သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆိုမာလီမွာ အစိုးရနဲ႔ တိုက္ပဲြအတြင္း အနည္းဆုံး လူ ၂၀ ေသဆုံး


ဆုိမာလီႏုိင္ငံ မုိဂါဒစ္႐ွဴးၿမိဳ႕မွာ အေသခံကားဗုံးခြဲမႈ တခုျဖစ္အၿပီး စစ္ေဆးေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ဆိုမာလီယာႏိုင္ငံ အလယ္ပိုင္း ၿမိဳ႕တၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ေရး အစိုးရတပ္ဖြဲ႔ေတြနဲ႔ သေဘာထား မျပင္းထန္တဲ့ အစၥလာမၼစ္ အဖြဲ႔တခုၾကား စေနေန႔က တိုက္ပြဲျဖစ္တာမွာ အနည္းဆံုး လူ ၂၀ ေသဆံုးၿပီး ၄၀ ေက်ာ္ ဒဏ္ရာရရွိေၾကာင္း မ်က္ျမင္ေတြ႔သူေတြနဲ႔ ေဒသဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။

ၿမိဳ႕ေတာ္ မိုဂါဒစ္႐ွဴးရဲ႕ ေျမာက္ဘက္ ကီလိုမီတာ ၄၀၀ ေလာက္အကြာက Guri-El ၿမိဳ႕ျပင္မွာ အင္အားစုထားတဲ့ အစိုးရတပ္ဖြဲ႔ေတြက စေနေန႔ အ႐ုဏ္တက္ခ်ိန္မွာ Ahlu Sunna Wal Jama’a ASWJ သူပုန္ေတြ ထိန္းခ်ဳပ္ရာ စခန္းေတြကို တိုက္ခိုက္ခဲ့တာပါ။

လမ္းမေတြေပၚက အျပင္းအထန္ တိုက္ပြဲေတြအတြင္း ႏွစ္ဖက္စလံုးက လက္နက္ႀကီးေတြ၊ ေမာ္တာေတြ၊ စက္ေသနတ္ေတြ၊ ကားေပၚမွာတပ္ထားတဲ့ ေလယာဥ္ပစ္ ေသနတ္ႀကီးေတြ သံုးခဲ့ၾကတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ႏွစ္ဖက္စလံုးမွာ အက်အဆံုးရွိေၾကာင္း အမည္မေဖာ္တဲ့ စစ္တပ္တာဝန္ရွိသူေတြက ဗြီအိုေအကို ေျပာပါတယ္။

အေမရိကန္က ေလ့က်င့္ေပးထားတဲ့ ဆိုမာလီအထူးတပ္ဖဲြ႔ Danab ရဲ႕ ေဒသဆိုင္ရာ တပ္မွဴး Abdiladif Feyfle လည္း က်ဆံုးခဲ့ေၾကာင္း ဆိုမာလီ အမ်ိဳးသားလံုၿခံဳေရး ဌာနက အႀကီးတန္း တာဝန္ရွိသူ ဗိုလ္မွဴးႀကီး Abdirisaq Mohamud Yusuf က ဗြီအိုေအကို ေျပာပါတယ္။

တိုက္ပြဲေတြအတြင္း စစ္သား ၃ ဦး ေသဆံုးၿပီး ၁၀ ဦးေက်ာ္ ဒဏ္ရာရေၾကာင္း ျပည္နယ္ ျပန္ၾကားေရးဝန္ႀကီးက ဗြီအိုေအ ဆိုမာလီဌာနကို ေျပာပါတယ္။ Ahlu Sunna Wal Jama’a ျပည္သူ႔စစ္ေတြလည္း ေသဆံုးသူမ်ားေၾကာင္း၊ အေရအတြက္ အတိအက်ကိုေတာ့ မေျပာႏိုင္ေၾကာင္းလည္း သူက ေျပာပါတယ္။ ၿမိဳ႕ကိုေတာ့ အစိုးရ တပ္ဖြဲ႔ေတြက လံုးဝ ထိန္းခ်ဳပ္ထားၿပီးျဖစ္ေၾကာင္း သူက ေျပာပါတယ္။ ျပည္သူ႔စစ္ေတြကို ၿမိဳ႕ထဲကေန တိုက္ထုတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ျပည္သူ႔စစ္ေတြက ၿမိဳ႕ျပင္ကေန ပစ္ခတ္ေနေၾကာင္းလည္း သူက ေျပာပါတယ္။

ဒါေပမယ့္လည္း လံုၿခံဳေရး စိုးရိမ္ခ်က္ေၾကာင့္ နာမည္မေဖာ္လိုတဲ့ မ်က္ျမင္ေတြ႔သူေတြကေတာ့ ႏွစ္ဖက္စလံုး ၿမိဳ႕ကို အျပည့္အဝ မထိန္းခ်ဳပ္ႏိုင္ေသးေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။ ASWJ အဖြဲ႔ တာဝန္ရွိသူေတြကို ဗြီအိုေအက တယ္လီဖုန္း ဆက္သြယ္ေပမယ့္လည္း ေျဖၾကားျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဆိုမာလီမှာ အစိုးရနဲ့ တိုက်ပွဲအတွင်း အနည်းဆုံး လူ ၂၀ သေဆုံး

ဆိုမာလီယာနိုင်ငံ အလယ်ပိုင်း မြို့တမြို့ကို ထိန်းချုပ်နိုင်ရေး အစိုးရတပ်ဖွဲ့တွေနဲ့ သဘောထား မပြင်းထန်တဲ့ အစ္စလာမ္မစ် အဖွဲ့တခုကြား စနေနေ့က တိုက်ပွဲဖြစ်တာမှာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း မျက်မြင်တွေ့သူတွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့တော် မိုဂါဒစ်ရှူးရဲ့ မြောက်ဘက် ကီလိုမီတာ ၄၀၀ လောက်အကွာက Guri-El မြို့ပြင်မှာ အင်အားစုထားတဲ့ အစိုးရတပ်ဖွဲ့တွေက စနေနေ့ အရုဏ်တက်ချိန်မှာ Ahlu Sunna Wal Jama’a ASWJ သူပုန်တွေ ထိန်းချုပ်ရာ စခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။

လမ်းမတွေပေါ်က အပြင်းအထန် တိုက်ပွဲတွေအတွင်း နှစ်ဖက်စလုံးက လက်နက်ကြီးတွေ၊ မော်တာတွေ၊ စက်သေနတ်တွေ၊ ကားပေါ်မှာတပ်ထားတဲ့ လေယာဉ်ပစ် သေနတ်ကြီးတွေ သုံးခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ နှစ်ဖက်စလုံးမှာ အကျအဆုံးရှိကြောင်း အမည်မဖော်တဲ့ စစ်တပ်တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်က လေ့ကျင့်ပေးထားတဲ့ ဆိုမာလီအထူးတပ်ဖွဲ့ Danab ရဲ့ ဒေသဆိုင်ရာ တပ်မှူး Abdiladif Feyfle လည်း ကျဆုံးခဲ့ကြောင်း ဆိုမာလီ အမျိုးသားလုံခြုံရေး ဌာနက အကြီးတန်း တာဝန်ရှိသူ ဗိုလ်မှူးကြီး Abdirisaq Mohamud Yusuf က ဗွီအိုအေကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရကြောင်း ပြည်နယ် ပြန်ကြားရေးဝန်ကြီးက ဗွီအိုအေ ဆိုမာလီဌာနကို ပြောပါတယ်။ Ahlu Sunna Wal Jama’a ပြည်သူ့စစ်တွေလည်း သေဆုံးသူများကြောင်း၊ အရေအတွက် အတိအကျကိုတော့ မပြောနိုင်ကြောင်းလည်း သူက ပြောပါတယ်။ မြို့ကိုတော့ အစိုးရ တပ်ဖွဲ့တွေက လုံးဝ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သူက ပြောပါတယ်။ ပြည်သူ့စစ်တွေကို မြို့ထဲကနေ တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ပြည်သူ့စစ်တွေက မြို့ပြင်ကနေ ပစ်ခတ်နေကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမယ့်လည်း လုံခြုံရေး စိုးရိမ်ချက်ကြောင့် နာမည်မဖော်လိုတဲ့ မျက်မြင်တွေ့သူတွေကတော့ နှစ်ဖက်စလုံး မြို့ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးကြောင်း ဗွီအိုအေကို ပြောပါတယ်။ ASWJ အဖွဲ့ တာဝန်ရှိသူတွေကို ဗွီအိုအေက တယ်လီဖုန်း ဆက်သွယ်ပေမယ့်လည်း ဖြေကြားခြင်း မရှိပါဘူး။

XS
SM
MD
LG