ဦးမြင့်စိုး။ ။ ကျနော်က ကိုယ်ပိုင်နံပါတ် ၇၉၈၇၁၆၊ တပ်ကြပ်ကြီးစာရေး မြင့်စိုးပါ။ ၁၉၉၁ခုနှစ်မှာ၊ ကျနော် စလေမြို့ မှာရှိတဲ့ ကပစ(၉) (ကာကွယ်ရေးပစ္စည်းစက်ရုံ - အမှတ် ၉)မှာ ၀င်ရောက်ပြီးတော့မှ၊ အမှုထမ်းခဲ့တယ်။ သင်တန်းတက်တယ်။ အဲဒီတုန်းက၊ ကပစ(၉)က နှစ်ဌာနရှိတယ်။ ရှေ့တန်းရုံးဆိုပြီးတော့မှ၊ ကပစ(၁) ရန်ကုန်မှာဘဲ၊ အဲဒီ အင်း လျားလိပ်ဟော် တယ် ဘေးနားမှာဘဲ။ အဲဒီမှာ တစ်ခုဖွင့်တယ်။ အဲဒီမှာ ကျနော်က သင်တန်းဆင်းပြီးတော့၊ အဲဒီမှာ တာဝန်ထမ်းဆောင်နေရတယ်။ (၉)မီလီမီတာ ပစ္စတိုကျည်ဆံ ထုတ်တဲ့စက်ရုံမှာ၊ ကျနော် တာဝန်ကျပါတယ်။ အဲဒီ ကနေ၊ ကျနော် တစ်နှစ်လောက် ထုတ်လုပ်ရေးတာဝန် ကိုထမ်းဆောင်ပြီးတဲ့အခါကျတော့၊ ကျနော် တပ်ကြပ်ကြီး စာရေးသင်တန်း၊ ပြင်ဦးလွင် အနီး စခန်းမှာ၊ ကျနော် အပတ်စဉ် (၉၃) မှာ၊ ကျနော် တက်ရောက်ပါတယ်။ ၁၉၉၃ခုနှစ် (၈)လပိုင်းလောက်မှာ၊ ကျနော်ပြန်ပြီးတော့ သင်တန်းဆင်းလာပါတယ်။ တပ်ကြပ်ကြီးစာရေးနဲ့  ကျနော် ကပစ(၁၀)၊ စက်ရုံသစ်တည်ဆောက်မယ့် စီမံကိန်းကို၊ ကျနော် တာဝန်ကျခဲ့ပါတယ်။ အဲဒီမှာ စက်ရုံမှာ၊ တာဝန်ကျတော့ ကျနော် တို့ တပ်ကြပ်ကြီးစာရေး သုံးယောက်ရယ်၊ နောက်….
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ ကပစ(၁၀) စက်ရုံအသစ်က၊ ဘယ်မှာပါလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ကပစ(၁၀)က၊ အထက်မင်းလှမြို့ နယ်၊ ကုန်းကြီးကျေးရွာမြောက်ဖက်မှာ၊ တည်ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ဘယ်တိုင်းထဲကလဲ ခင်ဗျ။ အရပ်ဘက်တိုင်း ဘယ်တိုင်းထဲကလဲ။ စစ်တိုင်း၊ ဘယ်တိုင်းထဲ ကလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ အရပ်ဘက်တိုင်းကတော့ မကွေးတိုင်းထဲမှာပါ။ မကွေးတိုင်း အထက်မင်းလှမြို့ နယ်ထဲမှာပါ။ စစ်တိုင်း အနေနဲ့ ကတော၊့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်။
ဦးရော်နီညိမ်း။ ။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုတော့၊ ကျနော်တို့  မန္တလေးလက်အောက်ခံပေါ့။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့ မန္တလေး လက်အောက်ခံ။ အဲဒီမှာ၊ ကျနော်က ရုံးအုပ်။ ခေတ္တရုံးအုပ်နဲ့  ကျနော်တာဝန်ကျ ခဲ့ပါတယ်။ အဲဒီ ကပစ(၁၀)ရဲ့ အဓိကစီမံကိန်းက၊ Rocket ဒုံးကျည်များထုတ်ဖို့ ဆိုပြီး၊ ဖွဲ့ စည်းပေးလိုက်တာ။ ဗိုလ်မှူး ကြီး တစ်ယောက်ရယ်၊ ဗိုလ်မှူးတစ်ယောက်၊ နောက် ရေး/ထောက် အရာရှိတစ်ယောက်၊ ကျန်တဲ့ဟာတွေကတော့၊ စစ်သည်(၄၅)ယောက်နဲ့ ၊ ရုံးအဖွဲ့ ကတော့ (၇)ယောက်နဲ့ ၊ ကျနော်တို့  စတင်ဖွဲ့ စည်းခဲ့တယ်။ စတင် အကောင် အထည်ဖေါ်ဖို့  ဆိုပြီးတော့မှ၊ ပထမဦးဆုံး၊ မြေသိမ်းလုပ်ငန်းကို ကျနော်တို့ လုပ်တယ်။ အဲဒါ လုပ်တဲ့အချိန်မှာ၊ မြေသိမ်း လုပ်ငန်းအတွက်၊ ကျနော်တို့  ကပစ(၂)မှာ တွဲပြီးတော့မှ၊ အဲဒီ တောတိုးပြီးတော့မှ၊ မြေသိမ်းလုပ်ငန်းကို စတင်ဆောင် ရွက်ခဲ့တယ်။ ၁၉၉၃ခုနှစ်မှာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး။ ကပစ(၂)က၊ ဘယ်မှာရှိပါသလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ အထက်မင်းလှမြို့ နယ်၊ မလွန်ကျေးရွာမှာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီကပစ(၂)နဲ့  အတူတွဲပြီး၊ မြေသိမ်းလုပ်ငန်းတွေ လုပ်တယ်ဆိုတာက၊ ကျနော် တို့ ၊ ဒီကျေးရွာ ပြည်သူလူထုတွေ ပိုင်တဲ့မြေတွေကို၊ သိမ်းတာလား ခင်ဗျ။ လယ်မြေ၊ ယာမြေတွေကို။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကုန်ကြီးကျေးရွာက၊ ရွာသားတွေပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေတွေကို၊ ကျနော်တို့  က၊ ၀င်ရောက်သိမ်းဆည်းရတာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျနော်တို့ ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့် နဲ့ ၊ ကျနော် တို့  သိမ်းတယ်။ အဲဒီလို သိမ်းပြီးတဲ့အချိန်မှာ၊ ကျနော်တို့ ၊ ကျေးရွာက အဖွဲ့ အစည်းတွေကို၊ အတင်းအဓမ္မ လက်မှတ်ထိုး ခိုင်းတာတို့ ၊ ဘာတို့  ကျနော်တို့ လုပ်ရပါတယ်။ အဲဒါကတော့၊ အဆင့်ဆင့်ပေါ့လေ။ ဒီ ကာကွယ်ရေးဦးစီးချုပ်က နေ၊ သိမ်းခိုင်းတဲ့ အမိန့် ကြော်ငြာစာတွေကိုပြပြီးတော့မှ၊ ဒီ မ၀တ၊ ခ၀တ၊ တ၀တ အထိအောင်၊ ကျနော်တို့ က၊ သူတို့  ကို လက်မှတ်ထိုးခိုင်းတာတို့ ဘာတို့ ၊ ကျနော်တို့ လုပ်ပြီးတော့မှ၊ အဲဒီဟာကို၊ မြို့ နယ်အဆင့်ကနေ၊ တိုင်းအဆင့်၊ တိုင်းအဆင့် ကနေ၊ ပြည်ထဲရေးဝန်ကြီးဆီ ရောက်သည်ထိတိုင်အောင်၊ ကျနော်တို့ ၊ဆင့်ကဲ ဆင့်ကဲ တင်ပြီးတော့မှ၊ ပြည်ထဲရေးဝန်ကြီး ဌာနကနေ၊ ကျနော်တို့ ၊ အမိန့် စာတွေ ကျလာတယ်။ အဲဒီက။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ ကျေးရွာပေါင်း ဘယ်နှစ်ရွာက၊ မြေတွေကို သိမ်းပြီးတော့၊ ဧကပေါင်း အကြမ်းဖျဉ်း ဘယ်လောက်လောက်ရှိပါသလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့၊ ကျေးရွာက သုံးရွာရှိတယ်။ ကုန်းကြီးကျေးရွာရယ်၊ နောက်ပြီးတော့၊ မယ်ဇလီတော၊ ဒီဘက် က၊ သံပုရာကန်ကလည်း၊ သူက ၊ဒီ ရွာတော့ မဟုတ်ဘူးပေါ့ လေ။ ကျနော်တို့ က သံပုရာကန်စက်ရုံနဲ့ လည်းနီးတဲ့ အတွက်၊ သံပုရာကန်စက်ရုံထဲမှာ၊ တောင်သူလုပ်နေတဲ့ လူတွေလည်းရှိတယ်။ အဲဒီအထဲက၊ မြေကိုသိမ်းတဲ့အတွက် ကျေးရွာ သုံးရွာလို့ ၊ ပြောလို့ ရပါတယ်။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ သံပုရာကန်ဆိုတာ၊ ကျနော်တို့ ၊ ရေနံချက်စက်ရုံရှိတဲ့၊ ဧရာဝတီမြစ် တစ်ဘက်ကမ်း မှာရှိတဲ့၊ မင်းဘူး၊ မန်းရေနံမြေက သံပုရာကန် ရေနံချက်စက်ရုံ လား ခင်ဗျ။
ဦးမြင့်စိုး။ ။ အနောက်ဘက်ကမ်းမှာ။ ဟုတ်ကဲ့၊ ရေနံချက်စက်ရုံ။ ဟုတ်ကဲ့၊ အဲဒီမြေဧရိယာ ကိုသိမ်းစဉ်အခါတုန်း ကလည်း၊ ကျနော်တို့ က ဒီနေရာဟာ၊ undergroundနဲ့ လုပ်လို့ ရမယ့် မြေပြင်လက္ခဏာကို၊ ကျနော်တို့ ဆင်းပြီးတော့ မှ၊ ကျနော်တို့  ကိုယ်တိုင် မြေနေရာတွေ၊ သတ်မှတ်ပြီးတော့မှ ကျနော်တို့ ၊ အဲဒီမှာ ရွေးချယ်ပြီး၊ အဲဒီမှာ…ဟုတ်ကဲ့။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ ဆရာကြီး။ ကျနော်တစ်ခုလေး ဖြတ်ပြီး မေးပါရစေ။ အဲဒီတော့ ဆရာကြီးတို့  အဲဒီ နေရာကို သိမ်းတုန်းက၊ ဒီဒေသခံ ကျေးရွာလူထုတွေကို၊ မြေ အစား ပြန်ပေးတာတို့ ၊ သို့ မဟုတ်၊ လျော်ကြေးငွေ ပေး တာတို့ ၊ လုပ်ပေးခဲ့ပါသလား။
ဦးမြင့်စိုး။ ။မလုပ်ပေးခဲ့ဘူး၊ မလုပ်ပေးနိုင်ပါဘူးခင်ဗျ။ ဘာဖြစ်လို့ လဲ ဆိုတော့၊ ကျနော်တို့ ၊ လုပ်ပေးတယ်လို့  ပြောရရင်တော့၊ ဥပဒေအရ ပေးတာကတော့၊ အဲဒီတုန်းက၊ ကျနော်တို့ ၊ ၁၉၅၉ ခုနှစ် အက်ဥပဒေအရ၊ လန(၃၉) (လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ခြင်း ဥပဒေပုဒ်မ - ၃၉)နဲ့  ပတ်သက်တဲ့ မြေလျော်ကြေးသည်၊ (၁)ဧကကို၊ (၂)ကျပ်ပဲ ရှိပါတယ် ခင်ဗျ။ ဒါကလည်း၊ မြေအမျိုးစားပေါ်မူတည်ပြီးတော့မှ၊ (၂)ကျပ်နဲ့  (၁)ကျပ်ခွဲ၊ အဲဒီအဆင့်နဲ့ ပဲ၊ ကျနော်တို့  လျော်ပေးတဲ့ အချိန်ကျတော့၊ တောင်သူလယ်သမားတွေကလည်း၊ လက်မခံပေ မယ့် အာဏာရှင်ရဲ့ အောက်မှာ၊ ရောက်နေတဲ့အတွက်၊ သူတို့ တွေဟာ အားလုံးဟာ၊ သူတို့ လက်မှိုင်ချပြီးတော့မှ၊ အားလုံး လက်မှတ်ထိုးပေးရပါတယ်။ တစ်ခါတစ်လေကျတော့၊ ရွာသားတွေက၊ လာမထိုးဘူး။ လာမထိုးရင်၊ ကျနော်တို့  ကိုယ့်နည်းကိုယ့်ဟန်နဲ့ ၊ ရွာသား တွေရဲ့ နံမည်ကို၊ လက်မှတ်အတုထိုးပြီးတော့မှ၊ ကျနော်တို့  တိုင်း၊ တပ်မတွေ အကုန်လုံး၊ ကျနော်တို့  တင်ပြပြီးတော့ မှ ဆောင်ရွက်တာတွေ၊ ကျနော်တို့ ၊ အဲဒါတွေ လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ဗိုလ်မှူးချုပ်ခင်မောင်ဝင်းက၊ အဲဒီတုန်းက၊ ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေးရုံး၊ ညွှန်ကြားရေးမှူး။ သူက၊ အဲဒီက၊ သိမ်းတဲ့ တောင်သူလယ်သမား တွေရဲ့ နစ်နာကြေးဆိုပြီးတော့မှ၊ သူတို့ က၊ ဘာလုပ်ပေးလဲဆိုရင်၊ ကျနော်တို့ အထဲမှာ၊ ယာယီဝန်ထမ်း ဆိုပြီး ခန့် ပေး တာလေးရှိတယ်။ သူတို့ ရဲ့ သားသမီးတွေကို။ ဒါပေမယ့်၊ အမျိုးသား မပါဘူး။ အမျိုးသမီးပဲ ပါပါတယ်။ ဒီလုပ်ငန်းနဲ့  ပတ်သက်လို့ ၊ တပ်မှူးအနေနဲ့  ဗိုလ်မှူးကြီးထွန်း ၀င်းပေါ့။ အခုတော့၊ တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်မှာ၊ နည်း ပြချုပ်နဲ့ ၊ လက်ရှိတာဝန်ထမ်းဆောင်နေတယ်။ အဲဒါသူက Rocketနဲ့ ပတ်သက်ပြီးတော့၊ သုတေသနလုပ်ငန်းတွေ၊ နောက်ပြီးတော့၊ နိုင်ငံခြား ပြည်ပမှာ၊ ပညာသင်တွေလွှတ်ပြီးတော့မ၊ှ အဲဒီကနေ၊ စီမံချက်တွေ ထုတ်ပါတယ်။ အဲဒီ စီမံ ချက်စာအုပ်ကလည်း၊ ကျနော်တို့ ရုံးအဖွဲ့ ကဘဲ၊ အင်္ဂလိပ်လိုရော မြန်မာလိုပါ ရိုက်ပြီးတော့မှ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို၊ ၁၉၉၄ခုနှစ်မှာ တင်ပြတယ်။ အဲဒီစီမံကိန်းဟာ၊ မြေပြင်ကနေပြီး ဝေဟင်၊ မြေပြင်ကနေပြီး မြေပြင်ကိုလည်း ပစ်လို့ ရတယ်။ ဝေဟင်ကနေပြီး ဝေဟင်ကို ပစ်မယ်ဆိုပြီးတော့မှ၊ ဒုံကျည်းများထုတ်လုပ်ဖို့ ၊ စီမံကိန်းကို ရေးဆွဲ အကောင် အထည် ဖေါ်လိုက်တယ်။ ဒါပေမယ့်၊ အဲဒီလို စီမံချက်ရေးဆွဲနေတဲ့ အချိန် မှာဘဲ၊ စာအုပ်တော့ ပြီးသွားပြီပေါ့လေ။ ဒါပေမယ့် စက်ပိုင်းဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာပစ္စည်း အထောက်အကူပစ္စည်းက၊ ဘာတစ်ခုမှ မရောက်သေးဘူး။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ ဆရာကြီး ဟုတ်ကဲ့။ ဆရာကြီးတို့ ခုဏကပြောတဲ့၊ Rocket ဒုံးကျည် စီမံကိန်းဆိုတာ ဟာ၊ ပုခုံးထမ်းပစ်လို့ ရတဲ့၊ Rocket Launcher မဟုတ်ဘူး ပေါ့။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့၊ ဒုံးကျည် အကြီးစားတွေဘဲ ခင်ဗျ။ အဲဒီအချိန်အတောအတွင်းမှာ၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးက၊ ဒီစက်ရုံဆောက်မယ့်ပစ္စည်းတွေ အတွက်၊ ပထမ တောင်ကိုးရီးယား၊ ရုရှ၊ တရုတ် အဲဒီ သုံးနိုင်ငံကို ဆက်သွယ်တော့၊ ကျနော်တို့ လိုချင်တဲ့၊ Rocket အမျိုးအစားမျိုးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို မရဘူး။ အဲဒီ နိုင်ငံ သုံးနိုင်ငံက၊ မရတဲ့အတွက်၊ နောက်ပိုင်းကျတော့၊ ဘယ်ကနေ ဆက်သွယ်လာလဲဆိုတော့၊ မြောက်ကိုးရီး ယားနဲ့ ။ ကျနော်တို့ က၊ သူက၊ အဲဒီနိုင်ငံကိုက၊ ကျနော်တို့ က၊ အရံအနေနဲ့  ဆက်သွယ်ဖို့ တော့၊ ကာကွယ်ရေးဦးစီး ချုပ်က စဉ်းစားထားတာတော့ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက၊ မြောက်ကိုးရီးယားနဲ့  ဆက်သွယ်လို့ မရသေး ဘူး၊ အဲဒီအချိန်မှာ၊ အဲဒါနဲ့  တောင်ကိုးရီးယားရယ်၊ ကျနော်တို့  တရုတ်ရယ်၊ ရုရှရယ်၊ အစရှိတဲ့ နိုင်ငံတွေက၊ ရနိုင် သရွေ့  ဆက်စပ်ပစ္စည်းတွေကို ၀ယ်ပြီးတော့မှ၊ ကျနော်တို့ ၊ စက်ရုံတည်ဆောက်လာတယ်။ အဲဒါဆောက်တာ၊ ၁၉၉၄/ ၉၅ နှောင်းပိုင်းကနေ၊ စပြီးတော့မှ၊ စက်ရုံတွေ ကြီးကြီးမားမားတွေ၊ ဆောက်လာတယ်။ အဲဒီ၊ ကျနော်တို့  သိမ်းထားတဲ့ မြေဧရိယာထဲမှာ။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ အဲဒီတော့ ခုဏတုန်းက၊ ဒီ ရုရှတို့  တရုတ်တို့  တောင်ကိုးရီးယားတို့ ကနေပြီးတော့ မှ၊ ဒီဒုံးကျည်ထုတ်လုပ်ရေးဆက်စပ်ပစ္စည်းတွေကို၊ မှာယူလို့ မရတဲ့အတွက်ကြောင့်မို့ လို့ ၊ မြောက်ကိုးရီးယားကမှာဘို့  ဖြစ်လာတဲ့အကြောင်းလေးကို ဆက်ပြောပေးပါဦး ခင်ဗျ။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့၊ အဲဒီလို မြောက်ကိုးရီးယားနဲ့ ဆက်ဆံမှ ရတော့မယ်ဆိုတဲ့၊ အကြောင်းအရင်းကို၊ ဗိုလ်ချုပ် မှူးကြီးသန်းရွှေနဲ့ ၊ သူတို့ ရဲ့ ဒီအထက်ပိုင်းအရာရှိကြီးတွေက သုံးသပ်လိုက်တဲ့အချိန်ကျတော့၊ သူတို့ ၊ ဒီစင်္ကာပူကနေ မှတဆင့်၊ ဒီ စင်္ကာပူ ၊တရုတ်တွေက တဆင၊့် ကြားခံပွဲစားတွေနဲ့ ၊ ကျနော်တို့ ၊ မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့၊ မြောက်ကိုးရီးယားကနေ အဲဒီလုပ်ငန်းတွေနဲ့  ပတ်သက်ပြီးတော့၊ လုပ်နိုင်ကိုင်နိုင်တဲ့ပညာရှင်တွေကို၊ သူတို့ ခေါ်ယူ ဆွေးနွေးပြီးတော့၊ ကျနော်တို့  မြန်မာပြည်ထဲကို၊ သူတို့ ၊ Passport , visa မလုပ်ဘဲနဲ့ ၊ တရုတ်ပြည်ကနေ အောက် လမ်းကနေမှ တဆင့်၊ ကျနော်တို့ ၊ မြန်မာနိုင်ငံထဲကို၊ ခိုးသွင်းလာတာတွေ ဖြစ်လာတယ်။ အဲဒါ၊ ကျနော်တို့  ၁၉၉၅ လောက်ကနေ စပြီးတော့၊ သွင်းလာတာ။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ ဆရာကြီးပြောတဲ့ အထဲမှ၊ ဒီ ပွဲစားကုမ္ပဏီက၊ စင်္ကာပူနိုင်ငံက ကုမ္ပဏီလား။ စင်္ကာပူနိုင်ငံမှာ လာဖွင့်တဲ့၊ တရုတ်နိုင်ငံက ကုမ္ပဏီတွေလား။ ဘယ်လိုပါ လဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ကျနော်တို့  မြန်မာနိုင်ငံက စိုးမင်းထိုက် ကုမ္ပဏီက၊ စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေနဲ့ ဆက်သွယ် ပြီးတော့၊ သူတို့ က၊ ဒီ တရုတ်ကနေမှတဆင့်၊ မြောက်ကိုးရီးယား ကို စေလွှတ်ပြီးတော့မ၊ှ သွင်းတာပါ။ ကျနော်သိ သလောက်ကတော့၊ မြန်မာပြည်က ကိုယ်စားလှယ်ကတော့၊ စိုးမင်းထိုက်တို့  ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ စိုးမင်းထိုက် ကုမ္ပဏီက၊ ပုဂ္ဂလိက ကုမ္ပဏီပေါ့ ။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့၊ ပုဂ္ဂလိက ကုမ္ပဏီပါ။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ ပုဂ္ဂလိက ကုမ္ပဏီက၊ ကျနော်တို့  ဒီ၊ တပ်မတော်နဲ့  ဘယ်လိုဆက်စပ်မှုရှိလို့ လဲ ခင်ဗျ။ သူတို့ ၊ တပ်မတော်နဲ့ တွဲပြီးတော့မှ၊ အရင်က စီပွားရေး လုပ်ငန်းတွေ ဘာတွေ၊ ရှိလို့ ပါလဲ။ သို့ မဟုတ်၊ ဒီ တပ်မတော်က၊ ဆွေမျိုးသားချင်း သားသမီးတွေရဲ့ ကုမ္ပဏီတွေလား၊ ဘယ်လိုပါလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့၊ စိုးမင်းထိုက်ကိုတော့၊ ကျနော်က မြင်ဖူးတာ၊ ကျနော်တို့  ကာကွယ်ရေးပစ္စည်းစက်ရုံ အားလုံးနဲ့ ပတ်သက်လို့ ရှိရင်၊ ဦးစိုးမင်းထိုက်က၊ ဒီကျနော်တို့  ကာ ကွယ်ရေးပစ္စည်းစက်ရုံအတွက်၊ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို၊ သူကနေ၊ အားလုံး သွင်းပါတယ်။ ကျနော်တို့  ကပစ အားလုံးကို။ ကပစ က ကျနော်တို့  မလွန် ကပစ၊ နောက် ပြီးတော့ ဆင်တဲ၊ ထုံးဖို၊ ညောက်ခြေထောက်၊ တိုက်ကြီး အစရှိတဲ့ စက်ရုံတွေမှာလိုအပ်တဲ့ Essential (မရှိမဖြစ်လိုအပ်တဲ့)ပစ္စည်းတွေနဲ့  ပတ်သက်လို့ ရှိရင်၊ စိုးမင်းထိုက်ရဲ့ ကုမ္ပဏီ က၊ တဆင့်ခံပြီး၊ ကျနော်တို့  စက်ရုံတွေကို သွင်းပါတယ်။ ကျနော်သိသလောက်ကတော့၊ သူတို့  ပြောပြချက်အရ၊ လူကြီးတွေပြောပြချက်အရ၊ ကျနော်တို့  မြန်မာနိုင်ငံအနေနဲ့ ၊ တခြား နိုင်ငံတွေကနေ၊ ဒီလို လက်နက်သုံးပစ္စည်းကိရိယာတွေထုတ်လုပ်တဲ့ ကုန် ကြမ်းတွေကို၊ တိုက်ရိုက် ၀ယ်ယူလို့ မရတဲ့အတွက်၊ အဲဒီလို စိုးမင်းထိုက် ကုမ္ပဏီကနေပြီး၊ ၀ယ်ယူတယ် ဆိုတာ၊ ကျနော်တို့  သိရပါတယ်။ စိုးမင်းထိုက်က၊ ကျနော်တို့ စက်ရုံတွေမှာ၊ အားလုံးရဲ့  စက်ရုံးအားလုံးအပေါ်မှာ၊ သူ သြဇာသက်ရောက်တာကိုလည်း၊ ကျနော်တို့  သိရတယ်။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ အဲဒီတော့ ပြောပါဦးခင်ဗျ၊ ကျနော်တို့ ၊ မြောက်ကိုးရီးယားတွေကို၊ တရုတ်ကနေ ဖြတ်ပြီး အောက်လမ်းကနေ သွင်းလာတာ၊ ဒါ၊ တရုတ်ပြည်က မသိဘူးဆိုတဲ့ သဘောလား။ တရုတ်ပြည်က၊ သိသိနဲ့ ပဲ သွားတာလား။ ဘယ်လိုလဲ။ အဲဒါ၊ ဆရာကြီး ဘယ်လို သိထားလဲ။
ဦးမြင့်စိုး။ ။ တရုတ်အစိုးရက၊ မသိလောက်ဘူး ခင်ဗျ။ ဘာဖြစ်လို့ လဲဆိုလို့ ရှိရင်၊ ဒီ ကျနော်တို့ နိုင်ငံကိုလာလုပ် နေတဲ့၊ တရုတ်တွေဘဲဖြစ်ဖြစ်၊ တောင်ကိုးရီးယားဘဲဖြစ်ဖြစ်၊ ရုရှဘဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားတွေ လာလို့ ရှိရင်၊ အဲဒီ က စက်ရုံမှာရှိနေတဲ့၊ နိုင်ငံခြားသား တရုတ်၊ ရုရှ၊ နောက်ပြီးတော့၊ တောင်ကိုးရီးယားစတဲ့ နိုင်ငံသားတွေအားလုံးကို၊ တခြားစက်ရုံကို ပို့ ပစ်လိုက်တယ်။ မြောက်ကိုးရီးယားတွေကိုပဲ၊ ကျနော်တို့  အဲဒီမှာထားတယ်။ သူတို့  လာပြီးတော့မှ လုပ်ငန်းဆောင်တာတွေကို၊ လုပ်ဆောင်ပေးနေတာလည်း၊ ကျနော်တို့  သိရတယ်။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ ဆရာကြီး။ အဲဒါဆိုရင်၊ နဂိုတုန်းက ကပစ(၁၀)မှာရှိနေတဲ့၊ တခြားနိုင်ငံခြားသား၊ ဒီ ရုရှတို့  တောင်ကိုးရီးယားတို့  တရုတ်တို့ ကို၊ မြောက်ကိုးရီးယား တွေ ရောက်လာတာ၊ သူတို့ ကို အသိမခံဘူးပေါ့။ အဲဒါ လေးကို ပြန်ပြီးတော့၊ ရှင်းပြပေးပါဦး ခင်ဗျ။
ဦးမြင့်စိုး။ ။ ကျနော်တို့ ၊ မြောက်ကိုးရီးယားနိုင်ငံသားတွေ ရောက်လာတော့မယ်/ ကျနော်တို့ ၊ ဒီ တရုတ်ပြည်နယ် စပ်၊ မူဆယ်ဘက်ကနေ လှမ်းပြီးတော့၊ ဆက်သွယ်တဲ့အချိန် မှာ၊ အဲဒီမှာ၊ စက်ရုံမှာရှိတဲ့ နိုင်ငံခြားသားတွေ အားလုံးကို၊ ကပစ(၃)(ဆင်တဲ)သော်လည်းကောင်း၊ ကပစ(၅)(ဆင်တဲ)သော်လည်းကောင်း၊ နောက် သရက်မြို့ ကိုသော်လည်း ကောင်း၊ အဲဒါမျိုး ပြောင်းရွေ့ ပေးပါဆိုပြီးတော့၊ ညွှန်ကြားလိုက်တယ်။ အဲလိုညွှန်ကြားတာနဲ့ ၊ ကျနော်တို့ က၊ ကျနော် တို့ ၊ ဒီ ကပစ(၁၀)မှာရှိနေတဲ့ ဒီ တာဝန်ခံတွေ အားလုံးက၊ အဲဒီ နိုင်ငံခြား သားတွေကို၊ အဲဒီ စက်ရုံအသီးသီးကို လှမ်း ပြီး ပို့ ထားပါတယ်။ အဲဒီလို၊ ပို့ ထားပေးရပါတယ်။
ဦးရော်နီညိမ်း။ ။ တပ်မတော်(ကြည်း) ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၉)၊ အမှတ်(၁၀)နဲ့  အမှတ်(၁၂) တို့ မှာ၊ တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီးစာရေးဟောင်း ဦးမြင့်စိုးရဲ့ ပြောစကား ပထမပိုင်းကို၊ တင်ဆက်ပေးခဲ့ တာပါ ခင်ဗျာ။ ဒုံးကျည်ပစ်စင်ကြီးတွေနဲ့ ပစ်လွှတ်ရတဲ့၊ ဒုံးကျည်တည်ဆောက်ရာမှာ၊ အရေးအကြီးဆုံး ဒုံးကျည်ရဲ့ အမြီးပိုင်းမှာ၊ မြောက် ကိုးရီးယားတွေနဲ့ တည်ဆောက်နေတာ၊ အခုထိ မအောင်မြင်သေးပုံ၊ ပြည်သူလူထုရဲ့ လယ်မြေ ယာမြေတွေကို သိမ်းယူပြီး၊ မြန်မာနိုင်ငံထဲမှာ၊ မိုင်(၁၀၀)စက်ပစ်ကွင်းကြီး တည် ဆောက်ပြီးတော့၊ နိုင်ငံခြားက စစ် လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီက၊ သူတို့ ရဲ့  စစ်လက်နက်ကြီးတွေ၊ လာရောက်ပစ်ခတ်စမ်းသပ်ပုံ၊ စတဲ့ တပ်ကြပ်ကြီး စာရေးဟောင်း ဦးမြင့်စိုးရဲ့ ပြောစကားတွေကို၊ နောက်တစ်ပတ်၊ မေလ(၂၃)ရက်၊ တနင်္ဂနွေနေ့  မနက်၊ “တပ်မှူးတပ် သား ပြောစကား”ကဏ္ဍမှာ၊ ဆက်ပြီးတော့ တင်ဆက်ထုတ်လွှင့်သွားမယ်ဆိုတာ၊ အသိပေး အပ်ပါတယ်။ ကျနော် ရော်နီညိမ်းပါ။