ဦးခင်မောင်ညွှန့် ။ ။ ဒီဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးကြည်မောင် တို့ နဲ့ ကိစ္စတွေက၊ နော်။ သူတို့ နဲ့ နီးစပ်တော့ ဖမ်းတာကလည်း သူတို့ နဲ့ နီးရာပါ ပုဂ္ဂိုလ်တွေပဲဆိုပြီး သိမ်းကျုံး ဖမ်းတဲ့ အထဲမှာ ကျနော်တို့ ပါတာကိုတော့ ကျနော်တို့  သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ကျနော်တို့ ၊ ဒီမှာ အန်ကယ်ရေးထားတဲ့“သပြေတစ်ခက် ကြွေရက်ကယ်စော ” ထဲမှာ၊ အန်ကယ်တို့ ဒီ၊ Cell ထဲမှာ ညှင်းပန်းနှိပ်စက်ခံရပြီး နောက်ပိုင်းမှာ၊ အန်ကယ်တို့ တွေ အကုန်လုံး၊ အိမ်တစ် အိမ်မှာ စုပြီးတော့ ထည့်ထားတယ်။ အန်ကယ်နဲ့ အတူ တစ်အိမ်တည်းကျနေတဲ့၊ ရေတပ်က ဗိုလ်မှူးဘသော် (ခေါ်) စာရေးဆရာ မောင်သော်က။ ဘာအတွက် နဲ့ သူကရော အဖမ်းခံရပြီး ရောက်လာတာလဲ ခင်ဗျ။
ဦးခင်မောင်ညွှန့် ။ ။ ဗိုလ်စင်္ကြာ ကိစ္စနဲ့ ပတ်သက်လို့ အနွယ်ပေါ့နော် အဲဒီမှာသူ …
ဦးရော်နီညိမ်း။ ။ ဗိုလ်စင်္ကြာဆိုတာ ကျနော်တို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာလား ခင်ဗျား။
ဦးခင်မောင်ညွှန့် ။ ။ ဟုတ်ပါတယ်ခင်ဗျ။ ဟုတ်ပါတယ်။ သူကနေ ရှမ်းပြည်ကနေတဆင့်ပေါ့ လေ။ ယိုးဒယားကို ထွက်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲဒီမှာသူ အဆွဲခံရတယ်လို့ ဘဲ၊ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဗိုလ်မှူး ဘသော်က တစ်ကြိမ်တစ်ခါမှ၊ သူဘာကြောင့်မို့ လို့  အဖမ်းခံရတယ်၊ ဘာတယ် ညာတယ် ဆိုတာတော့၊ လုံးဝပေါ့လေ၊ မထုတ်ဖော်ဘူး။ သို့ သော်လည်း သူကိုယ်၌ကိုယ်ကကိုတော၊့ ဒီတော်လှန်ရေးကောင်စီအစိုးရနဲ့  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုတော့၊ လုံးဝ သူ မထောက်ခံဘူး၊ မကြည်ညိုဘူး ဆိုတာကိုတော့ အတိအကျ သိခဲ့ရပါတယ်။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ အဲဒီတော့လေ၊ ဗိုလ်မှူးဘသော်နဲ့ အန်ကယ်တို့ တစ်ညမှာ သတိထားမိလိုက်တယ် ပေါ့နော်။ အဲဒီမှာ အန်ကယ်တို့ အကဲကြည့်နေရာလေး ဖန်တီးထားပြီးတော့မှ၊ အဲဒီနေရာကနေတော့မှ၊ ဒီခြံစည်းရိုး ကြားလေးကနေမှ ကြည့်တဲ့အတွက်ကြောင်မို့ လို့ ၊ အဲဒီညဟာ (နောက်ပိုင်းမှာတော့) ဒီ ဗိုလ်ကြီးမြင့်ထူး ကွယ်လွန် သွားလို့ ၊ သူ့ အလောင်းကိုထုတ်ယူသွားတယ်လို့ ယူဆရတဲ့ ညပေါ့နော်။ အဲဒီညက ဗိုလ်မှူးဘသော်နဲ့ အန်ကယ်တို့  အဲဒီလိုမျိုး တွေ့ မြင်လိုက်ရတဲ့ မြင်ကွင်းလေးကို၊ အတိုချုံးပြီး ပြောပြပေးပါခင်ဗျ။
ဦးခင်မောင်ညွှန့် ။ ။ကျနော်တို့ က အဲဒီညမှာပေါ့ နော်။ ဒီဝင်းအတွင်းမှာပဲ ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြတာ ပေါ့၊ နော်။ အိပ်လည်း အိပ်ချင်စိတ်မရှိသေးတာနဲ့ ။ အဲဒီအချိန်မှာ၊ ကျနော်တို့ ထောင်ဗူးဝဆီကနေ၊ လူတစ်ယောက် ပြေးတဲ့အသံကို၊ ကျနော်တို့ ကြားလိုက်ရတယ်။ ထောင်ဗူးဝက တံခါးပွင့်ပြီးတော့၊ ကားတစ်စင်းထိုးဆိုက်တဲ့ အသံ ကြားတယ်ပေါ့။ မကြာခင်ဘဲ ရဲဘော်တစ်ချို့ ပေါ့ နော်။သူတို့  ထမ်းစင်တစ်ခုယူလာပြီးတော့၊ ထောင်ဗူးဘက်ကို ပြန်ပြီး ထွက်လာတဲ့အချိန်မှာတော၊့ ထမ်းစင်ပေါ်မှာပေါ့နော်။ သူတို့  တစ်ယောက်ကို အ၀တ်တွေလွှမ်းပြီးတော့၊ ထမ်းပြီးထုတ် လာတာပဲမြင်ရတယ်ပေါ့၊ နော်။ ထောင်ဗူးဝ အပြင်ရောက်ပြီးတော့လည်း၊ ကားကလည်း တစ်ခါတည်း တစ်ရှိန်ထိုးဘဲ၊ မောင်းထွက်သွားသံကို ကြားလိုက်ရတယ်။ အဲဒီတော့ ထမ်းစင်နဲ့ ခေါ်ထုတ်သွားတဲ့လူဟာ ဘယ်သူလဲ၊ဘာဖြစ်တာလဲ။ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာလား။ ဒါမှမဟုတ်၊ နေထိုင်မကောင်းတာလား ဘာတွေများဖြစ်နိုင်မလဲပေါ့နော်။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ အန်ကယ်တို့ အိမ်က၊ သတင်းစာဖတ်ခွင့်ရတယ်ပေါ့၊ နော်။
ဦးခင်မောင်ညွှန့် ။ ။ဟုတ်တယ်၊ ဟုတ်တယ်။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ အဲဒီတော့ သတင်းစာဖတ်ခွင့်ရတဲ့ အခါမှာ၊ နာရေးကြော်ငြာနေရာမှာ ဘလိတ်ဓားလေးနဲ့  လှီးပြီး ဖြတ်ထုတ်ထားတဲ့နေ့ ကို၊ အန်ကယ်တို့  ကြုံလိုက်ရတယ်။ အဲဒီ၊ ခုနတုန်းက လူတစ်ယောက်ကိုထမ်းစင်နဲ့  ထုတ်ပြီး ပြေးသွားပြီး မကြာဘူးဘဲ။ အဲဒါက ဆက်စပ်တဲ့အခါမှာ နောက်ပိုင်းမှာ၊ ဒါဟာ ဗိုလ်ကြီးမြင့်ထူးကိုထုတ်သွား တာ။ နောက်တစ်ခါ ဗိုလ်ကြီးမြင့်ထူး သေသွားပြီ။ အပြင်မှာ၊ အဲဒါကို တစ်နေရာမှာ စစ်ဆေးရုံမှာဘ၊ဲ ငှက်ဖျားနဲ့ သေ သွားသလိုလိုနဲ့ ၊ နာရေးသတင်းထဲမှာ ထည့်တယ်ဆိုတဲ့ဟာမျိုး၊ နောက်ပိုင်းမှာ အန်ကယ်တို့ က ပြန်ပြီးသိရတယ်၊ ဆိုတော့၊ အဲဒီ အချုပ်အိမ်ထဲမှာ နေနေတုန်းမှာ၊ ဒီအဲဒီနေ့ က အန်ကယ်ရေးထားတဲ့အထဲမှာ ပါတယ်လေ။ အဲဒီနေ့  တုန်းက၊ လုပ်သားပြည်သူ့ နေ့ စဉ်သတင်းစာမှာ၊ ဘလိတ်ဓားနဲ့ လှီးထားတဲ့ အဲဒီနေရာမှာ၊ ကွက်လပ်ကြီးဖြစ်နေတယ်။ အဲဒါကြောင့်မို့  ဘာလဲ၊ သို့ လောသို့ လော။ ဒီဥစ္စာက၊ ဒီ အချုပ်ထဲမှာ နေတဲ့လူတွေကို၊ မသိစေချင်တဲ့သတင်းတွေဆို ရင်၊ အဲဒီလိုပဲ ဖြတ်ထုတ်တယ်။ အဲဒီတော့ ဒီမှာ နာရေးကြော်ငြာမှာရှိနေတဲ့၊ သေသွားတဲ့လူတစ်ယောက်ကို၊ ရေကြည် အိုင်ထဲမှာ ရှိနေတဲ့လူတွေ မသိစေချင်ဘူးဆိုတဲ့ဟာက၊ အန်ကယ်တို့ မှာ ပဟေဠိ ဖြစ်နေတယ်ဆိုပြီးတော့၊ အဲဒီထဲမှာ ပါပါတယ်။
ဦးခင်မောင်ညွှန့် ။ ။ နှစ်ရက်၊သုံးရက်လောက်ရှိတဲ့ အချိန်မှာ၊ ဒီလိုဘဲ သတင်းစာ ရကြပြုကြတော့၊ အဲဒီ နာရေးကြော် ငြာ တစ်ခုမှာပေါ့လေ၊ ဘလိတ်ဓားနဲ့ ဘဲပေါ့၊ ဖြတ်ထား၊ ပြုထားတယ်။ လှီးဖြတ်ထားတော့ ဗိုလ်မှူးဘသော်နဲ့ ပြောကြ တာ၊ အေး၊ ဒါ ဟိုတစ်နေ့ ကထုတ်သွားတဲ့လူနဲ့ ပတ်သက်တဲ့ဟာမျိုးပဲ၊ ဖြစ်လိမ့်မယ်ထင်တယ်နော်။ ဒီလူဟာ ဘယ်သူ ဘယ်ဝါလဲ ဘယ်သူများ ဖြစ်မလဲ၊ ဒို့ မသိစေချင်လို့ ဘဲ သူတို့ ဖြတ်တာဘဲလို့ ၊ အဲဒီလိုဘဲ တွက်ကြတယ်ပေါ့နော်။ ဟုတ်ကဲ့။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ခင်ဗျ၊ အန်ကယ်ဦးခင်မောင်ညွှန့် ၊ ဒီ “သပြေတစ်ခက် ကြွေရက်ကယ်စော” ထဲမှာ၊ အန် ကယ်ဦးခင်မောင်ညွှန့် က၊ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ မှာ၊ ရေကြည်အိုင်ကနေ ပြန်လွတ်တယ်ပေါ့နော်။ ဒါတောင်မှ ကိုယ်က နောက်ကျပြီးမှလွတ်တာ။ ဘာကြောင့်လဲဆိုတော့ အန်ကယ်က စာတမ်းတစ်စောင်ရေးပြီးတော့ ဗိုလ်ချုပ်ကြီးနေ၀င်းဆီကို တင်တာကို မကြိုက်ဘူးပေါ့နော်။ ဒီမျက်မှန်ကြီး ဒုဗိုလ်မှူးကြီးတင်ဦးက၊ ဒီအတွက်ကြောင့်မို့  လို့ ၊ မင်းကိုချက်ချင်းမလွှတ်တာဆိုပြီးတော့ ပါပါတယ်။ အဲဒီတော့၊ အန်ကယ့်ကို ကျနော် မေးချင်တာက၊ အန်ကယ် ၁၉၆၈ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ မှာ လွတ်လာတဲ့အချိန်အထိ၊ ဗိုလ်ကြီးမြင့်ထူးသည်လည်း၊ အန်ကယ်နဲ့ အတူတူ ဘဲ….
ဦးခင်မောင်ညွှန့် ။ ။ ၁၉၆၅ ခု၊ ဇွန်လ (၇) ရက်နေ့ မှာကတော့၊ အန်ကယ်ကအဖမ်းခံရတာ။ ဒါပေမဲ့၊ ကိုမြင့်ထူးက တော့၊ အဲဒီဇွန်လထက် စောပြီးတော့၊ မေလထဲမှာ ဖြစ်မလား။ ဒါမှမဟုတ်လို့ ရှိရင်၊ နှစ်ရက်သုံးရက်ပဲ ခြားမလားတော့  မသိဘူးပေါ့ နော်။ သူသေချာ အဖမ်းခံရတဲ့ Date တွေ။ သို့ သော်လည်း၊ သူ..သူ ရေကြည်အိုင်မှာ ရောက်နေတယ် ဆို တာတော့၊ ဘာလို့ သိရသလဲဆို၊ အဲဒီ ရောက်တဲ့ညမှာဘဲ၊ ပုသိမ်ကနေ ပို့ လိုက်ပြီးတော့၊ အဲဒီ ရောက်တဲ့ညမှာပဲ၊ အဲဒါ မျက်မှန်တင်ဦးက မင်း အကုန်လုံးပြော၊ မြင့်ထူးကလည်း အကုန်လုံးပြောပြီးပြီ၊ ဘာပြီ၊ ညာပြီ ဆိုပြီး ပြောတော့၊ အဲဒါ ကိုမြင့်ထူးရောက်နေပြီဆိုတာ သိလိုက်တယ်ပေါ့နော်။
ဦးရော်နီညိမ်း။ ။၁၉၆၈ခုနှစ် နိုဝင်ဘာလ၂၂ ရက်နေ့ မှာ၊ အန်ကယ်လွတ်လာတော့၊ ဗိုလ်ကြီးမြင့်ထူးက လွတ်သ လား မလွတ်ဘူးလားဆိုတာ၊ အန်ကယ် မသိရဘူးပေါ့နော်။
ဦးခင်မောင်ညွှန့် ။ ။ အဲဒီဟာက ဒီလို။ အဲဒီတော့ ၂၂ ရက်နေ့ မှာ၊ သူတို့ လွှတ်လိုက်တယ်။ နောက်တစ်ရက် ထုတ် တဲ့သတင်းစာတွေထဲမှာ၊ သူတို့ က ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်တယ်၊ ပြုတယ်ဆိုတော့၊ ဟိုနိုင်ငံရေး ခေါင်း ဆောင်တွေလည်း၊ ပါတယ်ပြုတယ် ပေါ့။ အန်ကယ့်နာမည်လည်းပါတယ်၊ ပြုတယ်။ ဒါပေမယ့် ကိုမြင့်ထူးနာမည်ကျ မပါဘူး။ အဲဒီတော့မှ၊ သူမပါသေးပါလား၊ နော်။ သူဘဲ ကျန်နေသေးသလား။ ဒါမှမဟုတ်ရင်၊ သူ ဘယ်မှာလဲ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ အန်ကယ် အဲဒီအချိန်ထိ၊ ခုနတုန်းကဒီ နာရေးကြော်ငြာ ကွက်လပ်ဖြစ်နေတာက၊ အဲဒါနဲ့  အန်ကယ်နောက်ပိုင်းမှာ၊ ဗိုလ်ကြီးမြင့်ထူး ဆုံးသွားပြီ ဆိုတာနဲ့ ၊ ဘယ်လိုဆက်စပ်ပြီးတော့၊ သိရှိပါသလဲ ခင်ဗျ။
ဦးခင်မောင်ညွှန့် ။ ။သူများတွ လွတ်တာပေါ့နော်။ သူ့ ထက်တောင် အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးခေါင်းဆောင် တွေ လွတ်တာပြုတာ။ သူတစ်ယောက်ဘဲ မလွတ်ဘူးဆိုတော့၊ အဲဒီကတည်းက၊ သူနဲ့ ပတ်သက်ပြီးတော့ တော်တော် ကိုပေါ့လေ၊။ စိတ်ထဲမှာတော့ တော်တော်လေးပြီးတော့၊ စိတ်မကောင်းဖြစ်တာပေါ့။ တစ်စုံတစ်ခုတော့ဖြစ်ပြီး ဆိုပြီး၊ စိတ်ထဲမှာစွဲစွဲမြဲမြဲ ထင်ခဲ့တယ်ပေါ့၊ နော်။ ထင်ခဲ့တယ်ဆိုတာထက်၊ ယုံကြည်တာက ပိုပြီးတော့ ဟိုဟာဖြစ်တယ်၊ ပြု တယ်။ နောက်ပိုင်း အဲလိုပဲ လိုက်လိုက်ပြီးတော့၊ စုံစမ်းတော့ပြုတော့၊ ဒီလိုဒီလိုဘဲပေါ့။ ဆေးရုံမှာပေါ့နော်။ ဒီငှက်ဖျားနဲ့  ပေါ့လေ၊ ဆုံးသွားတယ်။ စစ်ဆေးရုံမှာပဲ ဆုံးသွားတယ်၊ ပြုသွားတယ်။ အဲဒီသတင်းကတော့၊ အန်ကယ်တို့  ကြားရ တယ်ပေါ့နော်။ ဂဃနဏ သိရတာကတော့၊ နော်။ ကိုအောင်သူကနေ ပြောပြမှဘဲ၊ အန်ကယ်တို့ က ဒီဟာတော့၊ Confirmation ဆိုတဲ့ဟာမျိုးကို၊ အန်ကယ်တို့ ချလို့ ရတယ်။ စစ်အာဏာရှင်စနစ်ရဲ့ အောက်မှာ ပေါ့နော်။ သူယုံကြည် တဲ့ ဒီမိုကရေစီအရေး လွတ်လပ်ရေး ငြိမ်းချမ်းရေး၊ အဲဒါတွေအတွက်ကို၊ သူက စတေးခံခဲ့ရတယ်၊ နော။် ရက်ရက် စက်စက်ပေါ့ နော်။ သူ ညှင်းဆဲခံရပြီးတော့၊ သူဟာ တစ်ခါတည်း သူ့ ဝိညဉ်လိပ်ပြာဟာ လွင့်စင်သွားတယ်ဆိုတာကို၊ နော်။ ဒါကို၊ အန်ကယ်က ရရှိတဲ့အထောက်အထားတွေအရ၊ ဒါကို၊ တိုင်းပြည်ကိုနော်၊ ဒါကို အသိပေးပါတယ်၊ နော်။ အသိပေးပါတယ်။
ဦးရော်နီညိမ်း။ ။ဒီ ဗိုလ်ကြီးမြင့်ထူးဟာ သူဘယ်လိုအဖမ်းခံရတယ်၊ သူဘယ်လို နှိပ်စက် အညှင်းပန်းခံရတယ် ဆို တာကို၊ ဒီ သူနဲ့ အခန်းချင်းကပ်လျှက် အကျဉ်းသားဖြစ်တဲ့ကိုအောင်သူကို၊ ပြောပြခဲ့တယ်။ အဲဒီ ကိုအောင်သူက လည်း အန်ကယ့်နောက်ပိုင်းမှာ၊ ထောင်ကလွတ်လာပြီးတော့၊ ၁၉၇၀ခုနှစ်မှာ အန်ကယ်နဲ့ တွေ့ တယ်ပေါ့၊ နော်။ ကိုအောင်သူကို ဗိုလ်ကြီးမြင့်ထူး ပြောတဲ့အထဲမှာ၊ အန်ကယ့်ရဲ့ နာမည်လည်းပါတယ်။ ပါတဲ့အတွက်ကြောင့်မို့ လို့ ၊ ကိုအောင်သူက အပြင်ရောက်လာပြီး အန်ကယ်နဲ့ တွေ့ တဲ့အခါမှာ၊ သူယုံယုံကြည်ကြည်နဲ့ ၊ ဗိုလ်ကြီးမြင့်ထူး ပြောတာတွေ အကုန်လုံး ပြန်ပြောပြတယ်ပေါ့နော်။ အဲဒီတော့၊ ဒီအပိုင်းက အန်ကယ်ရဲ့  ဒီ “ သပြေတစ်ခက် ကြွေ ရက်ကယ်စော”ဆောင်းပါးထဲမှာ၊ ကျနော်တို့ အပြည့်အစုံ ဖတ်ရပါတယ်။ အဲဒီတော၊့ အန်ကယ်၊ ဗိုလ်ကြီးမြင့်ထူး ဆုံး သွားပြီ၊ ဒီ ရေကြည်အိုင်ထောင်ထဲမှာပဲ ဆုံးသွားပြီဆိုတာ၊ အန်ကယ် အခု ကျိန်းသေပေါက်သိသွားပြီ။ ဒီ ကိုအောင်သူ ရဲ့ ပြောပြချက်အရ။ ဆိုတဲ့အခါ ကျတော့၊ အန်ကယ် ထောက်ပြထားတာ၊ တစ်ချက်ရှိတယ်လေ၊ မြန်မာပြည်မှာ တစ်ခါ မှ မကြုံဖူး မကြားဖူးဘူး၊ မြန်မာလူမျိုးအချင်းချင်း၊ ဒီလိုမျိုး စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးတော့မှ၊ ဒီလိုမျိုး ကမ်းကုန် အောင်၊ ခုဏလိုမျိုး ရက်စက်တာပေါ့နော်။ အဲဒီဟာမျိုးကို ကြုံလိုက်ရတဲ့အခါမှာ၊ ဒီလိုမျိုး၊ ပုဂ္ဂလိက မကျေနပ်တာတို့ ၊ စိတ်ထိခိုက်ခံစားတာတို့ အပြင်၊ ဒီ နိုင်ငံရေးသဘောအရ၊ အန်ကယ် ဘယ်လိုမြင်လဲ။ အန်ကယ် ထောက်ပြထားတာ နောက်တစ်ခုက၊ ထောက်လှမ်းရေးတပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးတင်ဦးက၊ သူ့ ဘ၀တက်လမ်းအတွက်၊ ဒီနိုင်ငံ ရေးအကျဉ်းသားတွေကို၊ သူက ရင်းတာ။ အဲဒီတော့၊ ဒီနိုင်ငံရေးအကျဉ်းသားတွေဟာ၊ တကယ်ပဲဗိုလ်ချုပ်ကြီးနေ၀င်းနဲ့  တော်လှန်ရေးကောင်စီ အစိုးရကို၊ တစ်ခါတည်းကို ဒုက္ခပေးတော့မယ့် လူတွေသဘောမျိုးနဲ့ ၊ ဒီလူတွေကို ညှင်းဆဲပြပြီး တော့မှ၊ သူ့  ရာထူးတိုးတက်ရေးကို သူကလုပ်နေတယ်၊ သူ့ ရှေ့ မှာရှိနေတဲ့၊ ဗိုလ်မှူးကြီးချစ်ခင်တို့  ဗိုလ်မှူးကြီးမောင် လွင်တို့ ကို၊ ကျော်ပြီး သူတက်ချင်နေတယ်။ ဒီလိုမျိုး၊ အန်ကယ်ထောက်ပြထားတာ ရှိပါတယ်။ အဲဒီ အနေအထားနဲ့ ၊ ဒီနေ့ ခေတ်နိုင်ငံရေးအရ၊ အန်ကယ် သုံးသပ်ပေးပါခင်ဗျ။
ဦးခင်မောင်ညွှန့် ။ ။ဗိုလ်ကြီးမြင့်ထူးတို့ လိုပဲ၊ ဒီမိုကရေစီအရေး လူမှုလွတ်လပ်ရေးအခွင့်အရေး၊ အမျိုးသားရေးတွေ အတွက် တိုက်ပွဲဝင်ရင်းနဲ့ ၊ စစ်ထောက်လှမ်းရေးတို့ ရဲ့ ငရဲခန်းမှာ နော်၊ ရေတိမ်နစ်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အလုပ်သမား လယ်သမား လူမျိုးစု၊ အရေအတွက်ကလည်း ဗမာပြည်မှာ ဒုနဲ့ ဒေးရှိ နေပါတယ်၊ နော်။ မျက် မှန်တင်ဦးတို့ ခေတ်က အသုံးပြုခဲ့တဲ့ ရက်စက်၊ ယုတ်မာ၊ လူမဆန်အောင်ညှင်းပန်းနှိပ်စက်မှုမျိုးစုံရှိသလို၊ ဗိုလ်ခင်ညွှန့်  MI ခေတ်ကလည်း တစ်မျိုးတစ်ဖုံပေါ့ ဗျာ။ အခု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ရဲ့ ခေတ်မှာလည်း ပေါ့လေ။ ရက်စက်မှု နည်း ပေါင်းစုံတွေကတော့၊ သူ့ နည်းသူ့ ဟန်နဲ့ ရှိနေမှာဘဲ ခင်ဗျ။ အဲဒီတော့ စစ်ထောက်လှမ်းရေးတို့ ဒီလောက်ပေါ့ နော်။ တန်ခိုးအာဏာအရှိန်အ၀ါကြီးရတာလည်း၊ စစ်အာဏာရှင်စနစ်ကြောင့်ပဲလို့ ပြောနိုင်တယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံမှာ၊ စစ်တပ်ရဲ့ အစိတ်ပိုင်းတစ်ခုသာဖြစ်တဲ့၊ စစ်ထောက်လှမ်းရေးတို့ ရဲ့ အဓိကတာဝန်ဟာ၊ မြေပြင်မှာ၊ နော်။ တိုက်ခိုက်ရမယ့် ရန်သူရဲ့ နည်းပရိရာယ်၊ လူသူ လက်နက် ရိက္ခာ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ ဒါ၊ စစ်နဲ့ ပတ်သက် တာတွေ ထောက်လှမ်းရတယ်ခင်ဗျ၊ နော်။ ကျနော်တို့ နိုင်ငံမှာကတော့၊ စစ်အာဏာရှင်စနစ်ဆိုးကြီး သက်ဇိုးဝ်ရှည်ဖို့  အတွက်၊ ဗိုလ်ချုပ်ကြီးတွေက ထောက်လှမ်းရေးကို၊ အဓိကဒေါက်တိုင်အနေနဲ့ ဆက်လက်ပြီးတော့၊ သုံးစွဲနေပါတယ်။ အဲဒီတော့ အထူးသဖြင့်၊ ကျနော်ပြောချင်တာကတော့ နော်။ ကျနော်တို့ လူမျိုး၊ ကျနော်တို့ နိုင်ငံ အမြဲထာဝရလေးစား မြတ်နိုးတန်ဘိုးထားပြီးတော့၊ ကျနော်တို့ ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နော်၊ လက်ဆင့်ကမ်း ပေးခဲ့တဲ့ တရားမျှတရေး၊ အမျိုးသားစည်းလုံးညီညွှတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ ဒါတွေရဲ့ အဓိက တစ်မျိုးသားလုံးရဲ့ ရန်သူဟာ၊ စစ်အာဏာရှင်စနစ်ဖြစ်တယ် ဆိုတာ၊ ကျနော်တို့ သိရမယ်ခင်ဗျ။ ဒီဟာကို၊ တရားခံ စစ်စစ် စစ်အာဏာရှင်စနစ်ဆိုးကို၊ ကျနော်တို့  ရွှံရှာမုန်းတီး ဒေါမာန်ဟုန်ကြီးနေရုံနဲ့ တော့၊ ကျနော်တို့  မပြီးသေးဘူး။ ဒီ စစ်အာဏာရှင်စနစ်ကြီး၊ မြေမြှုပ်သဂြိုဟ်ပြီးစီးရေးအတွက်၊ ကျနော်တို့ ကျရာ အခန်းက၊ လုပ်ဆောင် တာဝန်ကျေမှ သာနော်၊ ဗိုလ်ကြီးမြင့်ထူးတို့ လို ပုဂ္ဂိုလ်မျိုးအပေါ်၊ တစ်ခြား ကျနော်တို့ နိုင်ငံအတွက်၊ စွန့် လွှတ်သွားတဲ့ ကျနော်တို့  အာဇာနည်တွေအပေါ်မှာပေါ့၊ နော်။ ကျနော်တို့ သစ္စာတရားဟာ၊ ထာဝရ လေးနက်တည်ကြည် တောက်ပြောင်နေ မယ်လို့ ပဲထင်ပါတယ်။
ဦးရော်နီညိမ်း။ ။ စစ်တက္ကသိုလ်ဗိုလ်သင်တန်းအပတ်စဉ်(၁)က ကျောင်းဆင်းခဲ့တဲ့၊ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်  ကိုယ်တိုင်ပြောပြတဲ့၊ သူ့ ရဲ့ အရင်နှီးဆုံး မိတ်ဆွေသူငယ်ချင်း၊ OTS ဗိုလ်သင်တန်းအပတ်စဉ်(၂၆)က၊ ဗိုလ်ကြီးမြင့်ထူး တစ်ယောက်၊ ရေကြည်အိုင်အကျဉ်းထောင်မှာ ကျဆုံးခဲ့ရတဲ့အကြောင်း၊ နောက်ဆုံးပိုင်းကို တင်ဆက်ခဲ့တာဖြစ်ပါတယ် ခင်ဗျား။ ဒီအကြောင်း၊ ဗိုလ်ကြီးခင်မောင်ညွှန့် ကိုယ်တိုင်ရေးသားထားတဲ့ “သပြေတစ်ခက် ကြွေရက်ကယ်စော” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးကိုတော့၊ အင်တာနက်ပေါ်က “စည်းလုံးခြင်းရဲ့ အင်အား” ဆိုတဲ့ ခေါင်းစဉ်နဲ့ websiteမှာ ဖတ်ရှုနိုင်ပါတယ်။ လိပ်စာကတော့ http://www.photayokeking.org ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်းပတ်၊ မေလ(၁၆)ရက် တနင်္ဂနွေနေ့ မနက်မှာတော့၊ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ်(၁၀)က တပ်ကြပ်ကြီးစာရေးဟောင်း ဦးမြင့်စိုး ပြောပြတဲ့၊ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ စက်ရုံမှာ၊ မြောက်ကိုးရီးယားနိုင်ငံသားတွေနဲ့ ၊ ဘာတွေ ထုတ်လုပ်ဖို့  ကြိုးစားနေကြတယ်ဆိုတဲ့ အကြောင်းတွေကို၊ တင်ဆက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။