွတ္အခမ္းအနားကို တက္ေရာက္လာတဲ့ Maria Ressa က AFP သတင္းဌာနကို မီးေမာင္းထိုးေျပာဆိုခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံရဲ႕သမၼတေ႐ြးေကာက္ပြဲအေျခအေနကို သူက ဥပမာေပး ေျပာဆိုရာမွာ- လက္ရွိ မဲအေရအတြက္ အျပတ္အသတ္အသာရေနတဲ့ ကြယ္လြန္သူအာဏာရွင္ ဖာဒီနန္မားကို႔စ္ သား ဖာဒီနန္ဘြန္ဘြန္ မားကို႔စ္ ဂ်ဴနီယာဟာ ေ႐ြးေကာက္ပြဲမတိုင္ခင္ကတည္းက အႏိုင္ရဖို႔ အဆင္သင့္ ျဖစ္ေနတဲ့အေျခအေနကို ေထာက္ျပသြားပါတယ္။

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တဲ့ သူ႔ဖခင္ အာဏာရွင္ေဟာင္း ဖာဒီနန္မားကို႔စ္လက္ထက္ အႏွစ္ ၂၀ ၾကာအုပ္ခ်ဳပ္ခဲ့တဲ့ကာလအတြင္း အက်င့္ပ်က္ျခစားမႈ၊ သတ္ျဖတ္မႈနဲ႔ အျခားအလြဲသုံးစားမႈေတြ ရွိခဲ့ပါတယ္။ အခု သားျဖစ္သူ မားကိုစ္ဂ်ဴနီယာကေတာ့ ေ႐ြးေကာက္ပြဲကိုပစ္မွတ္ထားၿပီး ဆိုရွယ္မီဒီယာပလက္ေဖာင္းကို အသုံးခ်ခဲ့ရာမွာ အတုအေယာင္၊ အထင္အျမင္လြဲမွားေစတဲ့ ပို႔စ္ေတြ၊ အခ်က္အလက္ေတြကို ျဖန႔္ေဝလႊမ္းမိုးခဲ့ၿပီး ဒီအတြက္လည္း အက်ိဳးအျမတ္ေတြရရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေနတဲ့ အရပ္ဖက္အဖြဲ႔အစည္းေတြက ေဝဖန္ခဲ့ၾကတာပါ။

ဆိုရွယ္မီဒီယာေတြမွာ ေ႐ြးေကာက္ပြဲဆိုင္ရာ ဝါဒျဖန႔္ခ်ိမႈ၊ လုပ္ႀကံသတင္းေတြနဲ႔ လႊမ္းမိုးခဲ့တဲ့ အေျခအေနနဲ႔ပတ္သက္လို႔ ဖိလစ္ပိုင္ေ႐ြးေကာက္ပြဲကို ေစာင့္ၾကည့္ေနတဲ့ မဟာမိတ္အဖြဲ႔ Tsek.ph က ပါေမာကၡ Rachel Khan က AFP သတင္းဌာနကို အခုလိုေျပာပါတယ္။

"အမ်ားျပည္သူကို လွည့္ျဖားဖို႔ မဟုတ္မမွန္လုပ္ႀကံသတင္းဟာ အလြန္ႀကီးမားတဲ့ အခန္းက႑ကေန ပါဝင္ေနတယ္လို႔ က်မျမင္ပါတယ္။ ဒီလို လုပ္ႀကံတဲ့သတင္းေတြ ျခယ္လွယ္ေနတာကို လူအမ်ားက သတိမျပဳမိၾကပါဘူး။ ဒါေၾကာင့္ အသိဉာဏ္နဲ႔ ေ႐ြးခ်ယ္တာမ်ိဳး မဟုတ္တဲ့အတြက္ လူေတြရဲ႕လြတ္လပ္ခြင့္ကို လုယက္ခံရတဲ့အေျခအေနက ဝမ္းနည္းစရာေကာင္းပါတယ္။"

မားကို႔စ္ ဂ်ဴနီယာဟာ သမၼတေ႐ြးေကာက္ပြဲအတြက္ စကားစစ္ထိုးပြဲေတြမွာပါဝင္ ေျပာဆိုဖို႔နဲ႔ ဝါရင့္သတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကို ေျဖဆိုဖို႔ ျငင္းဆိုခဲ့တဲ့အခ်က္ကို ဖိလစ္ပိုင္သတင္းေထာက္ Ressa က ေထာက္ျပေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ မားကိုစ့္ဂ်ဴနီယာဟာ ဆိုရွယ္မီဒီယာမွာ သူ႔ရဲ႕ကိုယ္ပိုင္ျဖစ္ရပ္ဇာတ္လမ္းေတြကို ဖန္တီးၿပီး လူအမ်ားႀကိဳက္ ဝါဒျဖန႔္ခ်ိတဲ့ ပို႔စ္ေတြကိုပဲ ျဖန႔္ခ်ိခဲ့ၿပီး သတင္းသမားေတြဘက္က အခ်က္အလက္မွန္မမွန္ ေမးျမန္းစုံစမ္းခြင့္ကို လ်စ္လ်ဴရႈထားခဲ့တယ္လို႔လည္းဆိုပါတယ္။ ဒါဟာ ဆိုရွယ္မီဒီယာရဲ႕ ျပသနာအားနည္းခ်က္ျဖစ္တယ္လို႔ Ressa ကေျပာပါတယ္။

ဒါေၾကာင့္ ဒီလိုစိန္ေခၚမႈေတြကိုရင္ဆိုင္ရတဲ့အခါမွာ သတင္းစာနယ္ဇင္းပညာရဲ႕ တာဝန္ဟာ အလြန္ကို အေရးႀကီးလာေၾကာင္း သူက AFP သတင္းဌာနကို အခုလိုေျပာၾကားခဲ့ပါတယ္။

"က်မတို႔ရဲ႕လုပ္ရမယ့္ အလုပ္ကလြဲၿပီး အျခားေ႐ြးခ်ယ္စရာမရွိဘူးလို႔ က်မထင္ပါတယ္။ ဒီကေန႔ေခတ္ သတင္းပညာရဲ႕တာဝန္ဟာ ဘယ္တုန္းကမွမတူေအာင္ ပိုၿပီးအေရးႀကီးေနၿပီးေတာ့ က်မတို႔ သတင္းသမားေတြအေနနဲ႔ ျပႆနာေတြ ပိုၿပီးႀကီးထြားမသြားေအာင္ႀကိဳးစားေနတာပါ။ ဒီေနရာမွာ အစိုးရေတြ၊ အျခား အစိုးရမဟုတ္တဲ့ NGO အဖြဲ႕အစည္းေတြနဲ႔ က်မတို႔ရဲ႕ က်န္တဲ့ လူမႈအသိုင္းအားလုံး ပါဝင္ကူညီႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဒါက က်မတို႔ ဖိလစ္ပိုင္က ေ႐ြးေကာက္ပြဲအတြက္ လူမႈအသိုင္းအဝိုင္းတခုလုံးရဲ႕ ခ်ဥ္းကပ္မႈထဲက အစိတ္အပိုင္းအတခုအျဖစ္ က်မတို႔ ႀကိဳးစားေနတာပါ။"

လက္ရွိ စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ဆိုရွယ္မီဒီယာေတြေၾကာင့္ သတင္းသမားေတြအေနနဲ႔ သတင္းတင္ဆက္တဲ့အခါ အခက္အခဲစိန္ေခၚမႈေတြရွိလာတဲ့ အေျခအေနကို ကမာ႐ြတ္သတင္းမီဒီယာကိုတည္ေထာင္သူ ကိုေနသန္ေမာင္က အခုလို ဗြီအိုေအကိုေျပာပါတယ္။

“၂၁ ရာစုမွာ မီဒီယာရဲ႕အခင္းအက်င္းႀကီးနဲ႔ ေရစီးေၾကာင္းႀကီးက ေျပာင္းသြားတယ္။ လူထုက က်ေနာ္တို႔သတင္းမီဒီယာေတြရဲ႕ ethic (က်င့္ဝတ္) ကို ေဝဖန္လာတယ္။ ေထာက္ျပလာတယ္။ က်ေနာ္တို႔တေယာက္ခ်င္းစီကိုင္စြဲထားတဲ့ ႏိုင္ငံေရး political belief ေတြ၊ ေနာက္ editorial tools ေတြကအစ သူတို႔တေယာက္ခ်င္းစီ ေမးခြန္းထုတ္လာတယ္။ ...ဆိုေတာ့ လူမ်ားစု ျဖစ္ရင္ျဖစ္မယ္။ လူနည္းစုျဖစ္ရင္ျဖစ္မယ္။ ဘယ္လိုပဲေမးခြန္းထုတ္ထုတ္ ကိုယ္ကိုင္စြဲထားတဲ့က်င့္ဝတ္က ခုိင္မာေနတယ္ဆိုရင္ ဒီေမးခြန္းထုတ္တဲ့ ကိစၥေတြက အခ်ိန္တန္ရင္ ေပ်ာက္သြားမွာပဲ။ ဒါေပမယ့္ ကိုယ္ကရပ္တည္ခ်က္၊ ႏိုင္ငံေရးေပါ့ေနာ္... ႏုိင္ငံေရးအရ ရပ္တည္ခ်က္...လူထုက တေလွ်ာက္လံုး သတင္းမီဒီယာကို မယံုဘူး။ မယံုဘူးဆိုတာက ဘာေၾကာင့္လဲဆိုေတာ့ သတင္းမီဒီယာေတြက propaganda tools ေတြအျဖစ္နဲ႔ တေလွ်ာက္လံုးသံုးခဲ့ေတာ့ ဟိုးတုန္းကတည္းက က်ေနာ္တို႔က ေရဒီယိုအသံလႊင့္ခ်က္ေလးေတြနဲ႔ တေန႔ကို ဆယ့္ငါးမိနစ္၊ နာရီဝက္ေလာက္နဲ႔ ႏုိင္ငံတကာမွာ ဘာျဖစ္ေနလဲ၊ ျပည္တြင္းမွာဘာျဖစ္လဲေတြကို ႀကီးျပင္းလာရတဲ့၊ သတင္းယူတဲ့ ျပည္သူလူထုႀကီးက တကယ္ကို ခုိင္ခုိင္မာမာရွိတယ္။ ဒီဘက္ေခတ္မွာေတာ့ New Generation ေတြေပါ့။ Gen-Z ေတြေပါ့ Gen-Z ေတြလက္ထဲမွာ digital tools ေတြရွိတဲ့အခါမွာ က်ေနာ္တို႔ ေရးခ်င္တာေရး၊ ေျပာခ်င္တာေျပာလို႔ရသြားတယ္။ beaking news ေတြဟာ က်ေနာ္တို႔ သတင္းဌာနေတြက လာတာမဟုတ္ေတာ့ဘူး။ beaking news ေတြက ျပည္သူေတြဆီက လာတာျဖစ္သြားတယ္။ အဲဒီေတာ့မွ သတင္းမီဒီယာေတြရဲ႕တာဝန္က ဘာျဖစ္သြားသလဲဆိုေတာ့ beaking news ေပးႏုိင္ဖို႔ထက္စာရင္ ဒီသတင္းေတြကို analytical ပိုၿပီး packgae လိုက္ေပးၿပီး လူထုကို ပိုၿပီး စဥ္းစားႏုိင္ေစတဲ့ အခ်က္အလက္ေတြ ပံ့ပိုးေပးရတဲ့ ေနရာကိုေရာက္လာတယ္။ အဲဒီေနရာကို မယူႏုိင္ရင္ေတာ့ လူထုက ပြင့္ပြင့္လင္းလင္းေျပာရရင္ သတင္းမီဒီယာရဲ႕ tools ေတြကို အကုန္လံုးယူသြားတယ္။
....အဲဒီေတာ့ လူတုိင္းမွာ သတင္း presentation အတုိင္းကို ဒိထက္ပိုေကာင္းတဲ့ presentation ကိုေတာင္ ေျပာလာႏိုင္တဲ့အခါမွာ သတင္းမီဒီယာက သူတို႔နဲ႔ယွဥ္ၿပီးရပ္တည္ဖို႔ အရမ္းခက္လာတယ္။ အဲဒီေတာ့ သတင္းမီဒီယာေတြက ပံုစံေျပာင္းလာရတယ္။ လူထုႀကိဳက္မယ့္ story telling ကိုမေျပာင္းႏုိင္ရင္ေတာ့ က်ေနာ္ထင္တယ္၊ လူူထုကိုု သတင္းတင္ဆက္တဲ့ပံုစံမွာေတာ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ အမ်ားႀကီးရွိလာမယ္ထင္တယ္။ က်ေနာ္တုိ႔က ဒီ landscaping change ေနတာကို adapt လုပ္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။”

ဆိုရွယ္မီဒီယာေလာကမွာ ဥပေဒမဲ့ျဖစ္ေနတဲ့ အေျခအေနကို ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ဖိလစ္ပိုင္သတင္းေထာက္ Maria Ressa ကေထာက္ျပခဲ့တဲ့အျပင္ နည္းပညာတိုးတက္ေျပာင္းလဲမႈျဖစ္တဲ့ အယ္လဂိုရီသမ္ ဆိုတဲ့ ကြန္ျပဴတာအခ်က္အလက္စနစ္ေၾကာင့္ အမ်က္ေဒါသထြက္မႈ၊ အမုန္းပြားေစတဲ့ ျငင္းခုံမႈေတြကို အားေပးတဲ့ ပို႔စ္ေတြေၾကာင့္လည္း သတင္းသမားေတြအေပၚတိုက္ခိုက္ ၿခိမ္းေျခာက္မႈေတြကို ပိုၿပီး အကာအကြယ္မဲ့ေစတယ္လို႔လည္း သူကေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

လူမှုကွန်ယက်လွှမ်းမိုးမှုကြောင့် သတင်းမီဒီယာလောကစိန်ခေါ်မှုကြုံ

ဆိုရှယ်မီဒီယာထွန်းကားလာတာနဲ့အတူ အန္တရာယ်ရှိတဲ့ ဝါဒဖြန့်ချိမှုတွေ ရှင်သန်ကြီးထွားလာတဲ့ အကျိူးဆက်ဟာ သတင်းမီဒီယာလောကကို တိုက်ခိုက်ခြိမ်းခြောက်နေကြောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်သတင်းထောက် Maria Ressa ကပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သတင်းသမားတွေအနေနဲ့ လူထုကို သတင်းတွေတင်ပြတဲ့နေရာမှာ အခက်အခဲတွေရှိလာနေတယ်လို့ မြန်မာသတင်းသမားတဦးကလည်း ဗွီအိုအေကို ပြောပါတယ်။ ဒီကနေ့ခေတ် ဆိုရှယ် မီဒီယာထွန်းကားလာတဲ့အပေါ် သတင်းမီဒီယာလောကကို ဘယ်လို ရိုက်ခတ်မှုတွေရှိနေသလဲဆိုတာကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ကမ္ဘာတဝှမ်းက သတင်းမီဒီယာသမားတွေရဲ့ အခြေအနေဆိုးရွားနေချိန်မှာ အထူးသဖြင့် သတင်းဖြန့်ချိတဲ့အပိုင်းမှာ သိသိသာသာထင်ထင်ရှားရှားပြောင်းလဲလာတဲ့အပေါ်မှာ သတင်းသမားတွေ တိုက်ခိုက်ခြိမ်းခြောက်ခံနေရတာဖြစ်တယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်သတင်းထောက် Maria Ressa က AFP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ဆိုရှယ်မီဒီယာတွေဟာ အခြေအနေမှန်၊ အချက်အလက်တွေကို ငြင်းပယ်ပြီး ဝါဒဖြန့်ချိဖို့ ပိုမိုလွယ်ကူစေသလို သမိုင်းဖြစ်ရပ်မှန်တွေကို ပြောင်းလဲစေတဲ့အခြေအနေကို ပြီးခဲ့တဲ့ မေလ (၃) ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ပြုလုပ်တဲ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာတဲ့ Maria Ressa က AFP သတင်းဌာနကို မီးမောင်းထိုးပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတရွေးကောက်ပွဲအခြေအနေကို သူက ဥပမာပေး ပြောဆိုရာမှာ- လက်ရှိ မဲအရေအတွက် အပြတ်အသတ်အသာရနေတဲ့ ကွယ်လွန်သူအာဏာရှင် ဖာဒီနန်မားကို့စ် သား ဖာဒီနန်ဘွန်ဘွန် မားကို့စ် ဂျူနီယာဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အနိုင်ရဖို့ အဆင်သင့် ဖြစ်နေတဲ့အခြေအနေကို ထောက်ပြသွားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ သူ့ဖခင် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်လက်ထက် အနှစ် ၂၀ ကြာအုပ်ချုပ်ခဲ့တဲ့ကာလအတွင်း အကျင့်ပျက်ခြစားမှု၊ သတ်ဖြတ်မှုနဲ့ အခြားအလွဲသုံးစားမှုတွေ ရှိခဲ့ပါတယ်။ အခု သားဖြစ်သူ မားကိုစ်ဂျူနီယာကတော့ ရွေးကောက်ပွဲကိုပစ်မှတ်ထားပြီး ဆိုရှယ်မီဒီယာပလက်ဖောင်းကို အသုံးချခဲ့ရာမှာ အတုအယောင်၊ အထင်အမြင်လွဲမှားစေတဲ့ ပို့စ်တွေ၊ အချက်အလက်တွေကို ဖြန့်ဝေလွှမ်းမိုးခဲ့ပြီး ဒီအတွက်လည်း အကျိုးအမြတ်တွေရရှိခဲ့ကြောင်း ဖိလစ်ပိုင်ရွေးကောက်ပွဲစောင့်ကြည့်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ကြတာပါ။

ဆိုရှယ်မီဒီယာတွေမှာ ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့်ချိမှု၊ လုပ်ကြံသတင်းတွေနဲ့ လွှမ်းမိုးခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ ဖိလစ်ပိုင်ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ မဟာမိတ်အဖွဲ့ Tsek.ph က ပါမောက္ခ Rachel Khan က AFP သတင်းဌာနကို အခုလိုပြောပါတယ်။

"အများပြည်သူကို လှည့်ဖြားဖို့ မဟုတ်မမှန်လုပ်ကြံသတင်းဟာ အလွန်ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ကျမမြင်ပါတယ်။ ဒီလို လုပ်ကြံတဲ့သတင်းတွေ ခြယ်လှယ်နေတာကို လူအများက သတိမပြုမိကြပါဘူး။ ဒါကြောင့် အသိဉာဏ်နဲ့ ရွေးချယ်တာမျိုး မဟုတ်တဲ့အတွက် လူတွေရဲ့လွတ်လပ်ခွင့်ကို လုယက်ခံရတဲ့အခြေအနေက ဝမ်းနည်းစရာကောင်းပါတယ်။"

မားကို့စ် ဂျူနီယာဟာ သမ္မတရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲတွေမှာပါဝင် ပြောဆိုဖို့နဲ့ ဝါရင့်သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ ငြင်းဆိုခဲ့တဲ့အချက်ကို ဖိလစ်ပိုင်သတင်းထောက် Ressa က ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မားကိုစ့်ဂျူနီယာဟာ ဆိုရှယ်မီဒီယာမှာ သူ့ရဲ့ကိုယ်ပိုင်ဖြစ်ရပ်ဇာတ်လမ်းတွေကို ဖန်တီးပြီး လူအများကြိုက် ဝါဒဖြန့်ချိတဲ့ ပို့စ်တွေကိုပဲ ဖြန့်ချိခဲ့ပြီး သတင်းသမားတွေဘက်က အချက်အလက်မှန်မမှန် မေးမြန်းစုံစမ်းခွင့်ကို လျစ်လျူရှုထားခဲ့တယ်လို့လည်းဆိုပါတယ်။ ဒါဟာ ဆိုရှယ်မီဒီယာရဲ့ ပြသနာအားနည်းချက်ဖြစ်တယ်လို့ Ressa ကပြောပါတယ်။

ဒါကြောင့် ဒီလိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ရတဲ့အခါမှာ သတင်းစာနယ်ဇင်းပညာရဲ့ တာဝန်ဟာ အလွန်ကို အရေးကြီးလာကြောင်း သူက AFP သတင်းဌာနကို အခုလိုပြောကြားခဲ့ပါတယ်။

"ကျမတို့ရဲ့လုပ်ရမယ့် အလုပ်ကလွဲပြီး အခြားရွေးချယ်စရာမရှိဘူးလို့ ကျမထင်ပါတယ်။ ဒီကနေ့ခေတ် သတင်းပညာရဲ့တာဝန်ဟာ ဘယ်တုန်းကမှမတူအောင် ပိုပြီးအရေးကြီးနေပြီးတော့ ကျမတို့ သတင်းသမားတွေအနေနဲ့ ပြဿနာတွေ ပိုပြီးကြီးထွားမသွားအောင်ကြိုးစားနေတာပါ။ ဒီနေရာမှာ အစိုးရတွေ၊ အခြား အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ ကျမတို့ရဲ့ ကျန်တဲ့ လူမှုအသိုင်းအားလုံး ပါဝင်ကူညီနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါက ကျမတို့ ဖိလစ်ပိုင်က ရွေးကောက်ပွဲအတွက် လူမှုအသိုင်းအဝိုင်းတခုလုံးရဲ့ ချဉ်းကပ်မှုထဲက အစိတ်အပိုင်းအတခုအဖြစ် ကျမတို့ ကြိုးစားနေတာပါ။"

လက်ရှိ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာတွေကြောင့် သတင်းသမားတွေအနေနဲ့ သတင်းတင်ဆက်တဲ့အခါ အခက်အခဲစိန်ခေါ်မှုတွေရှိလာတဲ့ အခြေအနေကို ကမာရွတ်သတင်းမီဒီယာကိုတည်ထောင်သူ ကိုနေသန်မောင်က အခုလို ဗွီအိုအေကိုပြောပါတယ်။

“၂၁ ရာစုမှာ မီဒီယာရဲ့အခင်းအကျင်းကြီးနဲ့ ရေစီးကြောင်းကြီးက ပြောင်းသွားတယ်။ လူထုက ကျနော်တို့သတင်းမီဒီယာတွေရဲ့ ethic (ကျင့်ဝတ်) ကို ဝေဖန်လာတယ်။ ထောက်ပြလာတယ်။ ကျနော်တို့တယောက်ချင်းစီကိုင်စွဲထားတဲ့ နိုင်ငံရေး political belief တွေ၊ နောက် editorial tools တွေကအစ သူတို့တယောက်ချင်းစီ မေးခွန်းထုတ်လာတယ်။ ...ဆိုတော့ လူများစု ဖြစ်ရင်ဖြစ်မယ်။ လူနည်းစုဖြစ်ရင်ဖြစ်မယ်။ ဘယ်လိုပဲမေးခွန်းထုတ်ထုတ် ကိုယ်ကိုင်စွဲထားတဲ့ကျင့်ဝတ်က ခိုင်မာနေတယ်ဆိုရင် ဒီမေးခွန်းထုတ်တဲ့ ကိစ္စတွေက အချိန်တန်ရင် ပျောက်သွားမှာပဲ။ ဒါပေမယ့် ကိုယ်ကရပ်တည်ချက်၊ နိုင်ငံရေးပေါ့နော်... နိုင်ငံရေးအရ ရပ်တည်ချက်...လူထုက တလျှောက်လုံး သတင်းမီဒီယာကို မယုံဘူး။ မယုံဘူးဆိုတာက ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာတွေက propaganda tools တွေအဖြစ်နဲ့ တလျှောက်လုံးသုံးခဲ့တော့ ဟိုးတုန်းကတည်းက ကျနော်တို့က ရေဒီယိုအသံလွှင့်ချက်လေးတွေနဲ့ တနေ့ကို ဆယ့်ငါးမိနစ်၊ နာရီဝက်လောက်နဲ့ နိုင်ငံတကာမှာ ဘာဖြစ်နေလဲ၊ ပြည်တွင်းမှာဘာဖြစ်လဲတွေကို ကြီးပြင်းလာရတဲ့၊ သတင်းယူတဲ့ ပြည်သူလူထုကြီးက တကယ်ကို ခိုင်ခိုင်မာမာရှိတယ်။ ဒီဘက်ခေတ်မှာတော့ New Generation တွေပေါ့။ Gen-Z တွေပေါ့ Gen-Z တွေလက်ထဲမှာ digital tools တွေရှိတဲ့အခါမှာ ကျနော်တို့ ရေးချင်တာရေး၊ ပြောချင်တာပြောလို့ရသွားတယ်။ beaking news တွေဟာ ကျနော်တို့ သတင်းဌာနတွေက လာတာမဟုတ်တော့ဘူး။ beaking news တွေက ပြည်သူတွေဆီက လာတာဖြစ်သွားတယ်။ အဲဒီတော့မှ သတင်းမီဒီယာတွေရဲ့တာဝန်က ဘာဖြစ်သွားသလဲဆိုတော့ beaking news ပေးနိုင်ဖို့ထက်စာရင် ဒီသတင်းတွေကို analytical ပိုပြီး packgae လိုက်ပေးပြီး လူထုကို ပိုပြီး စဉ်းစားနိုင်စေတဲ့ အချက်အလက်တွေ ပံ့ပိုးပေးရတဲ့ နေရာကိုရောက်လာတယ်။ အဲဒီနေရာကို မယူနိုင်ရင်တော့ လူထုက ပွင့်ပွင့်လင်းလင်းပြောရရင် သတင်းမီဒီယာရဲ့ tools တွေကို အကုန်လုံးယူသွားတယ်။
....အဲဒီတော့ လူတိုင်းမှာ သတင်း presentation အတိုင်းကို ဒိထက်ပိုကောင်းတဲ့ presentation ကိုတောင် ပြောလာနိုင်တဲ့အခါမှာ သတင်းမီဒီယာက သူတို့နဲ့ယှဉ်ပြီးရပ်တည်ဖို့ အရမ်းခက်လာတယ်။ အဲဒီတော့ သတင်းမီဒီယာတွေက ပုံစံပြောင်းလာရတယ်။ လူထုကြိုက်မယ့် story telling ကိုမပြောင်းနိုင်ရင်တော့ ကျနော်ထင်တယ်၊ လူူထုကို သတင်းတင်ဆက်တဲ့ပုံစံမှာတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိလာမယ်ထင်တယ်။ ကျနော်တို့က ဒီ landscaping change နေတာကို adapt လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။”

ဆိုရှယ်မီဒီယာလောကမှာ ဥပဒေမဲ့ဖြစ်နေတဲ့ အခြေအနေကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်သတင်းထောက် Maria Ressa ကထောက်ပြခဲ့တဲ့အပြင် နည်းပညာတိုးတက်ပြောင်းလဲမှုဖြစ်တဲ့ အယ်လဂိုရီသမ် ဆိုတဲ့ ကွန်ပြူတာအချက်အလက်စနစ်ကြောင့် အမျက်ဒေါသထွက်မှု၊ အမုန်းပွားစေတဲ့ ငြင်းခုံမှုတွေကို အားပေးတဲ့ ပို့စ်တွေကြောင့်လည်း သတင်းသမားတွေအပေါ်တိုက်ခိုက် ခြိမ်းခြောက်မှုတွေကို ပိုပြီး အကာအကွယ်မဲ့စေတယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။
=========

XS
SM
MD
LG